Meizu က Bluetooth Headset နဲ့ 10000mAh Power Bank ကို ပြသ

0
529





unicode

Meizu က Bluetooth Headset နဲ့ 10000mAh Power Bank ကို ပွသ

Meizu က တန်ဖိုးနည်း Bluetooth Headset အသစ်ကို ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Meizu EP52 Lite ဖြစ်ပြီး ၁၆ ဂရမ်သာ ရှိတဲ့အတွက် အလွန်ပေါ့ပါးပါတယ်။ In-ear Headset ဖြစ်ပြီး Bluetooth 4.2 နဲ့ aptX တို့ ပါပါတယ်။

သူဟာ ချွေးစိုခံပြီး IPX5 စံနှုန်းရှိပါတယ်။ ၈ နာရီကြာ သီချင်းများ နားထောင်နိုင်ပါတယ်။ အားအပြည့်သွင်းဖို့ တစ်နာရီခွဲကြာပါတယ်။ အဖြူ၊ အညိုနဲ့ အပြာရောင်များ ထုတ်လုပ်ပေးထားပြီး ယွမ် ၁၃၀ ( ၁၉ ဒေါ်လာ) ကျသင့်ပါတယ်။ တရုတ်မှာ Meizu Web Store ကနေ ဝယ်ယူနိုင်ပါတယ်။ Meizu LIVE 15 Anniversary Limited Edition ကို ယွမ် ၁၆၀၀ ( ၂၃၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Meizu က သာမာန် နားကြပ်များကို ဘလူးတု နားကြပ် အဖြစ် ပြောင်းပေးနိုင်တဲ့ Meizu XP ကိုလည်း ပြသလိုက်ပါတယ်။ သူ့ကို ယွမ် ၉၀ သတ်မှတ်ထားပြီး ၁၃ ဒေါ်လာ ဝန်းကျင် ကျသင့်ပါတယ်။ သူ့ရဲ့ ဘက်ထရီ သက်တမ်းက ၆ နာရီကြာ သီချင်းများ နားဆင်နိုင်ပါတယ်။ ၈ ဂရမ် အလေးချိန်ရှိပါတယ်။ သူ့ကို အားသွင်းဖို့ ၁ နာရီခွဲကြာမြင့်ပါတယ်။

အခြား ထုတ်ကုန်တစ်ခုက Meizu Power Bank 3 ဖြစ်ပါတယ်။ သူ့မှာ 10000mAh ကို သိုလှောင်ထားပါတယ်။ သူက 18W ကို ထုတ်လုပ်ပေးနိုင်တဲ့အတွက် အားသွင်းရာမှာ အလွန် လျှင်မြန်ပါတယ်။ သူ့ကို အားအပြည့်သွင်းဖို့ ၃ နာရီခွဲကြာပါတယ်။ သူက 3000mAh Battery ဝန်းကျင်ပါတဲ့ စမတ်ဖုန်း သုံးလုံးကို အားအပြည့်သွင်းပေးနိုင်ပါတယ်။ ယွမ် ၈၀ သတ်မှတ်ထားပြီး ၁၂ ဒေါ်လာ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ တရုတ်မှာ Meizu Web Store မှာ ဝယ်ယူနိုင်ပါတယ်။

Leave a Reply