Notch မပါတဲ့ ဒီဇိုင်းနဲ့ Nokia 9

0
621

Zawgyi version

သိပ်မကြာခင်ကပဲ Nokia 9 ရဲ့ နောက်ကျောဘက်ကမြင်ရတဲ့ ဓာတ်ပုံတွေထွက်ရှိခဲ့ပါတယ်။ 2018 ခုနှစ်ကတော့ notch တွေရဲ့နှစ်လို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ 2018 အတွင်းထွက်ရှိခဲ့တဲ့ flagship တော်တော်များများက notch ပါတဲ့ဒီဇိုင်းတွေက တော်တော်များများဖြစ်နေလို့ပါပဲ။

ဒါ့အပြင် Apple ရဲ့ အသစ်ထွက်ရှိထားတဲ့ XS နဲ့ XS Max ရယ် Huawei ရယ် P20 series တွေကလဲ notch ဒီဇိုင်းနဲ့ပဲ ထွက်ရှိလာကြပါတယ်။ ဒါပေမယ့် Nokia 9 ကတော့ အဲ့ဒီ trand ကိုလိုက်မှာ မဟုတ်ပါဘူး။ သူက ear speaker ကို အလယ်မှာထားတာပြီး ရှေ့ selfie ကင်မရာကိုတော့ ညာဘက်မှာထားရှိထားပါတယ်။ LED notification နဲ့ sensor ကိုတော့ ဖုန်းရဲ့ ဘယ်ဘက်ထောင့်မှာ ထားရှိပါတယ်။

သိပ်မကြာသေးခင်ကထွက်ရှိထားတဲ့ သတင်းက ဖုန်းရဲ့ နောက်ကျောဘက် ကင်မရာက ၅ လုံးပါရှိမှာပဲ ဖြစ်ပါတယ်။ sensor တစ်ခုချင်းစီက အလုပ်လုပ်ပုံ အတိအကျကိုတော့ သေချာပြောပြမထားသေးပါဘူး။ ဒါပေမယ့် ကင်မရာ ၅ ခုထဲက main camera ၂ ခုကတွဲပြီး အလုပ်လုပ်မှာ ဖြစ်ပြီး တတိယမြောက် monochrome sensor ကတော့ overall အလုပ်လုပ်မှာဖြစ်ပြီး ကျန်တဲ့ ၂ လုံးကတော့ telephoto နဲ့ super wide-angle lenses တွေပဲဖြစ်ပါတယ်။

Nokia 9 ကတော့ performance ကောင်းမွန်တဲ့ Snapdragon 845 ကိုအသုံးပြုထားပါတယ်။ သူ့ကိုတော့ အောက်တိုဘာလလောက်ဒါမှမဟုတ် နိုဝင်ဘာလမှာနောက်ဆုံးထား မိတ်ဆက်မှာပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာတော့ အသစ်ဖြစ်တဲ့ Snapdragon 855 ကိုမိတ်ဆက်မှာပဲ ဖြစ်ပါတယ်။

Unicode version

သိပ်မကြာခင်ကပဲ Nokia 9 ရဲ့ နောက်ကျောဘက်ကမြင်ရတဲ့ ဓာတ်ပုံတွေထွက်

ရှိခဲ့ပါတယ်။ 2018 ခုနှစ်ကတော့ notch တွေရဲ့နှစ်လို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ 2018 အတွင်းထွက်ရှိခဲ့တဲ့ flagship တော်တော်များများက notch ပါတဲ့ဒီဇိုင်းတွေက တော်တော်များများဖြစ်နေလို့ပါပဲ။

Leave a Reply