
0
578




unicode

Android Pie အခြေပြု OxygenOS Open Beta 3 ရသွားတဲ့ OnePlus 6

OnePlus 6 အတွက် Android 9.0 Pie အခြေပြု OxygenOS Open Beta 3 ကို ဖြန့်ချီပေးလိုက်ပါတယ်။ Open Beta Program မှာ ပါဝင်ထားသူများက OTA ကနေ ရယူနိုင်ပါတယ်။ Update မှာ တိုးတက်မှု အသစ်များ ပါလာပါတယ်။ Google Assistant နဲ့ Third-Party Assistant Apps များကိုပါ ထောက်ပံ့လာပါတယ်။ ပါဝါ ခလုတ်ကို ဝ.၅ စက္ကန့် ဖိထားရင် သင် ရွေးချယ်ထားတဲ့ Assistant ကို ဖွင့်နိုင်ပါတယ်။

Parallel Apps များ ထောက်ပံ့မှုက ပိုမိုများပြားလာပြီး Telegram, Discord, IMO, Uber နဲ့ OLA တို့ ပါဝင်လာပါတယ်။ OnePlus Switch App နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ Android Devices များ ပိုမိုများပြားလာပါတယ်။ Users များအတွက် Face Unlock နဲ့ Fingerprint Scanner များကို အသုံးပြုတဲ့အခါမှာ ပိုမိုချောမွတ်လာပါတယ်။

Update မှာ Bugs များကို ပြင်ဆင်ထားခြင်းနဲ့ အဖက်ဖက်က တည်ငြိမ်အောင် ပြုလုပ်ထားခြင်းများသာ အဓိက ပါလာတယ်လို့ပြောပေမယ့် Google Play is not working ပြဿနာ ရှိနေပါသေးတယ်။ ဒါ့အပြင် အချို့ App များက ကောင်းစွာ အလုပ်မလုပ်တာကို တွေ့ရပါတယ်။ Update ကို အဆင့်မြှင့်ပြီး သူများဟာ တွေ့ကြုံရတဲ့ Bugs များ ၊ ပြဿနာများကို Community App ကနေ တင်ပြနိုင်ပါတယ်။

Leave a Reply