iOS 12 , watchOS 5 နဲ႔ tvOS 12 တို႔ကို ျဖန္႔ခ်ီလိုက္ၿပီ

0
468

Apple က iOS 12 , watchOS 5 နဲ႔ tvOS 12 တို႔ကို ျဖန္႔ခ်ီေပးလိုက္ပါတယ္။ iOS 12 ကို iPhone 5s နဲ႔ ေနာက္ပိုင္းထုတ္ အိုင္ဖုန္းမ်ား၊ iPad Air နဲ႔ iPad Pro Model အားလံုး၊ iPad 5 ၊ iPad 6 ၊ iPad mini 2 နဲ႔ ေနာက္ပိုင္း ေမာ္ဒယ္မ်ား၊ iPod Touch 6th Generation မ်ားမွာ အဆင့္ျမွင့္ႏိုင္ပါတယ္။

iOS 12 မွာ စြမ္းေဆာင္ရည္ကို အဓိကထား ဖန္တီးေပးထားေပမယ့္ လုပ္ေဆာင္ခ်က္ အသစ္ အနည္းငယ္နဲ႔ တိုးတက္မႈမ်ား ပါလာပါတယ္။ အခုဆိုရင္ Do Not Disturb က သင္ သတ္မွတ္ထားတဲ့ အခ်ိန္၊ တည္ေနရာနဲ႔ Action မ်ားအေပၚ မူတည္၍ အလိုအေလွ်ာက္ရပ္နားလာႏုိင္ပါတယ္။ ဖုန္းသံုးတဲ့ အခ်ိန္ကို ထိန္းခ်ဳပ္ႏုိင္ေအာင္ ကူညီေပးမယ့္ Screen Time ပါလာပါတယ္။

iOS Apps မ်ားအတြက္ Siri Shortcuts အမည္ရ လုပ္ေဆာင္ခ်က္ အသစ္ပါလာပါတယ္။ IFTTT လိုမ်ိဳး Routine မ်ားကို အလိုအေလွ်ာက္ ျပဳလုပ္ႏုိင္ေအာင္ သတ္မွတ္ထားႏုိင္ပါတယ္။ စြမ္းေဆာင္ရည္ အပိုင္းမွာ App မ်ား ဖြင့္ရာမွာ ၇၀ ရာခုိင္ႏႈန္း ပိုျမန္လာပါတယ္။ App တစ္ခုစီရဲ႕ Notifications မ်ားကို အုပ္စုဖြဲ႕ေပးထားတဲ့အတြက္ Notifications မ်ားကို စီမံခန္႔ခြဲရာမွာ ပိုမို ေကာင္းလာပါတယ္။

watchOS 5 မွာ ေလ့က်င့္ခန္းလုပ္တာကို အလိုအေလွ်ာက္ သိၿပီး တိုင္းတာေပးျခင္း၊ အျခား Apple Watch Users မ်ားနဲ႔ စကားေျပာႏုိင္မယ့္ Walkie-Talkie App မ်ား ပါလာပါတယ္။ သူငယ္ခ်င္းမ်ားနဲ႔ ေလ့က်င့္ခန္းမ်ား ယွဥ္ၿပိဳင္ ျပဳလုပ္ဖို႔ အတြက္ ျဖစ္ပါတယ္။ Yoga နဲ႔ ေတာင္တက္ျခင္းမ်ားကို တိုင္းတာေပးလာႏုိင္ပါတယ္။ Siri ကို ဆင့္ေခၚဖို႔အတြက္ Series 3 နဲ႔ ေနာက္ပိုင္းထုတ္ ေမာ္ဒယ္မ်ားမွာ လက္ေကာက္၀တ္ကို ပါးစပ္နားကပ္လိုက္တာနဲ႔ အိုေကပါၿပီ။ ရုပ္ရွင္မ်ားအတြက္ Dolby Atmos Audio ကို ေထာက္ပံ့လာတဲ့ tvOS 12 ကို 4th Gen နဲ႔ 4K Apple TV မ်ားမွာ အဆင့္ျမွင့္ႏုိင္ပါတယ္။

unicode

iOS 12 , watchOS 5 နဲ့ tvOS 12 တို့ကို ဖြန့်ချီလိုက်ပြီ

Apple က iOS 12 , watchOS 5 နဲ့ tvOS 12 တို့ကို ဖြန့်ချီပေးလိုက်ပါတယ်။ iOS 12 ကို iPhone 5s နဲ့ နောက်ပိုင်းထုတ် အိုင်ဖုန်းများ၊ iPad Air နဲ့ iPad Pro Model အားလုံး၊ iPad 5 ၊ iPad 6 ၊ iPad mini 2 နဲ့ နောက်ပိုင်း မော်ဒယ်များ၊ iPod Touch 6th Generation များမှာ အဆင့်မြှင့်နိုင်ပါတယ်။

iOS 12 မှာ စွမ်းဆောင်ရည်ကို အဓိကထား ဖန်တီးပေးထားပေမယ့် လုပ်ဆောင်ချက် အသစ် အနည်းငယ်နဲ့ တိုးတက်မှုများ ပါလာပါတယ်။ အခုဆိုရင် Do Not Disturb က သင် သတ်မှတ်ထားတဲ့ အချိန်၊ တည်နေရာနဲ့ Action များအပေါ် မူတည်၍ အလိုအလျှောက်ရပ်နားလာနိုင်ပါတယ်။ ဖုန်းသုံးတဲ့ အချိန်ကို ထိန်းချုပ်နိုင်အောင် ကူညီပေးမယ့် Screen Time ပါလာပါတယ်။

iOS Apps များအတွက် Siri Shortcuts အမည်ရ လုပ်ဆောင်ချက် အသစ်ပါလာပါတယ်။ IFTTT လိုမျိုး Routine များကို အလိုအလျှောက် ပြုလုပ်နိုင်အောင် သတ်မှတ်ထားနိုင်ပါတယ်။ စွမ်းဆောင်ရည် အပိုင်းမှာ App များ ဖွင့်ရာမှာ ၇၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။ App တစ်ခုစီရဲ့ Notifications များကို အုပ်စုဖွဲ့ပေးထားတဲ့အတွက် Notifications များကို စီမံခန့်ခွဲရာမှာ ပိုမို ကောင်းလာပါတယ်။

watchOS 5 မှာ လေ့ကျင့်ခန်းလုပ်တာကို အလိုအလျှောက် သိပြီး တိုင်းတာပေးခြင်း၊ အခြား Apple Watch Users များနဲ့ စကားပြောနိုင်မယ့် Walkie-Talkie App များ ပါလာပါတယ်။ သူငယ်ချင်းများနဲ့ လေ့ကျင့်ခန်းများ ယှဉ်ပြိုင် ပြုလုပ်ဖို့ အတွက် ဖြစ်ပါတယ်။ Yoga နဲ့ တောင်တက်ခြင်းများကို တိုင်းတာပေးလာနိုင်ပါတယ်။ Siri ကို ဆင့်ခေါ်ဖို့အတွက် Series 3 နဲ့ နောက်ပိုင်းထုတ် မော်ဒယ်များမှာ လက်ကောက်ဝတ်ကို ပါးစပ်နားကပ်လိုက်တာနဲ့ အိုကေပါပြီ။ ရုပ်ရှင်များအတွက် Dolby Atmos Audio ကို ထောက်ပံ့လာတဲ့ tvOS 12 ကို 4th Gen နဲ့ 4K Apple TV များမှာ အဆင့်မြှင့်နိုင်ပါတယ်။

Leave a Reply