18:9 Screen နဲ႔ ေစ်းႏႈန္းခ်ိဳတဲ့ Meizu V8 နဲ႔ V8 Pro

0
773

Meizu က စမတ္ဖုန္း အသစ္ႏွစ္လံုးကို ေၾကညာလိုက္ပါတယ္။ V8 မွာ တန္ဖိုးနည္း စြမ္းရည္နိမ့္ ဖုန္း ျဖစ္ၿပီး ၅.၇ လက္မ 18:9 Screen ထည့္သြင္းထားပါတယ္။ ေနာက္တစ္လံုးက V8 Pro ျဖစ္ၿပီး ယြမ္ ၈၀၀ ( ၁၁၅ ေဒၚလာ) နဲ႔ ယြမ္ ၁၁၀၀ ( ၁၆၀ ေဒၚလာ) အသီးသီး တန္ေၾကးရွိပါတယ္။

ဖုန္းႏွစ္လံုးစလံုးမွာ 720x1440p Display မ်ား ပါပါတယ္။ V8 မွာ 3200mAh နဲ႔ Pro မွာ 3100mAh Battery မ်ား ထည့္သြင္းထားပါတယ္။ Chipset , Memory , Camera မ်ားက ကြာျခားပါတယ္။ V8 Pro ကို သတၱဳျဖင့္ တည္ေဆာက္ထားၿပီး Octa-Core MediaTek Helio P22 Chipset , 4GB RAM , 64GB Storage မ်ား ပါပါတယ္။ အေနာက္ဘက္မွာ 12+5MP Camera မ်ား ပါၿပီး Bokeh Mode ထည့္ထားပါတယ္။ အေရွ႕ဘက္မွာ 5MP Camera ထည့္သြင္းထားၿပီး Face Unlock ကို သံုးႏိုင္ပါတယ္။

V8 မွာ ပလတ္စတစ္ ကိုယ္ထည္သာ ပါၿပီး Quad-Core MediaTek MT6739 Chipset , 3GB RAM , 32GB Storage , 13MP Rear Camera , 5MP Front Camera မ်ား ထည့္သြင္းထားပါတယ္။ Face Unlock သံုးႏုိင္ပါတယ္။ ဖုန္း ႏွစ္လံုးစလံုးရဲ႕ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာ ပါပါတယ္။

V8 အတြက္ အနက္နဲ႔ အျဖဴေရာင္မ်ား ထုတ္လုပ္ထားပါတယ္။ V8 Pro အတြက္ အနက္နဲ႔ ေရႊေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ တရုတ္မွာ ႀကိဳတင္မွာယူႏုိင္ၿပီ ျဖစ္ၿပီး စက္တင္ဘာလ ၂၆ ရက္ေန႔မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

unicode

18:9 Screen နဲ့ ဈေးနှုန်းချိုတဲ့ Meizu V8 နဲ့ V8 Pro

Meizu က စမတ်ဖုန်း အသစ်နှစ်လုံးကို ကြေညာလိုက်ပါတယ်။ V8 မှာ တန်ဖိုးနည်း စွမ်းရည်နိမ့် ဖုန်း ဖြစ်ပြီး ၅.၇ လက်မ 18:9 Screen ထည့်သွင်းထားပါတယ်။ နောက်တစ်လုံးက V8 Pro ဖြစ်ပြီး ယွမ် ၈၀၀ ( ၁၁၅ ဒေါ်လာ) နဲ့ ယွမ် ၁၁၀၀ ( ၁၆၀ ဒေါ်လာ) အသီးသီး တန်ကြေးရှိပါတယ်။

ဖုန်းနှစ်လုံးစလုံးမှာ 720x1440p Display များ ပါပါတယ်။ V8 မှာ 3200mAh နဲ့ Pro မှာ 3100mAh Battery များ ထည့်သွင်းထားပါတယ်။ Chipset , Memory , Camera များက ကွာခြားပါတယ်။ V8 Pro ကို သတ္တုဖြင့် တည်ဆောက်ထားပြီး Octa-Core MediaTek Helio P22 Chipset , 4GB RAM , 64GB Storage များ ပါပါတယ်။ အနောက်ဘက်မှာ 12+5MP Camera များ ပါပြီး Bokeh Mode ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 5MP Camera ထည့်သွင်းထားပြီး Face Unlock ကို သုံးနိုင်ပါတယ်။

V8 မှာ ပလတ်စတစ် ကိုယ်ထည်သာ ပါပြီး Quad-Core MediaTek MT6739 Chipset , 3GB RAM , 32GB Storage , 13MP Rear Camera , 5MP Front Camera များ ထည့်သွင်းထားပါတယ်။ Face Unlock သုံးနိုင်ပါတယ်။ ဖုန်း နှစ်လုံးစလုံးရဲ့ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါပါတယ်။

V8 အတွက် အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ထားပါတယ်။ V8 Pro အတွက် အနက်နဲ့ ရွှေရောင်များ ရွေးချယ်နိုင်ပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply