Posted on Leave a comment

Amazfit Verge Smartwatch ကို မိတ္ဆက္လိုက္တဲ့ Xiaomi

တရုတ္မွာ ေရွာင္မီရဲ႕ ဘရန္းခြဲ တစ္ခု ျဖစ္တဲ့ Huami က Amazfit Verge အမည္ရ စမတ္နာရီ အသစ္တစ္လံုးကို ေၾကညာလိုက္ပါတယ္။ ေရွာင္မီရဲ႕ ထံုးစံအတိုင္း ေစ်းသက္သာၿပီး ယြမ္ ၈၀၀ သာ က်သင့္ပါတယ္။ ေဒၚလာအားျဖင့္ ၁၁၅ သာ ရွိပါတယ္။ JD.com နဲ႔ Tmall တို႔ကေန ေရာင္းခ်ေပးေနပါၿပီ။

သူ႔မွာ ၁.၃ လက္မ မ်က္ႏွာျပင္၀ိုင္း တပ္ဆင္ထားပါတယ္။ မ်က္ႏွာျပင္ အရည္အေသြးမွာ 360x360p ျဖစ္ၿပီး AMOLED အမ်ိဳးအစား ျဖစ္ပါတယ္။ Gorilla Glass 3 ျဖင့္ မ်က္ႏွာျပင္ကို ကာကြယ္ထားပါတယ္။ Dual Core Processor , 512MB RAM , 4GB Storage မ်ား ပါပါတယ္။ ဘက္ထရီ သက္တမ္းမွာ ၅ ရက္ျဖစ္ပါတယ္။ သူ႔ရဲ႕ အထူမွာ ၁၂.၆ မီလီမီတာနဲ႔ အေလးခ်ိန္မွာ ၄၆ ဂရမ္ ျဖစ္ပါတယ္။

GPS ပါတဲ့အတြက္ တည္ေနရာ ေျခရာခံမႈအတြက္ စမတ္ဖုန္းကို မွီခိုဖို႔ မလိုေတာ့ပါဘူး။ NFC ပါတဲ့အတြက္ တရုတ္မွာ AliPay ကို သံုးႏုိင္ပါတယ္။ IP68 စံႏႈန္းပါတဲ့အတြက္ ေရစိုခံႏုိင္ပါတယ္။ သူ႔ကို ၀တ္ဆင္ၿပီး ေရခ်ိဳးႏုိင္ေပမယ့္ ေရကူးရင္ေတာ့ မ၀တ္ဆင္ႏုိင္ပါဘူး။ မိုက္ကရိုဖုန္းနဲ႔ စပီကာ ပါၿပီး ဖုန္း၀င္လာရင္ နာရီကေန ေျပာႏုိင္ပါတယ္။ ေရွာင္မီရဲ႕ ကိုယ္ပိုင္ OS ထည့္သြင္းထားပါတယ္။

Xiao Digital Assistant က သင္ ေမးတာေတြကို ေျဖေပးမွာပါ။ သူ႔မွာ Mijia Ecosystem ထည့္သြင္းထားတဲ့အတြက္ နာရီကေန Yi Lights, Wall Sockets , Air Conditioner , Smart Robots , Rice Cookers မ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။

unicode

Amazfit Verge Smartwatch ကို မိတ်ဆက်လိုက်တဲ့ Xiaomi

တရုတ်မှာ ရှောင်မီရဲ့ ဘရန်းခွဲ တစ်ခု ဖြစ်တဲ့ Huami က Amazfit Verge အမည်ရ စမတ်နာရီ အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ ရှောင်မီရဲ့ ထုံးစံအတိုင်း ဈေးသက်သာပြီး ယွမ် ၈၀၀ သာ ကျသင့်ပါတယ်။ ဒေါ်လာအားဖြင့် ၁၁၅ သာ ရှိပါတယ်။ JD.com နဲ့ Tmall တို့ကနေ ရောင်းချပေးနေပါပြီ။

သူ့မှာ ၁.၃ လက်မ မျက်နှာပြင်ဝိုင်း တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ 360x360p ဖြစ်ပြီး AMOLED အမျိုးအစား ဖြစ်ပါတယ်။ Gorilla Glass 3 ဖြင့် မျက်နှာပြင်ကို ကာကွယ်ထားပါတယ်။ Dual Core Processor , 512MB RAM , 4GB Storage များ ပါပါတယ်။ ဘက်ထရီ သက်တမ်းမှာ ၅ ရက်ဖြစ်ပါတယ်။ သူ့ရဲ့ အထူမှာ ၁၂.၆ မီလီမီတာနဲ့ အလေးချိန်မှာ ၄၆ ဂရမ် ဖြစ်ပါတယ်။

GPS ပါတဲ့အတွက် တည်နေရာ ခြေရာခံမှုအတွက် စမတ်ဖုန်းကို မှီခိုဖို့ မလိုတော့ပါဘူး။ NFC ပါတဲ့အတွက် တရုတ်မှာ AliPay ကို သုံးနိုင်ပါတယ်။ IP68 စံနှုန်းပါတဲ့အတွက် ရေစိုခံနိုင်ပါတယ်။ သူ့ကို ဝတ်ဆင်ပြီး ရေချိုးနိုင်ပေမယ့် ရေကူးရင်တော့ မဝတ်ဆင်နိုင်ပါဘူး။ မိုက်ကရိုဖုန်းနဲ့ စပီကာ ပါပြီး ဖုန်းဝင်လာရင် နာရီကနေ ပြောနိုင်ပါတယ်။ ရှောင်မီရဲ့ ကိုယ်ပိုင် OS ထည့်သွင်းထားပါတယ်။

Xiao Digital Assistant က သင် မေးတာတွေကို ဖြေပေးမှာပါ။ သူ့မှာ Mijia Ecosystem ထည့်သွင်းထားတဲ့အတွက် နာရီကနေ Yi Lights, Wall Sockets , Air Conditioner , Smart Robots , Rice Cookers များကို ထိန်းချုပ်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.