အရောင် ၄ ရောင်နဲ့ ထွက်ရှိမယ့် Xiaomi ရဲ့ Redmi Note 6 Pro

0
847

Zawgyi version





Unicode version

Xiaomi က နောက်ထပ်မော်ဒယ်အသစ်တစ်မျိုးကို မိတ်ဆက်တော့မှာပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Redmi Note 6 Pro ပဲဖြစ်ပါတယ်။ သူ့ကိုတော့ AliExpress မှာ ရောင်းချနေပြီပဲဖြစ်ပါတယ်။ သူကတော့ Global version နဲ့လာမှာဖြစ်ပြီး ဘာသာစကားပေါင်း ၇၀ ကျော်ထိ support ပေးမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူက Google services နဲ့ OTA updates တွေရောရရှိမှာပဲ ဖြစ်ပါတယ်။
Xiaomi ရဲ့ Redmi Note 6 Pro ရဲ့ အချက်အလက်တွေကို အပြည့်အစုံ ဖော်ပြ ပေးထားပါတယ်။ chipset ကိုတော့ Snapdragon 636 ကို အသုံးပြု ပေးထားပါတယ်။ တစ်ချို့ကလဲ Snapdragon 660 လို့ဖော်ပြထားပါတယ်။ သူကတော့ RAM 3GB ပါဝင်ပြီး storage ကတော့ 32GB ပဲဖြစ်ပါတယ်။ သူက microSD ကဒ်အပေါက်လဲ ပါဝင်ပါသေးတယ်။ မျက်နှာပြင် အရွယ်အစားကတော့ ၆.၂၆ လက်မရှိပြီး notch လဲပါဝင်မှာဖြစ်ပါတယ်။ resolution ကတော့ 2160 x 1080 pixels ပဲဖြစ်ပါတယ်။


ကင်မရာပိုင်းကတော့ ၄ လုံးပါဝင်မှာဖြစ်ပါတယ်။ main ကင်မရာကတော့ 12 MP + 5 MP ပါဝင်မှာဖြစ်ပြီး selfie ကင်မရာကတော့ 20 MP + 2 MP ပဲဖြစ်ပါတယ်။ သူကလဲ နောက်ခံအဝါးတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ OS ပိုင်းကတော့ MIUI 9 နဲ့ Android Oreo ကိုအသုံးပြုထားပါတယ်။ ဘက်ထရီပိုင်းကလဲ အားရစရာပါပဲ။ 4,000 mAh ထည့်သွင်းပေးထားပါတယ်။
ဈေးနှုန်းကတော့ $200 လောက်နီးပါးရှိနိုင်ပါတယ်။ အရောင်တွေကတော့ အနက်၊ အပြာ၊ Rose Gold နဲ့ အနီရောင်တို့ရရှိနိုင်မှာပဲဖြစ်ပါတယ်။

Leave a Reply