
0
1494




unicode

စွန်း အကြမ်းခံတဲ့ Xiaomi Pocophone F1 ရဲ့ Torture Test Video ထွက်ရှိ

Xiaomi Pocophone F1 ဟာ စမတ်ဖုန်းလောကကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ တန်ဖိုးအလွန် သက်သာပေမယ့် စွမ်းရည်မြင့် ဟာ့ဒ်ဝဲများထည့်သွင်းထားလို့ ဖြစ်ပါတယ်။ တန်ဖိုး သက်သာအောင် ပလတ်စတစ်ကိုယ်ထည်သာ တပ်ဆင်ထားတာက မာကျောမှု မရှိဘူးလို့ ထင်စရာပါ။ ဒါပေမယ့် အထင်နဲ့ အမြင်ဟာ တက်တက်စင်အောင် လွဲသွားပါတော့တယ်။

JerryRigEverything က သူ့ရဲ့ မာကျောမှုကို စမ်းသပ်ထားတဲ့ ဗီဒီယိုကို မျှဝေလိုက်ပါတယ်။ သူဟာ အလူမီနီယမ်နဲ့ ဖန်ဖြင့် တည်ဆောက်ထားတဲ့ ဖုန်းများ နီးပါးကို အကြမ်းခံနေတာကို မြင်ရပါတယ်။ ကွေးညွှတ်ဖို့လည်း မလွယ်ကူပါဘူး။ သူ့ရဲ့ အကောင်းဆုံးအရာက မျက်နှာပြင်ဖြစ်ပြီး Mohs ရဲ့ မာကျောမှု အဆင့် ၆ အထိ ခြစ်ရာများကို ခံနိုင်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကလည်း စွန်းအကြမ်းခံပါတယ်။

သူ့ရဲ့ တစ်ခုထဲသော အားနည်းချက်က အိတ်ကပ်ထဲမှာ သော့များ၊ အကြွေစေ့များနဲ့ အတူထားရင် ခြစ်ရာများ ဖြစ်စေပါတယ်။ Torture Test Video ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Leave a Reply