eSIM နည္းပညာကို ကမာၻေပၚမွာ ဆယ္ႏုိင္ငံကသာ ေထာက္ပံ့ေပးႏုိင္ေသး

0
1075

Zawgyi Version

iPhone XS နဲ႕ XS Max ေတြမွာ dual SIM လုပ္ေဆာင္ခ်က္ေတြ ပါ၀င္လာပါျပီ။ တရုတ္ႏုိင္ငံအတြက္ကေတာ့ special edition အျဖစ္နဲ႕ physical sim ႏွစ္ခုထည့္ႏုိင္ေအာင္ လုပ္ေဆာင္ေပးထားပါတယ္။ တရုတ္ႏုိင္ငံျပင္ပကလူေတြကေတာ့ eSIM ကို အသံုးျပဳရမွာပါ။ eSIM က အားသာခ်က္ေတြမ်ားတယ္ဆိုေသာ္ျငားလည္း အဲဒီနည္းပညာကို ေထာက္ပံ့ေပးႏုိင္တဲ့အေနအထား နည္းေနပါေသးတယ္။
အခုအခ်ိန္မွာ ေထာက္ပံ့ေပးႏုိင္တဲ့ႏုိင္ငံေတြကေတာ့ ၾသစေတးလ်၊ ကေနဒါ၊ ခရိုေအးရွား၊ Czech Republic ၊ ဂ်ာမနီ၊ ဟန္ေဂရီ၊ အိႏၵိယ၊ စပိန္၊ ယူေကနဲ႕ ယူအက္စ္တို႕ပဲ ျဖစ္ပါတယ္။ ယူအက္စ္မွာရွိတဲ့ Sprint နဲ႕ လုပ္ငန္းေသးေသးေလးေတြကလည္း မေထာက္ပံ့ႏုိင္ၾကေသးပါဘူး။ ဒီေတာ့ T-Mobile, Verizon, or AT&T ကို ေျပာင္းသံုးရမွာပါ။ Sprint ကေတာ့ ေထာက္ပံ့ေပးႏုိင္ေအာင္ ၾကိဳးစားေနတယ္လို႕ေျပာထားေပမယ့္လည္း အခ်ိန္အတိအက်ေတာ့ မထြက္လာေသးပါဘူး။
dual-SIM ကို 3Q17-2Q18 အလိုက္ တြက္ခ်က္ၾကည့္ရမယ္ဆိုရင္
India 98%
Philippines 92%
China 90%
Indonesia 77%
UK 29%
USA 4%
Source: IDC Mobile Phone Tracker, 2Q18

တရုတ္မွာေတာ့ special dual SIM tray နည္းပညာေၾကာင့္ စိတ္ခ်ရပါတယ္။ China Telecom နဲ႕ China Mobile တို႕လို major carrier ေတြကေတာ့ ျမိဳ႕ၾကီးေတြမွာ eSIM ကို မိတ္ဆက္ထားပါတယ္။ ဒါေပမယ့္လည္း တရုတ္ႏုိင္ငံမွာရွိတဲ့ အျခားဖုန္းေတြလိုပဲ iPhone အသစ္ေတြဟာ ႏွစ္ကဒ္ထိုးနုိင္မွာပါ။ ဒါက ခ်က္ခ်င္းသံုးလို႕ရမွာပါ။ က်န္တဲ့ႏုိင္ငံေတြကေတာ့ eSIM ကို iOS 12 ေပၚလာမွ ရႏုိင္မွာပါ။
Dual SIM card support ေၾကာင့္ ဖုန္းနံပါတ္ႏွစ္ခုကို တစ္ျပိဳင္နက္တည္း ထည့္သြင္းႏုိင္တာမို႕ ခရီးသြားခ်ိိန္မွာ အဆင္ေျပေစႏုိင္ပါတယ္။ ဖြံ႕ျဖိဳးဆဲႏုိင္ငံေတြအတြက္ေတာ့ roaming fee နဲ႕ ေအာ္ပေရတာေျပာင္းသံုးျခင္း၊ ဖုန္းနံပါတ္ႏွစ္ခု တစ္ျပိဳင္နက္တည္းဖြင့္ထားႏုိင္ျခင္းေတြ ခံစားရမွာပါ။
eSIM ကို ေထာက္ပံ့ေပးႏုိင္မႈႏႈန္းက နည္းပါးေနေသးတယ္ဆိုေပမယ့္လည္း carrier ေတြအတြက္ တြန္းအားတစ္ခုျဖစ္လာေစမွာပါ။ eSIM support ရမယ္ဆိုရင္ company ေတြနဲ႕ တိုက္ရိုက္ခ်ိတ္ဆက္ခြင့္ရမွာပါ။ carriers battle ေတြျဖစ္လာတဲ့အတြက္ေၾကာင့္ ေစ်းႏႈန္းသက္သာမႈေတြလည္း ခံစားရႏုိင္ပါတယ္။ unlimited data plan တို႕လိုမ်ိဳးေပါ့။ ေမွ်ာ္လင့္ရတာပဲေလ။

Unicode Version

iPhone XS နဲ့ XS Max တွေမှာ dual SIM လုပ်ဆောင်ချက်တွေ ပါဝင်လာပါပြီ။ တရုတ်နိုင်ငံအတွက်ကတော့ special edition အဖြစ်နဲ့ physical sim နှစ်ခုထည့်နိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ တရုတ်နိုင်ငံပြင်ပကလူတွေကတော့ eSIM ကို အသုံးပြုရမှာပါ။ eSIM က အားသာချက်တွေများတယ်ဆိုသော်ငြားလည်း အဲဒီနည်းပညာကို ထောက်ပံ့ပေးနိုင်တဲ့အနေအထား နည်းနေပါသေးတယ်။
အခုအချိန်မှာ ထောက်ပံ့ပေးနိုင်တဲ့နိုင်ငံတွေကတော့ သြစတေးလျ၊ ကနေဒါ၊ ခရိုအေးရှား၊ Czech Republic ၊ ဂျာမနီ၊ ဟန်ဂေရီ၊ အိန္ဒိယ၊ စပိန်၊ ယူကေနဲ့ ယူအက်စ်တို့ပဲ ဖြစ်ပါတယ်။ ယူအက်စ်မှာရှိတဲ့ Sprint နဲ့ လုပ်ငန်းသေးသေးလေးတွေကလည်း မထောက်ပံ့နိုင်ကြသေးပါဘူး။ ဒီတော့ T-Mobile, Verizon, or AT&T ကို ပြောင်းသုံးရမှာပါ။ Sprint ကတော့ ထောက်ပံ့ပေးနိုင်အောင် ကြိုးစားနေတယ်လို့ပြောထားပေမယ့်လည်း အချိန်အတိအကျတော့ မထွက်လာသေးပါဘူး။
dual-SIM ကို 3Q17-2Q18 အလိုက် တွက်ချက်ကြည့်ရမယ်ဆိုရင်
India 98%
Philippines 92%
China 90%
Indonesia 77%
UK 29%
USA 4%
Source: IDC Mobile Phone Tracker, 2Q18

တရုတ်မှာတော့ special dual SIM tray နည်းပညာကြောင့် စိတ်ချရပါတယ်။ China Telecom နဲ့ China Mobile တို့လို major carrier တွေကတော့ မြို့ကြီးတွေမှာ eSIM ကို မိတ်ဆက်ထားပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံမှာရှိတဲ့ အခြားဖုန်းတွေလိုပဲ iPhone အသစ်တွေဟာ နှစ်ကဒ်ထိုးနိုင်မှာပါ။ ဒါက ချက်ချင်းသုံးလို့ရမှာပါ။ ကျန်တဲ့နိုင်ငံတွေကတော့ eSIM ကို iOS 12 ပေါ်လာမှ ရနိုင်မှာပါ။
Dual SIM card support ကြောင့် ဖုန်းနံပါတ်နှစ်ခုကို တစ်ပြိုင်နက်တည်း ထည့်သွင်းနိုင်တာမို့ ခရီးသွားချိန်မှာ အဆင်ပြေစေနိုင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်တော့ roaming fee နဲ့ အော်ပရေတာပြောင်းသုံးခြင်း၊ ဖုန်းနံပါတ်နှစ်ခု တစ်ပြိုင်နက်တည်းဖွင့်ထားနိုင်ခြင်းတွေ ခံစားရမှာပါ။
eSIM ကို ထောက်ပံ့ပေးနိုင်မှုနှုန်းက နည်းပါးနေသေးတယ်ဆိုပေမယ့်လည်း carrier တွေအတွက် တွန်းအားတစ်ခုဖြစ်လာစေမှာပါ။ eSIM support ရမယ်ဆိုရင် company တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ခွင့်ရမှာပါ။ carriers battle တွေဖြစ်လာတဲ့အတွက်ကြောင့် ဈေးနှုန်းသက်သာမှုတွေလည်း ခံစားရနိုင်ပါတယ်။ unlimited data plan တို့လိုမျိုးပေါ့။ မျှော်လင့်ရတာပဲလေ။

 

Leave a Reply