သမၼတအဆင့္သတိေပးခ်က္အေနနဲ႕ ယူအက္စ္က ဖုန္းတုိင္းကို Trump မွ စာပို႕ႏုိင္

0
932

Zawgyi Version

ေအာက္တိုဘာသံုးရက္ေန႕မွာေတာ့ မိုဘိုင္းလ္သတိိေပးခ်က္ကို တစ္ႏုိင္ငံလံုးအတုိင္းအတာအေနျဖင့္ အေရးေပၚမက္ေဆ့ခ်္ပို႕ျခင္းအေၾကာင္းအရာကို စမ္းသပ္သြားမွာပါ။
ဒီေတာ့ ေအာက္တိုဘာသံုးရက္ေန႕မွာ အေမရိကန္ျပည္သူျပည္သားေတြ လန္႕မသြားပါနဲ႕လို႕ ေျပာခ်င္ပါတယ္။
အေထြေထြအေရးေပၚစီမံေရးေအဂ်င္စီကေတာ့ သူ႕ရဲ႕အေရးေပၚအသိေပးခ်က္စနစ္နဲ႕ ၾကိဳးမဲ့အေရးေပၚသတိေပးခ်က္စနစ္ေတြကု ေအာက္တိုဘာ၃ရက္ ၂၀၁၈ခုႏွစ္ ၂နာရီ ၁၈မိနစ္အခ်ိန္မွာ စမ္းသပ္သြားမယ္လို႕ သိရပါတယ္။
Integrated Public Alert and Warning System, or IPAWS စမ္းသပ္မႈကေတာ့ အေရးေပၚကိစၥရပ္တစ္ခုကို သမၼတအေနနဲ႕ ေပးပို႕ႏုိင္စြမ္းရွိမရွိဆိုတာကို စမ္းသပ္မွာျဖစ္ပါတယ္။ ေအာက္တိိုဘာသံုးရက္ေန႕မွာေတာ့ ယူအက္စ္ျပည္သူေတြထံ ေရာက္ရွိလာမွာျဖစ္ပါတယ္။ FEMA ကေတာ့ ေခါင္းစီးမွာ သမၼတအဆင့္သတိေပးခ်က္လို႕ တပ္ထားမွာျဖစ္ျပီးေတာ့ “ဒါဟာ National Wireless Emergency Alert System အတြက္ စမ္းသပ္မႈသာျဖစ္သည္။ ဘာမွလုပ္ေဆာင္ရန္မလို ” ဟု ေရးသားထားမွာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္။
Wireless Emergency Alert (WEA) မက္ေဆ့ခ်္ေလးကေတာ့ WEA program မွာ ပါ၀င္ထားတဲ့ wireless carrier မွတစ္ဆင့္ ဖုန္းတုိင္းကိုပို႕မွာပါ။ WEA မွာပါ၀င္ထားတဲ့ carrier ေတြကေတာ့ ၁၀၀ေက်ာ္ေလာက္ရွိျပီးေတာ့ ေမဂ်ာလုပ္ငန္းေတြလည္း ပါေနမွာပါ။
စစခ်င္းစမ္းသပ္မႈကေတာ့ စက္တင္ဘာ၂၀ရက္ေန႕မွာ ရည္ရြယ္ထားေပမယ့္လည္း ေအာက္တိိုဘာလကို ေျပာင္းခဲ့တာပါ။
ေကာင္းတာကေတာ့ အေရးေပၚအေျခအေနအတြက္ အဆင္ေျပေစျပီးေတာ့ မေကာင္းတာကေတာ့ အေႏွာင့္အယွက္ျဖစ္ရပါတယ္။ ဇန္န၀ါရီလတုန္းကလည္း ဟာ၀ိုင္အီမွာ ပဲ႕ထိန္းဒံုးက်ည္လာမယ့္အေၾကာင္း သတိေပးခ်က္ထုတ္ခဲ့ပါတယ္။ အဲဒီသတိေပးခ်က္က အမွားျဖစ္တယ္လို႕ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း ျပည္သူအေတာ္မ်ားမ်ား ထိတ္လန္႕ခဲ့ရပါတယ္။

Unicode Version

အောက်တိုဘာသုံးရက်နေ့မှာတော့ မိုဘိုင်းလ်သတိပေးချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အရေးပေါ်မက်ဆေ့ချ်ပို့ခြင်းအကြောင်းအရာကို စမ်းသပ်သွားမှာပါ။
ဒီတော့ အောက်တိုဘာသုံးရက်နေ့မှာ အမေရိကန်ပြည်သူပြည်သားတွေ လန့်မသွားပါနဲ့လို့ ပြောချင်ပါတယ်။
အထွေထွေအရေးပေါ်စီမံရေးအေဂျင်စီကတော့ သူ့ရဲ့အရေးပေါ်အသိပေးချက်စနစ်နဲ့ ကြိုးမဲ့အရေးပေါ်သတိပေးချက်စနစ်တွေကု အောက်တိုဘာ၃ရက် ၂၀၁၈ခုနှစ် ၂နာရီ ၁၈မိနစ်အချိန်မှာ စမ်းသပ်သွားမယ်လို့ သိရပါတယ်။
Integrated Public Alert and Warning System, or IPAWS စမ်းသပ်မှုကတော့ အရေးပေါ်ကိစ္စရပ်တစ်ခုကို သမ္မတအနေနဲ့ ပေးပို့နိုင်စွမ်းရှိမရှိဆိုတာကို စမ်းသပ်မှာဖြစ်ပါတယ်။ အောက်တိုဘာသုံးရက်နေ့မှာတော့ ယူအက်စ်ပြည်သူတွေထံ ရောက်ရှိလာမှာဖြစ်ပါတယ်။ FEMA ကတော့ ခေါင်းစီးမှာ သမ္မတအဆင့်သတိပေးချက်လို့ တပ်ထားမှာဖြစ်ပြီးတော့ “ဒါဟာ National Wireless Emergency Alert System အတွက် စမ်းသပ်မှုသာဖြစ်သည်။ ဘာမှလုပ်ဆောင်ရန်မလို ” ဟု ရေးသားထားမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
Wireless Emergency Alert (WEA) မက်ဆေ့ချ်လေးကတော့ WEA program မှာ ပါဝင်ထားတဲ့ wireless carrier မှတစ်ဆင့် ဖုန်းတိုင်းကိုပို့မှာပါ။ WEA မှာပါဝင်ထားတဲ့ carrier တွေကတော့ ၁၀၀ကျော်လောက်ရှိပြီးတော့ မေဂျာလုပ်ငန်းတွေလည်း ပါနေမှာပါ။
စစချင်းစမ်းသပ်မှုကတော့ စက်တင်ဘာ၂၀ရက်နေ့မှာ ရည်ရွယ်ထားပေမယ့်လည်း အောက်တိုဘာလကို ပြောင်းခဲ့တာပါ။
ကောင်းတာကတော့ အရေးပေါ်အခြေအနေအတွက် အဆင်ပြေစေပြီးတော့ မကောင်းတာကတော့ အနှောင့်အယှက်ဖြစ်ရပါတယ်။ ဇန်နဝါရီလတုန်းကလည်း ဟာဝိုင်အီမှာ ပဲ့ထိန်းဒုံးကျည်လာမယ့်အကြောင်း သတိပေးချက်ထုတ်ခဲ့ပါတယ်။ အဲဒီသတိပေးချက်က အမှားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်သူအတော်များများ ထိတ်လန့်ခဲ့ရပါတယ်။

Leave a Reply