“4x fun” event မှာ Galaxy device တစ်ခုကို တွေ့မြင်ရနိုင်

0
637

Zawgyi Version


Unicode Version

အောက်တိုဘာလကတော့ Android သမားတွေအတွက် ရင်ခုန်စရာနေ့ရက်လေးတွေ ဖြစ်နေမှာပါ။ LG နဲ့ Goolge ပြီးတဲ့နောက်မှာတော့ Samsung ရောက်လာပါပြီ။ နောက်လမှာ hardware အသစ်တွေကို ထုတ်ပြနိုင်ပါတယ်။
Samsung ကတော့ Galaxy အသစ်လေးကို အောက်တိုဘာ ၁၁ရက်နေ့မှာကျင်းပမယ့် “4x fun” event မှာ ပြသမယ်လို့ ပြောထားပါတယ်။ အရင်တုန်းကထက် ကိုယ်ဘယ်သူဆိုတာ ဖော်ပြနိုင်မယ့်ပစ္စည်းလေးလို့တော့ ဖွင့်ဟထားပါတယ်။
ဘာတွေကြေညာမလဲဆိုတာကတော့ မှန်းထားပါတယ်။ Samsung event တော့ မဟုတ်ပါဘူး။ flagship Galaxy တွေကလည်း ပြသထားပြီးသား။ တက်ဘလက်လေးတွေကလည်း ထွက်ပြီးသား။ ခေါက်နိုင်တဲ့စမတ်ဖုန်းလေးလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် အဲဒီဖုန်းအတွက် အသေးစိတ်ကို နိုဝင်ဘာလမှာကျင်းပမယ့် Samsung’s Developer Conference မှာ ပြောမယ်ဆိုတော့ စဉ်းစားစရာပါပဲ။ ဘယ်လိုနေနေ တစ်ခုခုတော့ တစ်ခုခု မြင်ရမယ်ဆိုတာ ကျိန်းသေပါတယ်။

Leave a Reply