Posted on Leave a comment

iPhone အသစ္အားလံုးထဲမွာ iPhone XR ဟာ ေရာင္းအား အေကာင္းဆံုး ျဖစ္လာႏုိင္

iPhone အသစ္အားလံုးထဲမွာ iPhone XR ဟာ ေရာင္းအား အေကာင္းဆံုး ျဖစ္လာႏုိင္တယ္လို႔ ေဟာကိန္း တစ္ခုထြက္လာပါတယ္။ ဒီေဟာကိန္းကို ေၾကညာလိုက္တာကေတာ့ Apple နဲ႔ ပတ္သက္ၿပီး ေဟာကိန္းမ်ား ထုတ္ရာမွာ အစဥ္အလာႀကီးမားတဲ့ Ming-Chi Kuo ျဖစ္ပါတယ္။ သူက XS Max ဟာ XS ထက္ ေရာင္းအား ေကာင္းမယ္လို႔ ေျပာပါတယ္။ အားလံုးထဲမွာေတာ့ XR က ေရာင္းအား အေကာင္းဆံုး ျဖစ္မယ္လို႔ တြက္ခ်က္ထားပါတယ္။

သူက အိုင္ဖုန္း အသစ္အားလံုး ေရာင္းအားရဲ႕ ၂၅ ကေန ၃၀ ရာခုိင္ႏႈန္းဟာ XS Max ျဖစ္ၿပီး ၁၀ ကေန ၁၅ ရာခုိင္ႏႈန္းဟာ XS ျဖစ္မယ္လို႔ ခန္႔မွန္းလိုက္ပါတယ္။ XR ရဲ႕ ေရာင္းအားဟာ ၅၅ ကေန ၆၀ ရာခုိင္ႏႈန္း ရွိမယ္လို႔ တြက္ခ်က္ထားပါတယ္။ Apple က iPhone XS , XS Max နဲ႔ Apple Watch Series 4 တို႔ကို ႀကိဳတင္မွာယူခြင့္ျပဳလိုက္ပါၿပီ။ ေအာက္တိုဘာလမွာ သူတို႔ကို ေရာင္းခ်မွာပါ။ XR ကိုေတာ့ ေနာက္ပိုင္းက်မွ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Kuo က အိုင္ဖုန္း အသစ္မ်ားဟာ ယခင္ႏွစ္ ေမာ္ဒယ္မ်ားထက္ ပိုၿပီး ေရာင္းအား ေကာင္းမွာ ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ အကုန္မွာ အလံုးေရ ၇၅ သန္းကေန သန္း ၈၀ အထိ ေရာင္းအားရွိႏုိင္တယ္လို႔ တြက္ခ်က္ထားပါတယ္။ တရုတ္မွာေတာ့ အရြယ္ႀကီး မ်က္ႏွာျပင္၊ Dual SIM နဲ႔ ေရႊေရာင္ ေရြးခ်ယ္ႏုိင္မႈမ်ားေၾကာင့္ XS Max ရဲ႕ ေရာင္းအားဟာပိုေကာင္းႏုိင္ပါတယ္။

Kuo က Apple Watch Series 4 မ်ားရဲ႕ ေရာင္းအားဟာ ယခင္ႏွစ္ ေမာ္ဒယ္မ်ားထက္ ပိုမို ေကာင္းမယ္လို႔ ေဟာကိန္းထုတ္လိုက္ပါတယ္။ ေမာ္ဒယ္အသစ္မ်ားရဲ႕ ႀကိဳတင္မွာယူမႈဟာ ၅၅ ရာခုိင္ႏႈန္းေတာင္ ရွိေနတယ္လို႔ သူက ေျပာပါတယ္။ ဒါဟာ ယခင္ႏွစ္ ေမာ္ဒယ္မ်ားရဲ႕ ႀကိဳတင္မွာယူမႈမ်ားထက္ ပိုမိုမ်ားတဲ့ ပမာဏ ျဖစ္ပါတယ္။ ေမာ္ဒယ္အသစ္္မ်ားဟာ ဒီႏွစ္ကုန္မွာ အလံုးေရ ၁၈ သန္း၀န္းက်င္ ေရာင္းခ်ရႏုိင္တယ္လို႔ သူက ေျပာပါတယ္။ ေမာ္ဒယ္အသစ္မ်ားကို လူႀကိဳက္ပိုမ်ားလာေစတဲ့ တစ္ခ်က္က ECG ပါ၀င္လာမႈေၾကာင့္ ျဖစ္ပါတယ္။

unicode

iPhone အသစ်အားလုံးထဲမှာ iPhone XR ဟာ ရောင်းအား အကောင်းဆုံး ဖြစ်လာနိုင်

iPhone အသစ်အားလုံးထဲမှာ iPhone XR ဟာ ရောင်းအား အကောင်းဆုံး ဖြစ်လာနိုင်တယ်လို့ ဟောကိန်း တစ်ခုထွက်လာပါတယ်။ ဒီဟောကိန်းကို ကြေညာလိုက်တာကတော့ Apple နဲ့ ပတ်သက်ပြီး ဟောကိန်းများ ထုတ်ရာမှာ အစဉ်အလာကြီးမားတဲ့ Ming-Chi Kuo ဖြစ်ပါတယ်။ သူက XS Max ဟာ XS ထက် ရောင်းအား ကောင်းမယ်လို့ ပြောပါတယ်။ အားလုံးထဲမှာတော့ XR က ရောင်းအား အကောင်းဆုံး ဖြစ်မယ်လို့ တွက်ချက်ထားပါတယ်။

သူက အိုင်ဖုန်း အသစ်အားလုံး ရောင်းအားရဲ့ ၂၅ ကနေ ၃၀ ရာခိုင်နှုန်းဟာ XS Max ဖြစ်ပြီး ၁၀ ကနေ ၁၅ ရာခိုင်နှုန်းဟာ XS ဖြစ်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ XR ရဲ့ ရောင်းအားဟာ ၅၅ ကနေ ၆၀ ရာခိုင်နှုန်း ရှိမယ်လို့ တွက်ချက်ထားပါတယ်။ Apple က iPhone XS , XS Max နဲ့ Apple Watch Series 4 တို့ကို ကြိုတင်မှာယူခွင့်ပြုလိုက်ပါပြီ။ အောက်တိုဘာလမှာ သူတို့ကို ရောင်းချမှာပါ။ XR ကိုတော့ နောက်ပိုင်းကျမှ ရောင်းချမှာ ဖြစ်ပါတယ်။

Kuo က အိုင်ဖုန်း အသစ်များဟာ ယခင်နှစ် မော်ဒယ်များထက် ပိုပြီး ရောင်းအား ကောင်းမှာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် အကုန်မှာ အလုံးရေ ၇၅ သန်းကနေ သန်း ၈၀ အထိ ရောင်းအားရှိနိုင်တယ်လို့ တွက်ချက်ထားပါတယ်။ တရုတ်မှာတော့ အရွယ်ကြီး မျက်နှာပြင်၊ Dual SIM နဲ့ ရွှေရောင် ရွေးချယ်နိုင်မှုများကြောင့် XS Max ရဲ့ ရောင်းအားဟာပိုကောင်းနိုင်ပါတယ်။

Kuo က Apple Watch Series 4 များရဲ့ ရောင်းအားဟာ ယခင်နှစ် မော်ဒယ်များထက် ပိုမို ကောင်းမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ မော်ဒယ်အသစ်များရဲ့ ကြိုတင်မှာယူမှုဟာ ၅၅ ရာခိုင်နှုန်းတောင် ရှိနေတယ်လို့ သူက ပြောပါတယ်။ ဒါဟာ ယခင်နှစ် မော်ဒယ်များရဲ့ ကြိုတင်မှာယူမှုများထက် ပိုမိုများတဲ့ ပမာဏ ဖြစ်ပါတယ်။ မော်ဒယ်အသစ်များဟာ ဒီနှစ်ကုန်မှာ အလုံးရေ ၁၈ သန်းဝန်းကျင် ရောင်းချရနိုင်တယ်လို့ သူက ပြောပါတယ်။ မော်ဒယ်အသစ်များကို လူကြိုက်ပိုများလာစေတဲ့ တစ်ချက်က ECG ပါဝင်လာမှုကြောင့် ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.