အမ်ိဳးသမီးရဲ႕ ပိုက္ဆံ အိတ္ထဲမွာ မီးေလာင္သြားတဲ့ Samsung Galaxy Note 9

0
1787

အိမ္ျခံေျမ ပြဲစား တစ္ဦး ျဖစ္တဲ့ Diane Chung အမည္ရ အမ်ိဳးသမီးတစ္ဦးဟာ စက္တင္ဘာလ ၃ ရက္ေန႔မွာ သူမရဲ႕ Samsung Galaxy Note 9 ဟာ ပိုက္ဆံအိတ္ထဲမွာ မီးေလာင္မႈ ျဖစ္ပြားခဲ့တယ္လုိ႔ ေရးသားထားပါတယ္။ နယူးေယာက္မွာ ဒီ ျဖစ္ရပ္ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး သူမက ဒီျဖစ္ရပ္အတြက္ Queens Supreme တရားရံုးမွာ အမႈဖြင့္ထားတယ္လို႔ ေျပာပါတယ္။

သူမက ဖုန္းသံုးရင္း အလြန္ ပူလာတဲ့အတြက္ ပိုက္ဆံအိတ္ထဲကို ထည့္ခဲ့ပါတယ္။ သိပ္မၾကာခင္မွာ တရႊီရႊီနဲ႔ အသံျမည္လာၿပီး ပိုက္ဆံအိတ္ထဲကေန မီးခိုးမ်ား ထြက္လာပါတယ္။ သူမဟာ ဖုန္းကို ဓါတ္ေလွခါး ၾကမ္းျပင္ေပၚ ပစ္ခ်ခဲ့ပါတယ္။ ဒါေပမယ့္ မီးဆက္ေလာင္ေနတဲ့အတြက္ သူမဟာ အ၀တ္တစ္ခုနဲ႔ ဖုန္းကို ကိုင္ၿပီး ေရပံုးတစ္ခုထဲကို ထည့္လိုက္ပါတယ္။

ဆမ္ေဆာင္းက “ ဒီျဖစ္ရပ္ကို စံုစမ္းေနပါတယ္။ Note 9 မီးေလာင္တဲ့ အျခား တိုင္တန္းမႈမ်ားေတာ့ မရွိေသးပါဘူး။ ဆမ္ေဆာင္းဟာ ေဖာက္သည္မ်ားရဲ႕ လံုျခံဳေရးကို အးထူး ဂရုျပဳၿပီး အေမရိကန္မွာ ေရာင္းခ်တဲ့ Galaxy Devices သန္းေပါင္းမ်ားစြာရဲ႕ အရည္အေသြးကို အလြန္ ေကာင္းေအာင္ ျပဳလုပ္ေပးထားပါတယ္။ “ လို႔ ေၾကညာထားပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ လြန္ခဲ့တဲ့ ၂ ႏွစ္၊ ၂၀၁၆ ခုႏွစ္က Galaxy Note 7 ရဲ႕ ၾကမၼာဆိုးကို ျပန္လည္ အမွတ္ရသြားေစပါတယ္။ ဆမ္ေဆာင္းဟာ Note 7 Phone မ်ား ကမာၻအ၀န္းမွာ မီးေလာင္မႈေၾကာင့္ ျပန္လည္ သိမ္းယူခဲ့ရပါတယ္။ ဘက္ထရီေၾကာင့္ မီးေလာင္ခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီအတြက္ ကုမၸဏီဟာ Note 7 ထုတ္လုပ္မႈကိုလည္း ရပ္နားခဲ့ရပါတယ္။ အဲဒီေနာက္မွာ ဆမ္ေဆာင္းက အနာဂတ္မွာ ဘက္ထရီမ်ားကို အဆင့္ ၈ ဆင့္ျဖင့္ စစ္ေဆးတဲ့ နည္းပညာကို ဖန္တီးခဲ့ပါတယ္။

unicode

အမျိုးသမီးရဲ့ ပိုက်ဆံ အိတ်ထဲမှာ မီးလောင်သွားတဲ့ Samsung Galaxy Note 9

အိမ်ခြံမြေ ပွဲစား တစ်ဦး ဖြစ်တဲ့ Diane Chung အမည်ရ အမျိုးသမီးတစ်ဦးဟာ စက်တင်ဘာလ ၃ ရက်နေ့မှာ သူမရဲ့ Samsung Galaxy Note 9 ဟာ ပိုက်ဆံအိတ်ထဲမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။ နယူးယောက်မှာ ဒီ ဖြစ်ရပ်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သူမက ဒီဖြစ်ရပ်အတွက် Queens Supreme တရားရုံးမှာ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

သူမက ဖုန်းသုံးရင်း အလွန် ပူလာတဲ့အတွက် ပိုက်ဆံအိတ်ထဲကို ထည့်ခဲ့ပါတယ်။ သိပ်မကြာခင်မှာ တရွှီရွှီနဲ့ အသံမြည်လာပြီး ပိုက်ဆံအိတ်ထဲကနေ မီးခိုးများ ထွက်လာပါတယ်။ သူမဟာ ဖုန်းကို ဓါတ်လှေခါး ကြမ်းပြင်ပေါ် ပစ်ချခဲ့ပါတယ်။ ဒါပေမယ့် မီးဆက်လောင်နေတဲ့အတွက် သူမဟာ အဝတ်တစ်ခုနဲ့ ဖုန်းကို ကိုင်ပြီး ရေပုံးတစ်ခုထဲကို ထည့်လိုက်ပါတယ်။

ဆမ်ဆောင်းက “ ဒီဖြစ်ရပ်ကို စုံစမ်းနေပါတယ်။ Note 9 မီးလောင်တဲ့ အခြား တိုင်တန်းမှုများတော့ မရှိသေးပါဘူး။ ဆမ်ဆောင်းဟာ ဖောက်သည်များရဲ့ လုံခြုံရေးကို အးထူး ဂရုပြုပြီး အမေရိကန်မှာ ရောင်းချတဲ့ Galaxy Devices သန်းပေါင်းများစွာရဲ့ အရည်အသွေးကို အလွန် ကောင်းအောင် ပြုလုပ်ပေးထားပါတယ်။ “ လို့ ကြေညာထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် လွန်ခဲ့တဲ့ ၂ နှစ်၊ ၂၀၁၆ ခုနှစ်က Galaxy Note 7 ရဲ့ ကြမ္မာဆိုးကို ပြန်လည် အမှတ်ရသွားစေပါတယ်။ ဆမ်ဆောင်းဟာ Note 7 Phone များ ကမ္ဘာအဝန်းမှာ မီးလောင်မှုကြောင့် ပြန်လည် သိမ်းယူခဲ့ရပါတယ်။ ဘက်ထရီကြောင့် မီးလောင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအတွက် ကုမ္ပဏီဟာ Note 7 ထုတ်လုပ်မှုကိုလည်း ရပ်နားခဲ့ရပါတယ်။ အဲဒီနောက်မှာ ဆမ်ဆောင်းက အနာဂတ်မှာ ဘက်ထရီများကို အဆင့် ၈ ဆင့်ဖြင့် စစ်ဆေးတဲ့ နည်းပညာကို ဖန်တီးခဲ့ပါတယ်။

Leave a Reply