eSIM ကို ခ်က္ခ်င္းအသံုးျပဳႏုိင္ဦးမည္ မဟုတ္ေသး

0
1121

Zawgyi Version

Apple ေၾကညာတဲ့ထုတ္ကုန္အသစ္ေတြမွာ software ေသာ္လည္းေကာင္း၊ hardware ေသာ္လည္းေကာင္း အသံုးျပဳႏုိင္မယ့္ရက္ေတြ ေနာက္က်တတ္တာကို ေတြ႕ဖူးၾကံဳဖူးၾကပါတယ္။ အခုလည္း iPhone အသစ္ေတြမွာ ဒီကိစၥျဖစ္ေနတုန္းပါပဲ။ iPhone XR ဆိုရင္ ေအာက္တိုဘာလအထိ ေအာ္ဒါတင္လို႕ရဦးမွာ မဟုတ္ေသးပါဘူး။ ေနာက္ျပီး iPhone XS ေတြကလည္း စတိုးဆိုင္ကို တစ္ပတ္ေက်ာ္ေလာက္မွ ေရာက္လာမွာပါ။
ပထမဆံုးအၾကိမ္အေနနဲ႕ Apple က ႏွစ္ကဒ္ထိုး iPhone ေတြကို ထုတ္လုပ္လုိက္ပါတယ္။ iPhone သံုးလံုးစလံုး ထည့္သြင္းေပးထားတယ္ဆိုေပမယ့္လည္း feature ကို ခ်က္ခ်င္းမသံုးႏုိင္ေသးပါဘူး။ Apple က ပြဲေန႕မွာရွင္းထားသလိုပဲ။ ႏွစ္မ်ိဳးႏွစ္စား ထုတ္လုပ္ထားပါတယ္။
တရုတ္ႏုိင္ငံမွာေတာ့ physical nano-SIM ႏွစ္ခုကို iPhone XS, iPhone XS Max နဲ႕ iPhone XR တို႕မွာ အသံုးျပဳႏုိင္မွာပါ။
ဥေရာပနဲ႕ ယူအက္စ္မွာေတာ့ စိတ္လႈပ္ရွားစရာေကာင္းျခင္းနဲ႕ စိတ္ပ်က္စရာေကာင္းျခင္းကို တစ္ျပိဳင္နက္ေပးစြမ္းထားပါတယ္။ eSIM ကို မိတ္ဆက္ထားျပီးေတာ့ အရင္တုန္းက iPad နဲ႕ LTE ပါတဲ့ Apple Watch ေမာ္ဒယ္လ္ေတြမွာ အသံုးျပဳခဲ့တဲ့ အမ်ိဳးအစားေလး ျဖစ္ပါတယ္။


ဒါေပမယ့္လည္း Apple ရဲ႕ ေျပာၾကားခ်က္အရ eSIM ကို ေနာက္ပိုင္းမွသာ activate လုပ္ႏိုင္မွာျဖစ္တယ္လို႕ သိရပါတယ္။ iOS 12 update မွာ ျဖစ္နုိင္ပါတယ္။ ဒါေတြကလည္း ေဒသတြင္းက ဆက္သြယ္ေရးေအာ္ပေရတာေတြအေပၚလည္း မူတည္ေနပါေသးတယ္။
eSIM ကေတာ့ ဒီႏွစ္ေႏွာင္းပုိင္းေလာက္မွ software update ကေန ရလာမွာပါ။ သံုးခ်င္တယ္ဆိုရင္ေတာ့ wireless service plan လိုအပ္ပါတယ္။ ဒါေလးကေတာ့ ေအာ္ပေရတာေျပာင္းလဲျခင္းအတြက္ ကန္႕သတ္ထားႏုိင္ေလာက္ပါတယ္။ carrier အားလံုးကလည္း ေထာက္ပံ့မေပးႏုိင္ေသးပါဘူး။ eSIM ကုိ iPhone မွာ သံုးခ်င္တယ္ဆိုရင္ေတာ့ carrier ေတြဆီကေန ၀ယ္တဲ့အခါ သတိထားပါ။ အေသးစိတ္ေမးျမန္းပါ။
Apple က eSIM လုပ္ေဆာင္ဖို႕အတြက္ carriers ေတြနဲ႕ တုိင္ပင္ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘူးလို႕ သတင္းေတြအရင္ကတည္းက ထြက္ေနခဲ့တာပါ။ အခုေရာ ဘယ္လိုလဲဆိုတာ မေသခ်ာေသးပါဘူး။
iPhone XS or XR ေရာက္ဖို႕ေစာင့္ေနခ်ိန္မွာ Apple က eSIM ကို ရေအာင္လုပ္ေပးေနမွာပါ။
eSIM သံုးခ်င္တယ္ဆိုရင္ေတာ့ unlock ဖုန္းေတြ၀ယ္ဖို႕ အၾကံေပးထားပါတယ္။ ဒါဆိုရင္ေတာ့ ေအာ္ပေရတာကို စိတ္ၾကိဳက္ေရြးလို႕ရျပီေပါ့။ ဒါေပမယ့္လည္း eSIM ေပးႏုိင္တဲ့သူက နည္းနည္းပဲရွိေသးတယ္ေနာ္။

eSIM နဲ႕ cellular plan ဘယ္လို၀ယ္ရလဲဆိုတာေတြကိုပါ ရွင္းျပေပးထားပါတယ္။ SIM ႏွစ္ခုလံုးကိုအသံုးျပဳျပီးေတာ့ ဖုန္းေခၚ၊ မက္ေဆ့ခ်္ပို႕နည္းေတြကိုလည္း ရွင္းထားပါတယ္။ SIM တုိင္းဟာ နာမည္ေလးေတြသတ္မွတ္ထားႏုိင္တဲ့အတြက္ေၾကာင့္ ဘယ္ဟာကိုသံုးေနလဲဆိုတာ ရွင္းလင္းေစပါတယ္။ data အတြက္ သက္သက္၊ ဖုန္းအတြက္သက္သက္လည္း သတ္မွတ္ထားလို႕ရပါတယ္။ Data ကိုေတာ့ တစ္ၾကိမ္မွာ တစ္ကဒ္သာ အသံုးျပဳႏုိင္မွာပါ။ iMessage နဲ႕ FaceTime ကေတာ့ ေရြးခ်ယ္ထားတဲ့ဖုန္းနံပါတ္အလိုက္ အလုပ္လုပ္မွာပါ။


Apple ကေတာ့ contact တစ္ခုကို အျမဲေခၚေနၾက SIM နဲ႕ ေခၚႏုိင္ေအာင္ SIM နဲ႕တြဲဖက္ထားေပးမွာျဖစ္ပါတယ္။ ဒီေတာ့ အလုပ္အတြက္ဆိုရင္တစ္မ်ိဳး၊ ကိုယ္ေရးကိုယ္တာအတြက္ကတစ္မ်ိဳး သတ္မွတ္ထားလို႕ရပါတယ္။
physical SIM card ေတြပဲ သံုးခ်င္တယ္ဆိုရင္ေတာ့ တရုတ္ကေန၀ယ္ပါ။
ဒါေပမယ့္လည္း Region က တရုတ္ျဖစ္ေနတာကို ခံစားႏုိင္လားလည္း တစ္ခ်က္ျပန္စဥ္းစားၾကည့္ပါ။ Dual SIM နဲ႕ One SIM ကလည္း သိပ္ကြာလွတယ္ေတာ့မဟုတ္ဘူးေလ။

Unicode Versioin

Apple ကြေညာတဲ့ထုတ်ကုန်အသစ်တွေမှာ software သော်လည်းကောင်း၊ hardware သော်လည်းကောင်း အသုံးပြုနိုင်မယ့်ရက်တွေ နောက်ကျတတ်တာကို တွေ့ဖူးကြုံဖူးကြပါတယ်။ အခုလည်း iPhone အသစ်တွေမှာ ဒီကိစ္စဖြစ်နေတုန်းပါပဲ။ iPhone XR ဆိုရင် အောက်တိုဘာလအထိ အော်ဒါတင်လို့ရဦးမှာ မဟုတ်သေးပါဘူး။ နောက်ပြီး iPhone XS တွေကလည်း စတိုးဆိုင်ကို တစ်ပတ်ကျော်လောက်မှ ရောက်လာမှာပါ။
ပထမဆုံးအကြိမ်အနေနဲ့ Apple က နှစ်ကဒ်ထိုး iPhone တွေကို ထုတ်လုပ်လိုက်ပါတယ်။ iPhone သုံးလုံးစလုံး ထည့်သွင်းပေးထားတယ်ဆိုပေမယ့်လည်း feature ကို ချက်ချင်းမသုံးနိုင်သေးပါဘူး။ Apple က ပွဲနေ့မှာရှင်းထားသလိုပဲ။ နှစ်မျိုးနှစ်စား ထုတ်လုပ်ထားပါတယ်။
တရုတ်နိုင်ငံမှာတော့ physical nano-SIM နှစ်ခုကို iPhone XS, iPhone XS Max နဲ့ iPhone XR တို့မှာ အသုံးပြုနိုင်မှာပါ။

ဥရောပနဲ့ ယူအက်စ်မှာတော့ စိတ်လှုပ်ရှားစရာကောင်းခြင်းနဲ့ စိတ်ပျက်စရာကောင်းခြင်းကို တစ်ပြိုင်နက်ပေးစွမ်းထားပါတယ်။ eSIM ကို မိတ်ဆက်ထားပြီးတော့ အရင်တုန်းက iPad နဲ့ LTE ပါတဲ့ Apple Watch မော်ဒယ်လ်တွေမှာ အသုံးပြုခဲ့တဲ့ အမျိုးအစားလေး ဖြစ်ပါတယ်။
ဒါပေမယ့်လည်း Apple ရဲ့ ပြောကြားချက်အရ eSIM ကို နောက်ပိုင်းမှသာ activate လုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ iOS 12 update မှာ ဖြစ်နိုင်ပါတယ်။ ဒါတွေကလည်း ဒေသတွင်းက ဆက်သွယ်ရေးအော်ပရေတာတွေအပေါ်လည်း မူတည်နေပါသေးတယ်။


eSIM ကတော့ ဒီနှစ်နှောင်းပိုင်းလောက်မှ software update ကနေ ရလာမှာပါ။ သုံးချင်တယ်ဆိုရင်တော့ wireless service plan လိုအပ်ပါတယ်။ ဒါလေးကတော့ အော်ပရေတာပြောင်းလဲခြင်းအတွက် ကန့်သတ်ထားနိုင်လောက်ပါတယ်။ carrier အားလုံးကလည်း ထောက်ပံ့မပေးနိုင်သေးပါဘူး။ eSIM ကို iPhone မှာ သုံးချင်တယ်ဆိုရင်တော့ carrier တွေဆီကနေ ဝယ်တဲ့အခါ သတိထားပါ။ အသေးစိတ်မေးမြန်းပါ။
Apple က eSIM လုပ်ဆောင်ဖို့အတွက် carriers တွေနဲ့ တိုင်ပင်ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ သတင်းတွေအရင်ကတည်းက ထွက်နေခဲ့တာပါ။ အခုရော ဘယ်လိုလဲဆိုတာ မသေချာသေးပါဘူး။
iPhone XS or XR ရောက်ဖို့စောင့်နေချိန်မှာ Apple က eSIM ကို ရအောင်လုပ်ပေးနေမှာပါ။
eSIM သုံးချင်တယ်ဆိုရင်တော့ unlock ဖုန်းတွေဝယ်ဖို့ အကြံပေးထားပါတယ်။ ဒါဆိုရင်တော့ အော်ပရေတာကို စိတ်ကြိုက်ရွေးလို့ရပြီပေါ့။ ဒါပေမယ့်လည်း eSIM ပေးနိုင်တဲ့သူက နည်းနည်းပဲရှိသေးတယ်နော်။


eSIM နဲ့ cellular plan ဘယ်လိုဝယ်ရလဲဆိုတာတွေကိုပါ ရှင်းပြပေးထားပါတယ်။ SIM နှစ်ခုလုံးကိုအသုံးပြုပြီးတော့ ဖုန်းခေါ်၊ မက်ဆေ့ချ်ပို့နည်းတွေကိုလည်း ရှင်းထားပါတယ်။ SIM တိုင်းဟာ နာမည်လေးတွေသတ်မှတ်ထားနိုင်တဲ့အတွက်ကြောင့် ဘယ်ဟာကိုသုံးနေလဲဆိုတာ ရှင်းလင်းစေပါတယ်။ data အတွက် သက်သက်၊ ဖုန်းအတွက်သက်သက်လည်း သတ်မှတ်ထားလို့ရပါတယ်။ Data ကိုတော့ တစ်ကြိမ်မှာ တစ်ကဒ်သာ အသုံးပြုနိုင်မှာပါ။ iMessage နဲ့ FaceTime ကတော့ ရွေးချယ်ထားတဲ့ဖုန်းနံပါတ်အလိုက် အလုပ်လုပ်မှာပါ။


Apple ကတော့ contact တစ်ခုကို အမြဲခေါ်နေကြ SIM နဲ့ ခေါ်နိုင်အောင် SIM နဲ့တွဲဖက်ထားပေးမှာဖြစ်ပါတယ်။ ဒီတော့ အလုပ်အတွက်ဆိုရင်တစ်မျိုး၊ ကိုယ်ရေးကိုယ်တာအတွက်ကတစ်မျိုး သတ်မှတ်ထားလို့ရပါတယ်။
physical SIM card တွေပဲ သုံးချင်တယ်ဆိုရင်တော့ တရုတ်ကနေဝယ်ပါ။
ဒါပေမယ့်လည်း Region က တရုတ်ဖြစ်နေတာကို ခံစားနိုင်လားလည်း တစ်ချက်ပြန်စဉ်းစားကြည့်ပါ။ Dual SIM နဲ့ One SIM ကလည်း သိပ်ကွာလှတယ်တော့မဟုတ်ဘူးလေ။

Leave a Reply