Xiaomi က Mi 8X ကုိ Twilight Gold အေရာင္ေလးနဲ႔ထြက္ရွိမည္

0
809

Zawgyi version

Xiaomi က Mi 8X ဒါမွမဟုတ္ Mi 8 Youth လို႔ေခၚတဲ့ဖုန္းကို တရုတ္နိင္ငံမွာ ေနာက္အပတ္ေလာက္မိတ္ဆက္မွာပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕ဒီဇိုင္းကေတာ့ notch display နဲ႔ေရာက္ရွိလာမွာ ျဖစ္ျပီး ဖုန္းရဲ႕ေနာက္ေက်ာဘက္မွာလဲ ကင္မရာ ၂ လံုးကို အလ်ားလိုက္တပ္ဆင္ေပးထားပါတယ္။

Chipset ပို္င္းကိုေျပာရမယ္ဆိုရင္ Snapdragon 710 ကိုအသုံုးျပဳ ေပးထားပါတယ္။ မမ္မိုရီပိုင္းကေတာ့ RAM ေတြက 4/6/8 GB ေတြနဲ႔လာမွာ ျဖစ္ျပီး selfie ကင္မရာကေတာ့ 24 MP ပဲျဖစ္ပါတယ္။ OS ပို္င္းကေတာ့ Android Oreo ကိုအသံုးျပဳထားပါတယ္။ ဘက္ထရီပုိ္င္းကေတာ့ 3,250 mAh ပဲျဖစ္ပါတယ္။

သူ႔ရဲ႕ အေရာင္ေလးကေတာ့ ေနမင္းၾကီးက ၀င္ခါနီး ပုဇြန္ဆီေရာင္သန္း ေနတဲ့ ပံုစံမ်ိဳး အနီနဲ႔ပန္းေရာင္ကိုေရာစပ္ထားတဲ့ အေရာင္မ်ိဳးကို မိတ္ဆက္မွာပဲ ျဖစ္ပါတယ္။ သူ႔ကိုေတာ့ ေနာက္ထပ္တစ္ျခားအေရာင္ေတြနဲ႔ထြက္ရွိဖို႔လဲ အစီအစဥ္ရွိပါတယ္။  အေရာင္ေတြက ေတာ္ေတာ့္ကိုစံုလင္လွပါတယ္။ အေရာင္ေတြကေတာ့ အနက္ေရာင္၊ Rose Gold ၊ ေရႊေရာင္၊ အျဖဴေရာင္၊ အျပာေရာင္၊ အနီေရာင္၊ ပန္းေရာင္၊ မီးခိုးေရာင္၊ ေငြေရာင္၊ အစိမ္းေရာင္ နဲ႔ Blue-Violent ဆိုတဲ့ အေရာင္ေတြပဲျဖစ္ပါတယ္။

Unicode version

Xiaomi က Mi 8X ဒါမှမဟုတ် Mi 8 Youth လို့ခေါ်တဲ့ဖုန်းကို တရုတ်နိင်ငံမှာ နောက်အပတ်လောက်မိတ်ဆက်မှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဒီဇိုင်းကတော့ notch display နဲ့ရောက်ရှိလာမှာ ဖြစ်ပြီး ဖုန်းရဲ့နောက်ကျောဘက်မှာလဲ ကင်မရာ ၂ လုံးကို အလျားလိုက်တပ်ဆင်ပေးထားပါတယ်။
Chipset ပိုင်းကိုပြောရမယ်ဆိုရင် Snapdragon 710 ကိုအသုံးပြု ပေးထားပါတယ်။ မမ်မိုရီပိုင်းကတော့ RAM တွေက 4/6/8 GB တွေနဲ့လာမှာ ဖြစ်ပြီး selfie ကင်မရာကတော့ 24 MP ပဲဖြစ်ပါတယ်။ OS ပိုင်းကတော့ Android Oreo ကိုအသုံးပြုထားပါတယ်။ ဘက်ထရီပိုင်းကတော့ 3,250 mAh ပဲဖြစ်ပါတယ်။
သူ့ရဲ့ အရောင်လေးကတော့ နေမင်းကြီးက ဝင်ခါနီး ပုဇွန်ဆီရောင်သန်း နေတဲ့ ပုံစံမျိုး အနီနဲ့ပန်းရောင်ကိုရောစပ်ထားတဲ့ အရောင်မျိုးကို မိတ်ဆက်မှာပဲ ဖြစ်ပါတယ်။


သူ့ကိုတော့ နောက်ထပ်တစ်ခြားအရောင်တွေနဲ့ထွက်ရှိဖို့လဲ အစီအစဉ်ရှိပါတယ်။ အရောင်တွေက တော်တော့်ကိုစုံလင်လှပါတယ်။ အရောင်တွေကတော့ အနက်ရောင်၊ Rose Gold ၊ ရွှေရောင်၊ အဖြူရောင်၊
အပြာရောင်၊ အနီရောင်၊ ပန်းရောင်၊ မီးခိုးရောင်၊ ငွေရောင်၊ အစိမ်းရောင် နဲ့ Blue-Violent ဆိုတဲ့ အရောင်တွေပဲဖြစ်ပါတယ်။

 

 

Leave a Reply