Posted on Leave a comment





unicode

Xiaomi Mi 8 Youth ရဲ့ Teaser Video ထွက်ရှိ

Xiaomi က Mi 8 ရဲ့ မော်ဒယ် အသစ်များကို တရုတ်မှာ ကြေညာဖို့ ရှိနေပါတယ်။ Xiaomi Mi 8 Youth ရဲ့ သတင်းအချက်အလက်များ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ ရှောင်မီက သူ့ရဲ့ Teaser Video တစ်ခုကို ဝီဘို ဝက်ဘ်ဆိုက်မှာ မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ကို အသားပေးပြထားပြီး ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ ဖုန်းရဲ့ ဒီဇိုင်းကိုလည်း သေချာမြင်ရပါတယ်။

ယခင်ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ သူကတော့ 6.26လက်မ မျက်နှာပြင်ကျယ်နဲ့ ထွက်ရှိလာနိုင်ပြီး chipset ပိုင်းဆိုရင်တော့ Snapdragon 710 ကိုအသုံးပြုပေးထားမှာပါ။ Resolution ကတော့ 2280 x 1080 pixels ရှိပြီးတော့ 19:9 ratio ပဲဖြစ်ပါတယ်။ မျက်နှာပြင်မှာတော့ notch ပါဝင်ပါတယ်။ RAM ကတော့ 6GB ဖြစ်ပြီးတော့ storage ပိုင်းကတော့ 64GB ပဲဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ ၂ လုံးတပ်ဆင်ပေးထားပြီး primary sensor က 12MP ပဲဖြစ်ပါတယ်။ secondary ကတော့ 2 MP or 5 MP ပဲဖြစ်ပါတယ်။

Selfie ကင်မရာကတော့ 24MP တောင်ဆိုတော့ သူက ဓာတ်ပုံရိုက်ဝါသနာပါတဲ့ လူငယ်တွေအတွက် တော်တော်အဆင်ပြေမှာပဲ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းကတော့ 3,350mAh ဖြစ်ပြီး အားအမြန်သွင်းစနစ် Quick Charge 3.0 နည်းပညာကို အသုံးပြုပေးထားပါတယ်။ MIUI 9.6 ကိုအသုံးပြုထားပြီး Android Oreo ပေါ်မှာ run မှာပဲ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကြေညာမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.