GAMING SMARTPHONE ေစ်းကြက္ထဲကို ဝင္ေရာက္လာေတာ့မယ့္ NOKIA

0
735

ယေန႔ အခ်ိန္မွာ စမတ္ဖုန္း ထုတ္လုပ္သူေတြဟာ ကင္မရာေကာင္းတဲ စမတ္ဖုန္းေတြကို ထုတ္လုပ္ေနရုံတင္မကေတာ့ဘဲ ဂိမ္းစမတ္ဖုန္း ေစ်းကြက္ကိုပါ ေျခဆန္႔လာၾကပါၿပီ။ Razer, Asus, Xiaomi, Huawei နဲ႔ ZTE ကုမၸဏီေတြကေတာ့ မိုဘိုးဂိမ္းမင္းေစ်းကြက္အတြက္ စမတ္ဖုန္းေတြကို ထုတ္လုပ္ေပးထားပါၿပီ။

အခုေနာက္ထပ္ ကုမၸဏီတစ္ခုအေနနဲ႔ Nokia လည္းဝင္ေရာက္လာေတာ့မွာ ျဖစ္ပါတယ္။ ကုမၸဏီရဲ႕ အိႏၵိယဘက္အျခမ္းကေန ထြက္လာတာျဖစ္ၿပီး ၁၀စကၠန္႔စာ  clip ေလးကို လူမႈကြန္ရက္ ဝက္ဘ္ဆိုက္ေပၚတင္ေပးလိုက္တာ ျဖစ္ပါတယ္။

စကၠန္႔အနည္းငယ္စာသာ ျပသထားတဲ့ ဗီဒီယုိမွာေတာ့ ဂိမ္းဖုန္းနဲ႔ ပတ္သတ္တဲ့ အျခားအခ်က္အလက္မ်ားကို ျပသမထားပဲ အလင္းေရာင္တန္း ၃ခုနဲ႔အတူ #GameOn ဆိုတဲ့ ရိုးရွင္းတဲ့ teaser ေလးကိုသာျမင္ေတြ႕ခဲ့ရပါတယ္။

Nokia အေနနဲ႔ လအနည္းငယ္အၾကာမွာ စမတ္ဖုန္း ၂လုံးကို မိတ္ဆက္သြားဖို႔ ရွိေနပါတယ္။ စမတ္ဖုန္းရဲ႕ ေမာ္ဒယ္နံပတ္ေတြ အေနနဲ႔ Nokia 9 (Nokia 8.1) နဲ႔ Nokia X7 လို႔ေပးထားပါတယ္။ Nokia X7 ကိုေတာ့ ကမၻာ႔ေစ်းကြက္အတြက္Nokia 7.1 Plus အေနနဲ႔ မိတ္ဆက္သြားမွာျဖစ္ၿပီး ဖုန္းေတြမွာ notch ပါဝင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အသစ္ထြက္မယ့္ စမတ္ဖုန္းေတြထဲက တစ္မ်ိဳးဟာ gaming စမတ္ဖုန္း ျဖစ္လာႏုိင္ေျခရွိေနပါတယ္။

unicode

ယနေ့ အချိန်မှာ စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ ကင်မရာကောင်းတဲ စမတ်ဖုန်းတွေကို ထုတ်လုပ်နေရုံတင်မကတော့ဘဲ ဂိမ်းစမတ်ဖုန်း ဈေးကွက်ကိုပါ ခြေဆန့်လာကြပါပြီ။ Razer, Asus, Xiaomi, Huawei နဲ့ ZTE ကုမ္ပဏီတွေကတော့ မိုဘိုးဂိမ်းမင်းဈေးကွက်အတွက် စမတ်ဖုန်းတွေကို ထုတ်လုပ်ပေးထားပါပြီ။

အခုနောက်ထပ် ကုမ္ပဏီတစ်ခုအနေနဲ့ Nokia လည်းဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အိန္ဒိယဘက်အခြမ်းကနေ ထွက်လာတာဖြစ်ပြီး ၁၀စက္ကန့်စာ  clip လေးကို လူမှုကွန်ရက် ဝက်ဘ်ဆိုက်ပေါ်တင်ပေးလိုက်တာ ဖြစ်ပါတယ်။

စက္ကန့်အနည်းငယ်စာသာ ပြသထားတဲ့ ဗီဒီယိုမှာတော့ ဂိမ်းဖုန်းနဲ့ ပတ်သတ်တဲ့ အခြားအချက်အလက်များကို ပြသမထားပဲ အလင်းရောင်တန်း ၃ခုနဲ့အတူ #GameOn ဆိုတဲ့ ရိုးရှင်းတဲ့ teaser လေးကိုသာမြင်တွေ့ခဲ့ရပါတယ်။

Nokia အနေနဲ့ လအနည်းငယ်အကြာမှာ စမတ်ဖုန်း ၂လုံးကို မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ စမတ်ဖုန်းရဲ့ မော်ဒယ်နံပတ်တွေ အနေနဲ့ Nokia 9 (Nokia 8.1) နဲ့ Nokia X7 လို့ပေးထားပါတယ်။ Nokia X7 ကိုတော့ ကမ္ဘာ့ဈေးကွက်အတွက်Nokia 7.1 Plus အနေနဲ့ မိတ်ဆက်သွားမှာဖြစ်ပြီး ဖုန်းတွေမှာ notch ပါဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသစ်ထွက်မယ့် စမတ်ဖုန်းတွေထဲက တစ်မျိုးဟာ gaming စမတ်ဖုန်း ဖြစ်လာနိုင်ခြေရှိနေပါတယ်။

Leave a Reply