Realme 2 Pro အေၾကာင္း ေျပာျပလိုက္တဲ့ CEO

0
816

Realme က မၾကာခင္က Realme 2 ကို ေၾကညာခဲ့စဥ္မွာ စက္တင္ဘာလမွာ သူ႔ရဲ႕ ပရိုေမာ္ဒယ္ကို ေၾကညာမယ္လို႔ အရိပ္အျမြက္ေျပာၾကားခဲ့ပါတယ္။ အခုေတာ့ ကုမၸဏီရဲ႕ စီအီးအို ျဖစ္သူ Madhav Sheth က YouTuber တစ္ဦးအား ဖုန္းရဲ႕ ပံုသ႑ာန္နဲ႔ Chipset အေၾကာင္းကို ေျပာျပခဲ့ပါတယ္။

စီအီးအိုက Realme 2 Pro မွာ Snapdragon 660 Chipset ထည့္သြင္းထားမယ္လို႔ ေျပာၿပီး Realme 2 ရဲ႕ Snapdragon 450 ထက္ မ်ားစြာ တိုးတက္လာပါတယ္။ 660 ဟာ အနည္းငယ္ ဒိတ္ေအာက္ေနေပမယ့္ စြမ္းေဆာင္ရည္ျမင့္ Oppo R15 နဲ႔ R11s မ်ားမွာ ထည့္သြင္းထားပါတယ္။ သူ႔မွာ 2.2GHz Octa-Core CPU ပါပါတယ္။ Realme 2 Pro ကို စက္တင္ဘာလ ၂၆ သို႔မဟုတ္ ၂၇ ရက္မွာ ေၾကညာမွာပါ။

Realme 2 ကို Oppo က မၾကာခင္က ေၾကညာခဲ့ပါတယ္။ သူဟာ တန္ဖိုးနည္း စမတ္ဖုန္း ျဖစ္ၿပီး ၁၃၀ ေဒၚလာ ေလာက္သာ ရွိပါတယ္။ Realme 2 ဟာ Oppo A5 နဲ႔ ဆင္တူပါတယ္။ Realme 2 Pro ရဲ႕ ဒီဇိုင္းက ဘယ္လို ထြက္လာမလဲ ဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ဒီဇိုင္းက Realme 2 နဲ႔ တူညီႏုိင္ေပမယ့္ 6GB RAM , 128GB Internal Storage မ်ားျဖင့္ အဆင့္ျမွင့္ထားႏုိင္ပါတယ္။ အိႏၵိယရူပီး ၁၂၉၉၀ သတ္မွတ္ထားၿပီး အေရာင္စံု ထုတ္လုပ္ေပးထားႏုိင္ပါတယ္။

Realme 2 မွာ ၆.၂ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားပါတယ္။ Notch လည္း ပါလာပါတယ္။ မ်က္ႏွာျပင္ အရည္အေသြးမွာ 720x1520p ျဖစ္ပါတယ္။ ပထမမ်ိဳးဆက္ထက္ ၂၄ ရာခုိင္ႏႈန္း ပိုမိုႀကီးမားတဲ့ 4230mAh Battery ထည့္သြင္းထားပါတယ္။ Dual Camera မ်ားကို အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။

unicode

Realme 2 Pro အကြောင်း ပြောပြလိုက်တဲ့ CEO

Realme က မကြာခင်က Realme 2 ကို ကြေညာခဲ့စဉ်မှာ စက်တင်ဘာလမှာ သူ့ရဲ့ ပရိုမော်ဒယ်ကို ကြေညာမယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Madhav Sheth က YouTuber တစ်ဦးအား ဖုန်းရဲ့ ပုံသဏ္ဍာန်နဲ့ Chipset အကြောင်းကို ပြောပြခဲ့ပါတယ်။

စီအီးအိုက Realme 2 Pro မှာ Snapdragon 660 Chipset ထည့်သွင်းထားမယ်လို့ ပြောပြီး Realme 2 ရဲ့ Snapdragon 450 ထက် များစွာ တိုးတက်လာပါတယ်။ 660 ဟာ အနည်းငယ် ဒိတ်အောက်နေပေမယ့် စွမ်းဆောင်ရည်မြင့် Oppo R15 နဲ့ R11s များမှာ ထည့်သွင်းထားပါတယ်။ သူ့မှာ 2.2GHz Octa-Core CPU ပါပါတယ်။ Realme 2 Pro ကို စက်တင်ဘာလ ၂၆ သို့မဟုတ် ၂၇ ရက်မှာ ကြေညာမှာပါ။

Realme 2 ကို Oppo က မကြာခင်က ကြေညာခဲ့ပါတယ်။ သူဟာ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး ၁၃၀ ဒေါ်လာ လောက်သာ ရှိပါတယ်။ Realme 2 ဟာ Oppo A5 နဲ့ ဆင်တူပါတယ်။ Realme 2 Pro ရဲ့ ဒီဇိုင်းက ဘယ်လို ထွက်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီဇိုင်းက Realme 2 နဲ့ တူညီနိုင်ပေမယ့် 6GB RAM , 128GB Internal Storage များဖြင့် အဆင့်မြှင့်ထားနိုင်ပါတယ်။ အိန္ဒိယရူပီး ၁၂၉၉၀ သတ်မှတ်ထားပြီး အရောင်စုံ ထုတ်လုပ်ပေးထားနိုင်ပါတယ်။

Realme 2 မှာ ၆.၂ လက်မ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Notch လည်း ပါလာပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ 720x1520p ဖြစ်ပါတယ်။ ပထမမျိုးဆက်ထက် ၂၄ ရာခိုင်နှုန်း ပိုမိုကြီးမားတဲ့ 4230mAh Battery ထည့်သွင်းထားပါတယ်။ Dual Camera များကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။

Leave a Reply