ေအာက္တိုဘာလမွာ ျမင္ေတြ႕ရဖုိ႕ မေသခ်ာႏုိင္္တဲ့ iPhone XR

0
664

Zawgyi Version

မႏွစ္ကတုန္းက Apple flagship iPhone ျဖစ္တဲ့ iPhone X ကေတာ့ ႏို၀င္ဘာအေစာပိုင္းေလာက္အထိ launch မလုပ္ခဲ့ပါဘူး။ iPhone 8 model ေတြ စင္ေပၚေရာက္ျပီး တစ္လခြဲေတာင္ ၾကာခဲ့ပါျပီ။ ဒီႏွစ္မွာေတာ့ iPhone ေမာ္ဒယ္လ္သံုးလံုးကို launch လုပ္မယ့္အခ်ိန္ထက္ေစာျပီး ထုတ္ထားတယ္လို႕ သတင္းေတြထြက္ခဲ့ပါတယ္။ ဒီႏွစ္လည္း ထပ္ျဖစ္ျပန္ပါတယ္။ iPhone XR ကို မိတ္ဆက္တဲ့အခ်ိန္မွာ အေတာ္ေလးလူၾကိဳက္မ်ားႏုိင္ေပမယ့္လည္း ေအာက္တိုဘာလကုန္အထိ မေရာက္ႏုိင္ျပန္ပါဘူး။
iPhone XR launch date ကေတာ့ အံ့ၾသသြားခဲ့ပါတယ္။ XS model ေတြဟာ နည္းပညာအျမင့္ေတြ ပိုလိုအပ္တယ္မလား။ iPhone XR က ဘာလို႕သူတို႕ထက္ေနာက္က်ေနရတာလဲ။ အေျဖရွာလိုက္ေတာ့ ရုိုးရိုးေလးပါပဲ။ Apple က OLED display ေတြကိုထုတ္လုပ္လာတာ အံတိုေနပါျပီ။ iPhone XR က LCD သံုးထားပါတယ္။ စိန္ေခၚမႈအသစ္နဲ႕ ရင္ဆုိင္ေနရတာပါ။
ဘာေၾကာင့္မ်ား ေနာက္က်ေနရတာလဲဆိုတာကေတာ့ The Verge က အေျဖရွာထားပါတယ္။ အေၾကာင္းကေတာ့ LCD panel ထုတ္လုပ္တဲ့အပိုင္းမွာ အခက္အခဲေတြ႕ေနလို႕ပါတဲ့။
ကၽြန္ေတာ္တို႕ၾကားထားသမွ်ဆိုရင္ေတာ့ software ပိုင္းမွာ ျဖစ္ေနတာပါ။ LCD ထဲမွာ ထည့္ထားတဲ့ software ေတြက ပထမဆံုးအေနနဲ႕ဆိုေတာ့ အဆင္မေျပျဖစ္ေနပါတယ္။ အဲဒီ display ေတြက မလံုေလာက္ဘူးျဖစ္ေနပါတယ္။ ဒီေတာ့ ေနာက္ဆံုးမိနစ္မီေအာင္ ထုတ္လုပ္သူေတြကို ဆက္သြယ္ေနရပါတယ္။
အတိုခ်ဳပ္ေျပာရမယ္ဆိုရင္ေတာ့ iPhone XRရဲ႕ LCD display ေတြက ရက္ၾကာေစခဲ့တာပါ။ စင္ေပၚေရာက္လာရင္လည္း အဆင္ေျပပါေစလို႕ ေမွ်ာ္လင့္ရမယ္။ ျပီးေတာ့ အေရာင္အကုန္ထြက္လာဖို႕ ဆုေတာင္းရမွာပါ။ preorder ေတြကိုေတာ့ ေအာက္တိုဘာ ၁၉ရက္ေန႕မွာ လက္ခံျပီး ေအာက္တိုဘာ ၂၆ရက္ေန႕မွာ ေရာင္းခ်ေပးသြားမွာပါ။ ကၽြန္ေတာ္တို႕ MMAS မွာလည္း ေအာ္ဒါတင္လို႕ရတယ္ေနာ္။

Unicode Version

မနှစ်ကတုန်းက Apple flagship iPhone ဖြစ်တဲ့ iPhone X ကတော့ နိုဝင်ဘာအစောပိုင်းလောက်အထိ launch မလုပ်ခဲ့ပါဘူး။ iPhone 8 model တွေ စင်ပေါ်ရောက်ပြီး တစ်လခွဲတောင် ကြာခဲ့ပါပြီ။ ဒီနှစ်မှာတော့ iPhone မော်ဒယ်လ်သုံးလုံးကို launch လုပ်မယ့်အချိန်ထက်စောပြီး ထုတ်ထားတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒီနှစ်လည်း ထပ်ဖြစ်ပြန်ပါတယ်။ iPhone XR ကို မိတ်ဆက်တဲ့အချိန်မှာ အတော်လေးလူကြိုက်များနိုင်ပေမယ့်လည်း အောက်တိုဘာလကုန်အထိ မရောက်နိုင်ပြန်ပါဘူး။
iPhone XR launch date ကတော့ အံ့သြသွားခဲ့ပါတယ်။ XS model တွေဟာ နည်းပညာအမြင့်တွေ ပိုလိုအပ်တယ်မလား။ iPhone XR က ဘာလို့သူတို့ထက်နောက်ကျနေရတာလဲ။ အဖြေရှာလိုက်တော့ ရိုးရိုးလေးပါပဲ။ Apple က OLED display တွေကိုထုတ်လုပ်လာတာ အံတိုနေပါပြီ။ iPhone XR က LCD သုံးထားပါတယ်။ စိန်ခေါ်မှုအသစ်နဲ့ ရင်ဆိုင်နေရတာပါ။
ဘာကြောင့်များ နောက်ကျနေရတာလဲဆိုတာကတော့ The Verge က အဖြေရှာထားပါတယ်။ အကြောင်းကတော့ LCD panel ထုတ်လုပ်တဲ့အပိုင်းမှာ အခက်အခဲတွေ့နေလို့ပါတဲ့။
ကျွန်တော်တို့ကြားထားသမျှဆိုရင်တော့ software ပိုင်းမှာ ဖြစ်နေတာပါ။ LCD ထဲမှာ ထည့်ထားတဲ့ software တွေက ပထမဆုံးအနေနဲ့ဆိုတော့ အဆင်မပြေဖြစ်နေပါတယ်။ အဲဒီ display တွေက မလုံလောက်ဘူးဖြစ်နေပါတယ်။ ဒီတော့ နောက်ဆုံးမိနစ်မီအောင် ထုတ်လုပ်သူတွေကို ဆက်သွယ်နေရပါတယ်။
အတိုချုပ်ပြောရမယ်ဆိုရင်တော့ iPhone XRရဲ့ LCD display တွေက ရက်ကြာစေခဲ့တာပါ။ စင်ပေါ်ရောက်လာရင်လည်း အဆင်ပြေပါစေလို့ မျှော်လင့်ရမယ်။ ပြီးတော့ အရောင်အကုန်ထွက်လာဖို့ ဆုတောင်းရမှာပါ။ preorder တွေကိုတော့ အောက်တိုဘာ ၁၉ရက်နေ့မှာ လက်ခံပြီး အောက်တိုဘာ ၂၆ရက်နေ့မှာ ရောင်းချပေးသွားမှာပါ။ ကျွန်တော်တို့ MMAS မှာလည်း အော်ဒါတင်လို့ရတယ်နော်။

Leave a Reply