အနက္ေရာင္ ျပန္ထုတ္ေပးမယ့္ Surface Laptop 2

0
660

Microsoft က မူလ Surface RT အတြက္ အနက္ေရာင္ ထုတ္လုပ္ေပးထားပါတယ္။ အဲဒီေနာက္မွာေတာ့ Surface Laptop မ်ားအတြက္ အနက္ေရာင္ကို ထုတ္လုပ္ေပးျခင္း မရွိခဲ့ပါဘူး။ အခုေတာ့ မၾကာခင္မွာ ေၾကညာမယ့္ Surface Laptop 2 အတြက္ အနက္ေရာင္ကို ျပန္လည္ ထုတ္လုပ္ေပးမယ္လို႔ သတင္းထြက္လာပါတယ္။ ဂ်ာမနီကေန ထြက္လာတဲ့ သတင္းအရ Surface Laptop 2 နဲ Surface Pro ႏွစ္မ်ိဳးစလံုးအတြက္ပါ အနက္ေရာင္ ထြက္ရွိလာမယ္လို႔ သိရပါတယ္။

ေအာက္တိုဘာနဲ႔ စက္တင္ဘာလကေတာ့ ပြဲႀကီးပြဲေကာင္းေတြ ရွိတဲ့လလုိ႔ေတာင္ ဆိုႏုိင္ပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုရင္ Google အေနနဲ႔ ေအာက္တိုဘာ ၉ရက္ေန႔မွာ Pixels စီးရီးဖုန္းသစ္ေတြကို မိတ္ဆက္သြားမယ္လို႔ တရားဝင္ေၾကညာထားသလုိ ၊ Apple ကလည္း ယခုလ ၁၂ရက္ေန႔မွာ စမတ္ဖုန္းသစ္ေတြကို မိတ္ဆက္ေၾကညာသြားေတာ့မွာပါ။ မိုက္ကရိုေဆာဖ့္ကလည္း Surface event ကိုေအာက္တိုဘာ ၂ရက္ေန႔မွာ က်င္းပသြားမယ္လို႔ ေၾကညာထားပါတယ္။

Microsoft အေနနဲ႔ ထုတ္ကုန္သစ္ကို နယူးေယာက္စံေတာ္ခ်ိန္ ၄နာရီမွာ စတင္မိတ္ဆက္ သြားမယ္လို႔ ဆိုပါတယ္။ အဲဒီပြဲမွာ Surface Pro , Surface Laptop , Surface Studio , Surface Book အသစ္မ်ားကို ေၾကညာႏုိင္ပါတယ္။ ဖိတ္စာမွာေတာ့ မိတ္ဆက္မယ့္ ထုတ္ကုန္ေတြရဲ႕အေၾကာငး္ကို အနည္းငယ္ေတာင္ ေဖာ္ျပထားျခင္း မရွိပါဘူး။ “ A moment of your time” လို႔သာ ေရးသားထားပါတယ္။

Microsoft အေနနဲ႔ Windows 10 ကြန္ပ်ဴတာကေန ဖုန္းေတြကို SMS ေတြ တိုက္ရိုက္ပို႔ႏိုင္မယ့္ လုပ္ေဆာင္ခ်က္အသစ္ တစ္ခုကိုလည္း ထုတ္ေပးထားၿပီး Your Phone app လို႔ေခၚပါတယ္။ ယခု Feature ကို Windows 10 Insiders အသုံးျပဳသူေတြမွာ အရင္ထုတ္ေပးသြားမွာျဖစ္တယ္လို႕ သိရၿပီး ေနာက္လထြက္ရွိမယ့္ Windows 10 October Update ေရာက္ရင္ေတာ့ User အားလုံး အသုံးျပဳႏိုင္ေတာ့မွာပါ။ ကုမၸဏီအေနနဲ႔ ေအာက္တိုဘာ ၂ရက္ေန႔မွာ ျပဳလုပ္မယ့္ Surface event မွာ တရားဝင္ထုတ္ေပးသြား ႏိုင္ပါတယ္။

unicode

အနက်ရောင် ပြန်ထုတ်ပေးမယ့် Surface Laptop 2

Microsoft က မူလ Surface RT အတွက် အနက်ရောင် ထုတ်လုပ်ပေးထားပါတယ်။ အဲဒီနောက်မှာတော့ Surface Laptop များအတွက် အနက်ရောင်ကို ထုတ်လုပ်ပေးခြင်း မရှိခဲ့ပါဘူး။ အခုတော့ မကြာခင်မှာ ကြေညာမယ့် Surface Laptop 2 အတွက် အနက်ရောင်ကို ပြန်လည် ထုတ်လုပ်ပေးမယ်လို့ သတင်းထွက်လာပါတယ်။ ဂျာမနီကနေ ထွက်လာတဲ့ သတင်းအရ Surface Laptop 2 နဲ Surface Pro နှစ်မျိုးစလုံးအတွက်ပါ အနက်ရောင် ထွက်ရှိလာမယ်လို့ သိရပါတယ်။

အောက်တိုဘာနဲ့ စက်တင်ဘာလကတော့ ပွဲကြီးပွဲကောင်းတွေ ရှိတဲ့လလို့တောင် ဆိုနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် Google အနေနဲ့ အောက်တိုဘာ ၉ရက်နေ့မှာ Pixels စီးရီးဖုန်းသစ်တွေကို မိတ်ဆက်သွားမယ်လို့ တရားဝင်ကြေညာထားသလို ၊ Apple ကလည်း ယခုလ ၁၂ရက်နေ့မှာ စမတ်ဖုန်းသစ်တွေကို မိတ်ဆက်ကြေညာသွားတော့မှာပါ။ မိုက်ကရိုဆောဖ့်ကလည်း Surface event ကိုအောက်တိုဘာ ၂ရက်နေ့မှာ ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။

Microsoft အနေနဲ့ ထုတ်ကုန်သစ်ကို နယူးယောက်စံတော်ချိန် ၄နာရီမှာ စတင်မိတ်ဆက် သွားမယ်လို့ ဆိုပါတယ်။ အဲဒီပွဲမှာ Surface Pro , Surface Laptop , Surface Studio , Surface Book အသစ်များကို ကြေညာနိုင်ပါတယ်။ ဖိတ်စာမှာတော့ မိတ်ဆက်မယ့် ထုတ်ကုန်တွေရဲ့အကြောင်းကို အနည်းငယ်တောင် ဖော်ပြထားခြင်း မရှိပါဘူး။ “ A moment of your time” လို့သာ ရေးသားထားပါတယ်။

Microsoft အနေနဲ့ Windows 10 ကွန်ပျူတာကနေ ဖုန်းတွေကို SMS တွေ တိုက်ရိုက်ပို့နိုင်မယ့် လုပ်ဆောင်ချက်အသစ် တစ်ခုကိုလည်း ထုတ်ပေးထားပြီး Your Phone app လို့ခေါ်ပါတယ်။ ယခု Feature ကို Windows 10 Insiders အသုံးပြုသူတွေမှာ အရင်ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပြီး နောက်လထွက်ရှိမယ့် Windows 10 October Update ရောက်ရင်တော့ User အားလုံး အသုံးပြုနိုင်တော့မှာပါ။ ကုမ္ပဏီအနေနဲ့ အောက်တိုဘာ ၂ရက်နေ့မှာ ပြုလုပ်မယ့် Surface event မှာ တရားဝင်ထုတ်ပေးသွား နိုင်ပါတယ်။

Leave a Reply