Google Home Hub ရဲ႕ သတင္း ထြက္ေပၚလာ

0
456

ဂူဂယ္လ္က ေအာက္တိုဘာလ ၉ ရက္ေန႔မွာ Pixel 3 နဲ႔ Pixel 3 XL တို႔ကို ေၾကညာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲဒီ ပြဲမွာ Chromebook အသစ္ ၂ လံုး၊ Google Home Hub Smart Display တို႔ကိုလည္း ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ အခုေတာ့ Google Home Hub ရဲ႕ ဓါတ္ပံုနဲ႔ သတင္းအခ်က္အလက္မ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။

Google Home Hub ဟာ အျခား Google Assistant Device မ်ားမွာလို မ်က္နွာျပင္ တစ္ခု ပါပါတယ္။ သူဟာ Amazon Echo Show နဲ႔လည္း ဆင္တူပါတယ္။ သူ႔မွာ ၇ လက္မ ထိေတြ႕မ်က္ႏွာျပင္ တစ္ခု ပါပါတယ္။ မ်က္ႏွာျပင္ေအာက္မွာ စပီကာ၊ မိုက္ကရိုဖုန္းမ်ား ပါတဲ့ Base တစ္ခု ပါပါတယ္။ မ်က္ႏွာျပင္မွာ ရာသီဥတု အေျခအေနနဲ႔ ယာဥ္လမ္းေၾကာင္း အေျခအေနမ်ားကို ျပသထားပါတယ္။ ဒါ့အျပင္ အျခား ေနရာလြတ္မ်ားလည္း ရွိပါတယ္။ အဲဒီမွာ Google Assistant က သတင္းအခ်က္အလက္မ်ားကို ျပသေပးမယ့္ပံုေပၚပါတယ္။ Google Assistant ကို အသံအမိန္႔မ်ားျဖင့္ အလုပ္မ်ား ခုိင္းေစႏုိင္ပါတယ္။

သူ႔မွာ Webcam ေတာ့ မပါလာတာေတြ႕ရပါတယ္။ Specifications Sheet မွာလည္း Webcam သတင္းအခ်က္အလက္ကို ေဖာ္ျပထားျခင္း မရွိပါဘူး။ မ်က္ႏွာျပင္အထက္မွာ Ambient Light နဲ႔ Color Sensor မ်ား ထည့္သြင္းထားတာ ေတြ႕ရပါတယ္။ သူ႔ရဲ႕ ေစ်းႏႈန္းကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ အဲဒီလို စမတ္ မ်က္ႏွာျပင္မ်ားရဲ႕ ေစ်းႏႈန္းဟာ ေဒၚလာ ၂၀၀ ၀န္းက်င္ရွိၾကပါတယ္။

Lenovo နဲ႔ JBL တို႔က Google Assistant ပါတဲ့ စမတ္ မ်က္ႏွာျပင္မ်ားကို စတင္ ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ အခုေတာ့ ဂူဂယ္လ္ကလည္း သူ႔ကိုယ္ပိုင္ စမတ္ မ်က္ႏွာျပင္ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။

unicode

Google Home Hub ရဲ့ သတင်း ထွက်ပေါ်လာ

ဂူဂယ်လ်က အောက်တိုဘာလ ၉ ရက်နေ့မှာ Pixel 3 နဲ့ Pixel 3 XL တို့ကို ကြေညာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ ပွဲမှာ Chromebook အသစ် ၂ လုံး၊ Google Home Hub Smart Display တို့ကိုလည်း ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Google Home Hub ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်များ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Google Home Hub ဟာ အခြား Google Assistant Device များမှာလို မျက်နှာပြင် တစ်ခု ပါပါတယ်။ သူဟာ Amazon Echo Show နဲ့လည်း ဆင်တူပါတယ်။ သူ့မှာ ၇ လက်မ ထိတွေ့မျက်နှာပြင် တစ်ခု ပါပါတယ်။ မျက်နှာပြင်အောက်မှာ စပီကာ၊ မိုက်ကရိုဖုန်းများ ပါတဲ့ Base တစ်ခု ပါပါတယ်။ မျက်နှာပြင်မှာ ရာသီဥတု အခြေအနေနဲ့ ယာဉ်လမ်းကြောင်း အခြေအနေများကို ပြသထားပါတယ်။ ဒါ့အပြင် အခြား နေရာလွတ်များလည်း ရှိပါတယ်။ အဲဒီမှာ Google Assistant က သတင်းအချက်အလက်များကို ပြသပေးမယ့်ပုံပေါ်ပါတယ်။ Google Assistant ကို အသံအမိန့်များဖြင့် အလုပ်များ ခိုင်းစေနိုင်ပါတယ်။

သူ့မှာ Webcam တော့ မပါလာတာတွေ့ရပါတယ်။ Specifications Sheet မှာလည်း Webcam သတင်းအချက်အလက်ကို ဖော်ပြထားခြင်း မရှိပါဘူး။ မျက်နှာပြင်အထက်မှာ Ambient Light နဲ့ Color Sensor များ ထည့်သွင်းထားတာ တွေ့ရပါတယ်။ သူ့ရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် အဲဒီလို စမတ် မျက်နှာပြင်များရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၂၀၀ ဝန်းကျင်ရှိကြပါတယ်။

Lenovo နဲ့ JBL တို့က Google Assistant ပါတဲ့ စမတ် မျက်နှာပြင်များကို စတင် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုတော့ ဂူဂယ်လ်ကလည်း သူ့ကိုယ်ပိုင် စမတ် မျက်နှာပြင်ကို ကြေညာတော့မှာ ဖြစ်ပါတယ်။

Leave a Reply