Google နဲ့ OnePlus တို့ပူးပေါင်းတဲ့ puzzles ပြိုင်ပွဲ
0
466
Zawgyi Version
သတိပြုရန်တွေကတော့
Unicode Version
puzzles ကြိုက်လား။ software element နဲ့စပြီးတော့ hardware ပိုင်းအထိပြောင်းသွားပြီး ရက်ပေါင်းများစွာဖြေရှင်းရမယ်ဆိုရင်ရော။ အဆင်ပြေတယ်ဆိုရင်တော့ OnePlus နဲ့ Google တို့က သင့်အတွက် စပါယ်ရှယ်ဂိမ်းကို ထုတ်လုပ်ပေးတော့မှာပါ။
Crackables လို့အမည်ပေးထားတဲ့ puzzle game လေးကတော့ သင့်ရဲ့မိုဘိုင်းလ်ဖုန်းပေါ်မှာ ကစားနိုင်မှာပါ။ — https://crackables.oneplus.com — ကနေ ရနိုင်မှာဖြစ်ပါတယ်။ software ပိုင်းနဲ့ စတင်ရမှာပါ။ “software round” ကတော့ စက်တင်ဘာ၁၈ရက်နေ့ မနက်၅နာရီမှာ စတင်မှာပါ။ သုံးရက်ကြာမြင့်မှာဖြစ်ပြီးတော့ ဆက်ကစားဖို့အတွက် puzzle သုံးခုကို ဖြေရှင်းရမှာပါ။
round ပြီးသွားတာနဲ့ အနိုင်ရသူ ၁၀၀၀ ကို OnePlus ကရွေးချယ်ပြီး “hardware round” ကို စက်တင်ဘာ၂၅ရက်နေ့ ၅နာရီမှာ စတင်မှာပါ။ ပြီးဆုံးချိန်ကတော့ စက်တင်ဘာ၂၈ရက် ၁၁နာရီ ၅၉မိနစ်ဖြစ်ပါတယ်။ OnePlus ကတော့ hardware round ပြီးချိန်မှာ အနိုင်ရသူကို ဆက်သွယ်သွားမှာပါ။ ပြီးတော့ တစ်ယောက်တည်း ရွေးမှာပါ။
သတိပြုရန်တွေကတော့
Crackables software round ကို လူတိုင်းကစားနိုင်အောင် (ဆူဒန်၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရန်၊ ကူပါ၊ Crimea နဲ့ အခြားနိုင်ငံတွေ) ဖန်တီးပေးထားပါတယ်။ အချိန်သတ်မှတ်ထားတဲ့အတွက်ကြောင့် Hardware Round မှာတော့ အချို့နိုင်ငံတွေကို ဖယ်ထားပါတယ်။ ကျွန်တော်တို့ devices လေးတွေကို မပို့နိုင်မှာစိုးတဲ့အတွက်ကြောင့်ပါ။
အနိုင်ရမယ့်သူက ဘာတွေရမလဲ။ OnePlus ကတော့ The Ultimate Gaming Set Up လို့ ပြောထားပါတယ်။ အဲဒီမှာ IWR1 IMPERATORWORKS Gaming Chair, 2 LG 42.5 Monitors နဲ့ Xidax PC တို့ကို ရရှိမှာပါ။
စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းတစ်ပါပဲ။ ဆုကြေးကိုရော ဘယ်လိုမြင်လဲ။ တန်ရဲ့လား။ သင်ရော Crackables ကို ကစားနိုင်ပါ့မလား။
Leave a Reply