Samsung က Galaxy A စီးရီးကို စွမ်းရည်ထပ်မြှင့်

0
192

Zawgyi version




Unicode version

Samsung ကတော့ စီးပွားရေးဈေးကွက်ကို တစ်မျိုးပြီး တစ်မျိုး ချုပ်ကိုင်ထားနိုင်ပါတယ်။ ခုလဲ Galaxy A ကိုပရီမီယန်ဆန်ပြီး ဆန်းသစ်တဲ့ နည်းပညာနဲ့ ထွက်ရှိမှာပဲဖြစ်ပါတယ်။ mid-range စီးရီးဖြစ်တဲ့ Galaxy A က
high-end features တွေပါဝင်မှာဖြစ်ပါတယ်။
Samsung Galaxy A9 Star Pro မှာလဲ ကင်မရာကို နောက်ကျောဘက်မှာ ၄ လုံးထည့်သွင်းပေးမှာပါ။ သူကတော့ Qualcomm Snapdragon 845 chipset ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် နည်းပညာကတော့ မြင့်ပြီးသားပဲဖြစ်ပါတယ်။ processor ကလဲ မြင့်တဲ့အတွက် လုပ်ဆောင်ချက် တွေကလဲ မြင့်လာမှာဖြစ်ပါတယ်။
Samsung က Galaxy A နဲ့ Galaxy J စီးရီးကိုထုတ်လုပ်ထားတာဖြစ်ပြီး Galaxy J စီးရီးတွေကိုတော့ ထပ်ပြီး ထုတ်လုပ်ဖြစ်မှာ မဟုတ်လောက်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့စီးရီး ၂ ခုက ဈေးသင့်တင့်တာရော၊ စွမ်းဆောင်ရည်နိမ့်တာရော၊ တန်ဖိုးသင့်စမတ်ဖုန်း ဖြစ်တာရော တူတာကြောင့်မို့ သူတို့ ၂ ခုကို ပေါင်းမယ်လို့လဲ ပြောကြပါတယ်။

Leave a Reply