digital movie purchase နဲ႕ ပတ္သတ္ျပီး Apple ေျဖရွင္းမႈအေပၚ သံုးစြဲသူမေက်နပ္ခဲ့

0
610

Zawgyi Version

ျပီးခဲ့တဲ့ရက္ေတြကေတာ့ Apple ဖန္ေတြအတြက္ စိတ္ေက်နပ္စရာျဖစ္ခဲ့မွာပါ။ iPhone XS နဲ႕ Apple Watch Series 4 ကို ျမင္လိုက္ရတာဆိုေတာ့။ ဒါေပမယ့္လည္း အခ်ိဳ႕ကေတာ့ သူတို႕ရဲ႕ကိုင္တြယ္ေျဖရွင္းနည္းကို မၾကိဳက္တဲ့သူေတြပါ။ စက္တင္ဘာ၁၀ရက္ေန႕တုန္းက တြစ္တာသံုးစြဲသူတစ္ေယာက္ျဖစ္တဲ့ Anders G da Silva က Apple ဆီကေန ေမးလ္တစ္ခုရခဲ့ပါတယ္။ သူဟာ iTunes ကေန ၀ယ္ထားတဲ့ ဇာတ္ကားသံုးကား ေပ်ာက္သြားတဲ့အတြက္ေၾကာင့္ ကြန္ပလိန္းတက္ထားခဲ့သူျဖစ္ပါတယ္။
Apple ကေတာ့ ဇာတ္ကားေတြပိုင္ဆုိင္တဲ့သူဟာ သူ၀ယ္လိုက္တဲ့အခ်ိန္မွာပဲ ကေနဒါ iTunes Store ကေန ဖယ္ရွားလိုက္တာျဖစ္တဲ့အတြက္ေၾကာင့္ Apple အေနနဲ႕ သူ႕ရဲ႕၀ယ္ယူမႈကိုျပန္ေပးလို႕မရေၾကာင္း ရွင္းျပခဲ့ပါတယ္။ Apple ကေတာ့ ဇာတ္ကားႏွစ္ကားစာ ေဒၚလာ၅.၉၉ ကို ျပန္ေပးခဲ့ပါတယ္။
အီးေမးလ္ကို တုိက္ရိုက္ screenshot ဖမ္းျပီးတင္ခဲ့တဲ့အတြက္ေၾကာင့္ ဒီသတင္းက ပ်ံ႕သြားခဲ့ပါတယ္။ retweets ၁၁၀၀၀ နဲ႕ like ၁၉၀၀၀ ရခဲ့ပါတယ္။ ဒါေၾကာင့္ Apple က တံု႕ျပန္ဖို႕လိုလာျပီလို႕ ေတြးလိုက္တာနဲ႕တူပါတယ္။ အခုလိုေျပာထားပါတယ္။
ေဒါင္းလုတ္ဆြဲထားတဲ့ဇာတ္ကားတုိင္းကို ၾကိဳက္တဲ့အခ်ိိန္မွာ ၾကည့္လို႕ရမွာျဖစ္ျပီးေတာ့ သင္မဖ်က္မမခ်င္းၾကည့္နုိင္မွာပါ။ country setting ေျပာင္းမယ္ဆိုရင္ေတာ့ သင္ေရြးခ်ယ္ထားတဲ့ဗားရွင္းက country အသစ္မွာ မရႏုိင္ဘူးဆိုရင္ေတာ့ ေဒါင္းလုတ္ျပန္ဆြဲလို႕မရႏုိင္ပါဘူး။ လိုအပ္မယ္ဆိုရင္ေတာ့ country setting ကို ျပန္ေျပာင္းျပီး ေဒါင္းလုတ္ဆြဲႏုိင္မွာပါ။
Apple မွာက content provider ေတြနဲ႕ပတ္သတ္ျပီး လုပ္ပိုင္ခြင့္ေတြရွိပါတယ္။ digital purchase ကို အဆင္မေျပမွာစိုးရင္ physical media ေတြပဲ၀ယ္လိုက္ပါ။ Apple က ဇာတ္ကားေတြ၊ တီဗြီရွိဳးေတြ၊ digital contentေတြကို hard drive ထဲ ေဒါင္းလုတ္ဆြဲလို႕ရတယ္လို႕ေျပာထားပါတယ္။ ဒီေတာ့ iTunes Store ကေန ေပ်ာက္သြားေအာင္ ေကာ္ပီေလးေတာ့ က်န္ခဲ့မွာပါ။
ဒါဟာ လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက စုစည္းထားေလ့ရ်ိတဲ့သူတစ္ေယာက္အတြက္ေတာ့ ေျပလည္တဲ့ေျဖရွင္းနည္းမဟုတ္ပါဘူး။ digital purchase ေတြက အျမဲတမ္းရွိေနမယ္လို႕ေတြးထားတဲ့သူေတြကို ေျပာျပလိုက္ပါဦး။ ေတာ္ၾကာ အမ်ားၾကီးတစ္ျပိဳင္နက္ေပ်ာက္သြားလို႕ သတိေတြလစ္သြားဦးမယ္။

Unicode Version

ပြီးခဲ့တဲ့ရက်တွေကတော့ Apple ဖန်တွေအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့မှာပါ။ iPhone XS နဲ့ Apple Watch Series 4 ကို မြင်လိုက်ရတာဆိုတော့။ ဒါပေမယ့်လည်း အချို့ကတော့ သူတို့ရဲ့ကိုင်တွယ်ဖြေရှင်းနည်းကို မကြိုက်တဲ့သူတွေပါ။ စက်တင်ဘာ၁၀ရက်နေ့တုန်းက တွစ်တာသုံးစွဲသူတစ်ယောက်ဖြစ်တဲ့ Anders G da Silva က Apple ဆီကနေ မေးလ်တစ်ခုရခဲ့ပါတယ်။ သူဟာ iTunes ကနေ ဝယ်ထားတဲ့ ဇာတ်ကားသုံးကား ပျောက်သွားတဲ့အတွက်ကြောင့် ကွန်ပလိန်းတက်ထားခဲ့သူဖြစ်ပါတယ်။
Apple ကတော့ ဇာတ်ကားတွေပိုင်ဆိုင်တဲ့သူဟာ သူဝယ်လိုက်တဲ့အချိန်မှာပဲ ကနေဒါ iTunes Store ကနေ ဖယ်ရှားလိုက်တာဖြစ်တဲ့အတွက်ကြောင့် Apple အနေနဲ့ သူ့ရဲ့ဝယ်ယူမှုကိုပြန်ပေးလို့မရကြောင်း ရှင်းပြခဲ့ပါတယ်။ Apple ကတော့ ဇာတ်ကားနှစ်ကားစာ ဒေါ်လာ၅.၉၉ ကို ပြန်ပေးခဲ့ပါတယ်။
အီးမေးလ်ကို တိုက်ရိုက် screenshot ဖမ်းပြီးတင်ခဲ့တဲ့အတွက်ကြောင့် ဒီသတင်းက ပျံ့သွားခဲ့ပါတယ်။ retweets ၁၁၀၀၀ နဲ့ like ၁၉၀၀၀ ရခဲ့ပါတယ်။ ဒါကြောင့် Apple က တုံ့ပြန်ဖို့လိုလာပြီလို့ တွေးလိုက်တာနဲ့တူပါတယ်။ အခုလိုပြောထားပါတယ်။
ဒေါင်းလုတ်ဆွဲထားတဲ့ဇာတ်ကားတိုင်းကို ကြိုက်တဲ့အချိန်မှာ ကြည့်လို့ရမှာဖြစ်ပြီးတော့ သင်မဖျက်မမချင်းကြည့်နိုင်မှာပါ။ country setting ပြောင်းမယ်ဆိုရင်တော့ သင်ရွေးချယ်ထားတဲ့ဗားရှင်းက country အသစ်မှာ မရနိုင်ဘူးဆိုရင်တော့ ဒေါင်းလုတ်ပြန်ဆွဲလို့မရနိုင်ပါဘူး။ လိုအပ်မယ်ဆိုရင်တော့ country setting ကို ပြန်ပြောင်းပြီး ဒေါင်းလုတ်ဆွဲနိုင်မှာပါ။
Apple မှာက content provider တွေနဲ့ပတ်သတ်ပြီး လုပ်ပိုင်ခွင့်တွေရှိပါတယ်။ digital purchase ကို အဆင်မပြေမှာစိုးရင် physical media တွေပဲဝယ်လိုက်ပါ။ Apple က ဇာတ်ကားတွေ၊ တီဗွီရှိုးတွေ၊ digital contentတွေကို hard drive ထဲ ဒေါင်းလုတ်ဆွဲလို့ရတယ်လို့ပြောထားပါတယ်။ ဒီတော့ iTunes Store ကနေ ပျောက်သွားအောင် ကော်ပီလေးတော့ ကျန်ခဲ့မှာပါ။
ဒါဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက စုစည်းထားလေ့ရျိတဲ့သူတစ်ယောက်အတွက်တော့ ပြေလည်တဲ့ဖြေရှင်းနည်းမဟုတ်ပါဘူး။ digital purchase တွေက အမြဲတမ်းရှိနေမယ်လို့တွေးထားတဲ့သူတွေကို ပြောပြလိုက်ပါဦး။ တော်ကြာ အများကြီးတစ်ပြိုင်နက်ပျောက်သွားလို့ သတိတွေလစ်သွားဦးမယ်။

Leave a Reply