Mi 8 Pro နဲ့ Mi 8 Lite ကိုပွဲထုတ်ပြသလိုက်တဲ့ Xiaomi

0
1424





unicode

Xiaomi အနေနဲ့ ဒီနေ့မှာတော့ Mi 8 family လို့ဆိုနိုင်တဲ့ Mi 8 Pro ဖုန်းနဲ့ Mi 8 Lite ဖုန်းတွေကို ပွဲထုတ်ပြသလိုက်ပါပြီ။ Mi 8 Pro ဖုန်းဟာ higher-end device ဖြစ်ပြီး သူ့မှာ pressure-sensitive screen fingerprint scanner ပါဝင်လာမှာ ဖြစ်ပါတယ်။ Xiaomi Mi 8 Pro ဖုန်းကိုတော့  6GB နဲ့ 8GB  RAM နဲ့ဖြစ်ပြီး မျက်နှာပြင်ပိုင်းအတွက်  6.21-inch 1080x2248px OLED display သုံးထားပါတယ်။

ပရိုဆက်ဆာပိုင်းအတွက် ဒီဖုန်းမှာSnapdragon 845 chipset ကိုသုံးထားတာကြောင့် သွက်လက်မြန်ဆန်တဲ့ စွမ်းဆောင်ရည်ပိုင်းကို ရရှိစေမှာပါ။ အဓိက ကင်မရာအနေနဲ့ နောက်ကျောဘက်မှာ 12MP f/1.8 + 12MP f/2.4 ကို Dual တပ်ဆင်ထားပြီး အရှေ့ဘက်မှာတော့ 20MP ကိုတပ်ဆင်ထားပါတယ်။

Xiaomi Mi 8 Lite မှာတော့  6.26-inch LCD နဲ့ဖြစ်ပြီး Snapdragon 660 chipset ကိုသုံးထားပါတယ်။ ကင်မရာပိုင်းအတွက်  12MP + 5MP ကိုနောက်ကျောဘက်မှာ တပ်ဆင်ထားပြီး၊ အရှေ့ဘက်မှာ  24MP selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီစွမ်းအားကတော့ 3,350mAh နဲ့ဖြစ်ပါတယ်။ Mi 8 Pro နဲ့ Mi 8 Lite စမတ်ဖုန်းတွေရဲ့ နောက်ကျောဘက်မှာ fingerprint scanner ကိုတပ်ဆင်ထားပြီး အရောင်ပိုင်းမှာတော့ အရောင်ပြေးကာလာ ၂ခုပါဝင်လာပါတယ်။

Xiaomi ရဲ့ဖုန်းသစ်တွေကိုတော့ ဒီနေ့ကစတင်ပြီး  pre-sale ရောင်းချမှာ ဖြစ်ကာ Mi 8 Pro ကိုတော့  6GB/128GB model ကို 1,400 ယွမ် (€175)၊ 8GB/128GB မော်ဒယ်ကို ယွမ် 3,600 (€450) နဲ့ဖြစ်ပါတယ်။ စက်တင်လာ ၂၁ရက်နေ့မှာ စတင်ရောင်းချမှာပါ။ Xiaomi Mi 8 Lite ကိုတော့ 4GB/64GB model ကို ယွမ် 1,400 (€175) ၊ 6GB/64GB ကို ယွမ် 1,700 (€210) နဲ့ 6GB/128GB  ကို ယွမ် 2,000 (€250) နဲ့ စက်တင်ဘာ ၂၅ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply