အလုံးေရ ၁သန္း အထိေရာင္းခ်ႏုိင္ၿပီ ျဖစ္တဲ့ Realme စမတ္ဖုန္းမ်ား

0
523

OPPO ရဲ႕ sub-brand လို႔ဆိုႏုိင္တဲ့ Realme  ဖုန္းေတြဟာ လက္ရွိအခိ်န္မွာ အလုံးေရ ၁သန္းနီးပါး ေရာင္းခ်ႏုိင္ခဲ့ၿပီလို႔ သိရပါတယ္။ လူငယ္ေတြအတြက္ ရည္ရြယ္ထုတ္လုပ္တဲ့ Realme ဖုန္းေတြကိုေတာ့ ယခုႏွစ္ ေမလက စတင္ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့  Realme 1 နဲ႔  Realme 2 ဖုန္းေတြကို ေစ်းကြက္အတြင္း ျဖန္႔ခ်ိထားၿပီး Realme 2 ဖုန္းဟာ စတင္ေရာင္းခ်ခ်ိန္မွာ အလုံးေရေပါင္း  200,000  အထိရိွခဲ့ပါတယ္။ အေရာင္းပိုင္းဆိုင္ရာအတြက္ ၁သန္းကိုေတာ့ Realme 1 နဲ႔ 2 ၂ခုေပါင္း ေရာင္းခ်ႏိုင္မႈ ျဖစ္ပါတယ္။

Oppo အေနနဲ႔ Realme 1 ကို ေၾကညာအၿပီး သံုးလအၾကာမွာ  Realme 2 ကိုမိတ္ဆက္ထားတာ ျဖစ္ပါတယ္။ Realme 2 မွာ ၆.၂ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားပါတယ္။ ပထမမ်ိဳးဆက္ထက္ ၂၄ ရာခုိင္ႏႈန္း ပိုမိုႀကီးမားတဲ့ 4230mAh Battery ထည့္သြင္းထားပါတယ္။

ကင္မရာပိုင္းအတြက္ 13MP f/2.2 + 2MP f/2.4 Dual Camera မ်ားကို အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။ Portrait Photo မ်ားကို ရိုက္ကူးေပးႏုိင္ပါတယ္။ အေရွ႕ဘက္မွာ 8MP f/2.2 Camera ကို ထည့္သြင္းထားပါတယ္။ Face Unlock ကိုလည္း သံုးႏုိင္ပါတယ္။

ပထမမ်ိဳးဆက္မွာမပါတဲ့ Fingerprint Sensor ကို Realme 2 မွာ ထည့္သြင္းေပးထားပါတယ္။ Realme 2 မွာ Qualcomm Snapdragon 450 Chipset ထည့္သြင္းထားပါတယ္။ 3GB or 4GB RAM နဲ႔ 32GB or 64GB Storage မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ Android 8.1 အေျချပဳ ColorOS Version 5.1 ထည့္သြင္းထားပါတယ္။

Realme အေနနဲ႔ ေနာက္ထပ္မိ်ဳးဆက္သစ္ စမတ္ဖုန္းကို မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ ကုမၸဏီရဲ႕ press invites မွာ ရက္စြဲ၂ခုေရးထားၿပီး စက္တင္ဘာ ၂၆ ၊ ၂၇ ျဖစ္ပါတယ္။ လက္ရွိၾကားေနရတဲ့ သတင္းအရေတာ့ Realme 2 Pro ကိုမိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ Realme 2 Pro မွာေတာ့ 2 ထက္ပိုေကာင္းတဲ့ ပရိုဆက္ဆာ သုံးလာႏုိင္ပါတယ္။ Realme 2 ကိုစက္တင္ဘာ ၁၂ရက္ေန႔က စတင္ေရာင္းခ်ထားပါတယ္။

unicode

OPPO ရဲ့ sub-brand လို့ဆိုနိုင်တဲ့ Realme  ဖုန်းတွေဟာ လက်ရှိအချိန်မှာ အလုံးရေ ၁သန်းနီးပါး ရောင်းချနိုင်ခဲ့ပြီလို့ သိရပါတယ်။ လူငယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်တဲ့ Realme ဖုန်းတွေကိုတော့ ယခုနှစ် မေလက စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့  Realme 1 နဲ့  Realme 2 ဖုန်းတွေကို ဈေးကွက်အတွင်း ဖြန့်ချိထားပြီး Realme 2 ဖုန်းဟာ စတင်ရောင်းချချိန်မှာ အလုံးရေပေါင်း  200,000  အထိရှိခဲ့ပါတယ်။ အရောင်းပိုင်းဆိုင်ရာအတွက် ၁သန်းကိုတော့ Realme 1 နဲ့ 2 ၂ခုပေါင်း ရောင်းချနိုင်မှု ဖြစ်ပါတယ်။

Oppo အနေနဲ့ Realme 1 ကို ကြေညာအပြီး သုံးလအကြာမှာ  Realme 2 ကိုမိတ်ဆက်ထားတာ ဖြစ်ပါတယ်။ Realme 2 မှာ ၆.၂ လက်မ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ ပထမမျိုးဆက်ထက် ၂၄ ရာခိုင်နှုန်း ပိုမိုကြီးမားတဲ့ 4230mAh Battery ထည့်သွင်းထားပါတယ်။

ကင်မရာပိုင်းအတွက် 13MP f/2.2 + 2MP f/2.4 Dual Camera များကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ Portrait Photo များကို ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 8MP f/2.2 Camera ကို ထည့်သွင်းထားပါတယ်။ Face Unlock ကိုလည်း သုံးနိုင်ပါတယ်။

ပထမမျိုးဆက်မှာမပါတဲ့ Fingerprint Sensor ကို Realme 2 မှာ ထည့်သွင်းပေးထားပါတယ်။ Realme 2 မှာ Qualcomm Snapdragon 450 Chipset ထည့်သွင်းထားပါတယ်။ 3GB or 4GB RAM နဲ့ 32GB or 64GB Storage များ ရွေးချယ်နိုင်ပါတယ်။ Android 8.1 အခြေပြု ColorOS Version 5.1 ထည့်သွင်းထားပါတယ်။

Realme အနေနဲ့ နောက်ထပ်မျိုးဆက်သစ် စမတ်ဖုန်းကို မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ press invites မှာ ရက်စွဲ၂ခုရေးထားပြီး စက်တင်ဘာ ၂၆ ၊ ၂၇ ဖြစ်ပါတယ်။ လက်ရှိကြားနေရတဲ့ သတင်းအရတော့ Realme 2 Pro ကိုမိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Realme 2 Pro မှာတော့ 2 ထက်ပိုကောင်းတဲ့ ပရိုဆက်ဆာ သုံးလာနိုင်ပါတယ်။ Realme 2 ကိုစက်တင်ဘာ ၁၂ရက်နေ့က စတင်ရောင်းချထားပါတယ်။

Leave a Reply