Steel HR Sport Hybrid Smartwatch ကို မိတ္ဆက္လိုက္တဲ့ Withings

0
207

ဒီႏွစ္ ေမလမွာ ႏိုကီယာက သူ႔ရဲ႕ ဒစ္ဂ်စ္တယ္ က်န္းမာေရး ဌာနကို Withings ကို ေရာင္းခ်ခဲ့ပါတယ္။ အခုေတာ့ Withings က သူ႔ရဲ႕ ပထမဆံုး ထုတ္ကုန္ကို ေၾကညာလိုက္ပါၿပီ။ အဲဒါကေတာ့ အားကစား အထူးျပဳ Steel HR Sport Hybrid Smartwatch ျဖစ္ပါတယ္။ ၁၉၉.၉၅ ေဒၚလာ သတ္မွတ္ထားၿပီး လက္ပတ္ႀကိဳးအပိုကို ၄၉.၉၅ ေဒၚလာျဖင့္ ေရာင္းခ်ေပးေနပါတယ္။

စမတ္နာရီကို အရြယ္တစ္မ်ိဳးသာ ထုတ္လုပ္ေပးထားၿပီး ၄၀ မီီလီမီတာ အရွည္နဲ႔ ၁၃ မီလီမီတာ အထူ ရွိပါတယ္။ Stainless Steel Case ျဖင့္ တည္ေဆာက္ထားပါတယ္။ သူဟာ အားကစား သမားမ်ားအတြက္ အထူးျပဳဖန္တီးထားတဲ့အတြက္ လက္ပတ္ကို ေခြ်းစိုခံတဲ့ ဆီလီကြန္ႀကိဳးျဖင့္ ဖန္တီးထားပါတယ္။ Watch Face မ်ားအတြက္ အျဖဴနဲ႔ အနက္ေရာင္မ်ား ဖန္တီးေပးထားပါတယ္။

ေခြ်းမထြက္တဲ့ အခ်ိန္မ်ားမွာေတာ့ ဆီလီကြန္ လက္ပတ္ အစား သားေရ လက္ပတ္ႀကိဳးကို အစားထိုး အသံုးျပဳႏုိင္ပါတယ္။ Hybrids Smartwatch ျဖစ္တဲ့အတြက္ နာရီ လက္တံမ်ားလည္း ပါရွိပါတယ္။ Display မွာေတာ့ သင့္ရဲ႕ ကိုယ္လက္လႈပ္ရွားမႈ အေျခအေနမ်ားကို ျပသထားပါတယ္။ မ်က္ႏွာျပင္ဟာ OLED အမ်ိဳးအစား ျဖစ္ၿပီး Phone Notifications , Heart Rate , Steps , Distance , Calories , Activities , Alarm Settings မ်ားကို ျပသေပးပါတယ္။

စမတ္နာရီက အားကစား အမ်ိဳးအစားေပါင္း ၃၀ ေက်ာ္ကို တိုင္းတာတြက္ခ်က္ေပးႏုိင္ပါတယ္။ သူက ေလ့က်င့္ခန္း အမ်ိဳးအစားမ်ားကို အလိုအေလွ်ာက္ သိနားလည္ပါတယ္။ ယခင္မ်ိဳးဆက္ Steel HR ထက္ အပိုပါလာတာေတြကေတာ့ Connected GPS နဲ႔ Fitness Level Assessment တို႔ ျဖစ္ပါတယ္။ နာရီကို ေရအနက္ ၅၀ မီတာအထိ ၀တ္ဆင္ႏုိင္တဲ့အတြက္ ေရကူးျခင္း၊ ေရငုပ္ျခင္းနဲ႔ ေရခ်ိဳးျခင္းမ်ား ျပဳလုပ္ရင္ေတာင္ ၀တ္ဆင္ထားႏုိင္ပါတယ္။

unicode

Steel HR Sport Hybrid Smartwatch ကို မိတ်ဆက်လိုက်တဲ့ Withings

ဒီနှစ် မေလမှာ နိုကီယာက သူ့ရဲ့ ဒစ်ဂျစ်တယ် ကျန်းမာရေး ဌာနကို Withings ကို ရောင်းချခဲ့ပါတယ်။ အခုတော့ Withings က သူ့ရဲ့ ပထမဆုံး ထုတ်ကုန်ကို ကြေညာလိုက်ပါပြီ။ အဲဒါကတော့ အားကစား အထူးပြု Steel HR Sport Hybrid Smartwatch ဖြစ်ပါတယ်။ ၁၉၉.၉၅ ဒေါ်လာ သတ်မှတ်ထားပြီး လက်ပတ်ကြိုးအပိုကို ၄၉.၉၅ ဒေါ်လာဖြင့် ရောင်းချပေးနေပါတယ်။

စမတ်နာရီကို အရွယ်တစ်မျိုးသာ ထုတ်လုပ်ပေးထားပြီး ၄၀ မီလီမီတာ အရှည်နဲ့ ၁၃ မီလီမီတာ အထူ ရှိပါတယ်။ Stainless Steel Case ဖြင့် တည်ဆောက်ထားပါတယ်။ သူဟာ အားကစား သမားများအတွက် အထူးပြုဖန်တီးထားတဲ့အတွက် လက်ပတ်ကို ချွေးစိုခံတဲ့ ဆီလီကွန်ကြိုးဖြင့် ဖန်တီးထားပါတယ်။ Watch Face များအတွက် အဖြူနဲ့ အနက်ရောင်များ ဖန်တီးပေးထားပါတယ်။

ချွေးမထွက်တဲ့ အချိန်များမှာတော့ ဆီလီကွန် လက်ပတ် အစား သားရေ လက်ပတ်ကြိုးကို အစားထိုး အသုံးပြုနိုင်ပါတယ်။ Hybrids Smartwatch ဖြစ်တဲ့အတွက် နာရီ လက်တံများလည်း ပါရှိပါတယ်။ Display မှာတော့ သင့်ရဲ့ ကိုယ်လက်လှုပ်ရှားမှု အခြေအနေများကို ပြသထားပါတယ်။ မျက်နှာပြင်ဟာ OLED အမျိုးအစား ဖြစ်ပြီး Phone Notifications , Heart Rate , Steps , Distance , Calories , Activities , Alarm Settings များကို ပြသပေးပါတယ်။

စမတ်နာရီက အားကစား အမျိုးအစားပေါင်း ၃၀ ကျော်ကို တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။ သူက လေ့ကျင့်ခန်း အမျိုးအစားများကို အလိုအလျှောက် သိနားလည်ပါတယ်။ ယခင်မျိုးဆက် Steel HR ထက် အပိုပါလာတာတွေကတော့ Connected GPS နဲ့ Fitness Level Assessment တို့ ဖြစ်ပါတယ်။ နာရီကို ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်တဲ့အတွက် ရေကူးခြင်း၊ ရေငုပ်ခြင်းနဲ့ ရေချိုးခြင်းများ ပြုလုပ်ရင်တောင် ဝတ်ဆင်ထားနိုင်ပါတယ်။

Leave a Reply