Geekbench မွာထြက္ရွိလာတဲ့ XS, XS Max နဲ႔ XR တို႔ရဲ႕ benchmarked

0
818

Apple အေနနဲ႔ ၿပီးခဲ့တဲ့ရက္က က်င္းပခဲ့တဲ့ Apple Event 2018 မွာ iPhone အသစ္ ၃မ်ိဳးကို မိတ္ဆက္ေပးခဲ့ပါတယ္။ မိတ္ဆက္ပြဲမွာ ကုမၸဏီအေနနဲ႔  7nm process နဲ႔ chipset ကိုသုံးထားတယ္ဆို ေပမယ့္အျခားအပိုင္းေတြျဖစ္တဲ့ RAM ပမာဏနဲ႔  clock speed ကို တိက်စြာမထုတ္ျပန္ေပးခဲ့ပါဘူး။ ဒါေၾကာင့္ ပြဲကိုၾကည့္တဲ့သူေတြဟာ အေစာပိုင္း သတင္းေတြထြက္ခဲ့တဲ့အတုိင္း iPhone Xs နဲ႔ Xs Max မွာ 4GB RAM သုံးလာမယ္ဆိုတဲ့ အခ်က္ကို ကသိကေအာင့္ ျဖစ္ခဲ့ၾကပါတယ္။

ဒီေန႔မွာေတာ့ Geekbench ကေန  benchmark စာရင္း ၂ခု ထြက္ရွိလာပါတယ္။  iPhone XR ရဲ႕ single-core ရမွတ္4754 နဲ႔ျဖစ္ၿပီး multi-core မွာေတာ့ 9367 ထိရရွိထားပါတယ္။ iPhone Xs Max ရဲ႕ single-core ရမွတ္မွာေတာ့ 4813 နဲ႔ျဖစ္ၿပီး multi-core မွာေတာ့ 10266 ထိရရွိထားပါတယ္။

အဲ့ဒီမွာေတာ့ iPhone XS, XS Max နဲ႔  XR တို႔မွာ သုံးထားတဲ့ A12 chipset အသစ္ရဲ႕ multi နဲ႔ single-core စြမ္းေဆာင္ခ်က္ေတြ ထြက္ရွိလာပါတယ္။ ဒါအျပင့္ ပါဝင္လာတဲ့ RAM ပမာဏကိုပါ သိခဲ့ရပါတယ္။

သုံးစြဲသူေတြ ေမွ်ာ္လင့္ထားတဲ့အတုိင္း multi-core စြမ္းေဆာင္ခ်က္မွာ အမ်ားႀကီးတိုးတက္မႈ မရွိလာေပမယ့္ single-core အမွတ္ေတြကေတာ့ အထင္ႀကီးေလာက္ စရာေကာင္းခဲ့ပါတယ္။ RAM ပိုင္းမွာေတာ့ XS နဲ႔ XS Max မွာ ၿပီးခဲ့တဲ့ႏွစ္က ထြက္ခဲ့တဲ့  iPhone X ထက္ 1GB ပိုသာတဲ့ 4GB RAM နဲ႔ျဖစ္ၿပီး၊ ဘက္ဂ်တ္ဖုန္းျဖစ္တဲ့  iPhone XR မွာေတာ့ 3GB RAM သုံးထားတာကို ေတြ႕ရပါတယ္။

unicode

Apple အနေနဲ့ ပြီးခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ Apple Event 2018 မှာ iPhone အသစ် ၃မျိုးကို မိတ်ဆက်ပေးခဲ့ပါတယ်။ မိတ်ဆက်ပွဲမှာ ကုမ္ပဏီအနေနဲ့  7nm process နဲ့ chipset ကိုသုံးထားတယ်ဆို ပေမယ့်အခြားအပိုင်းတွေဖြစ်တဲ့ RAM ပမာဏနဲ့  clock speed ကို တိကျစွာမထုတ်ပြန်ပေးခဲ့ပါဘူး။ ဒါကြောင့် ပွဲကိုကြည့်တဲ့သူတွေဟာ အစောပိုင်း သတင်းတွေထွက်ခဲ့တဲ့အတိုင်း iPhone Xs နဲ့ Xs Max မှာ 4GB RAM သုံးလာမယ်ဆိုတဲ့ အချက်ကို ကသိကအောင့် ဖြစ်ခဲ့ကြပါတယ်။

ဒီနေ့မှာတော့ Geekbench ကနေ  benchmark စာရင်း ၂ခု ထွက်ရှိလာပါတယ်။  iPhone XR ရဲ့ single-core ရမှတ်4754 နဲ့ဖြစ်ပြီး multi-core မှာတော့ 9367 ထိရရှိထားပါတယ်။ iPhone Xs Max ရဲ့ single-core ရမှတ်မှာတော့ 4813 နဲ့ဖြစ်ပြီး multi-core မှာတော့ 10266 ထိရရှိထားပါတယ်။

အဲ့ဒီမှာတော့ iPhone XS, XS Max နဲ့  XR တို့မှာ သုံးထားတဲ့ A12 chipset အသစ်ရဲ့ multi နဲ့ single-core စွမ်းဆောင်ချက်တွေ ထွက်ရှိလာပါတယ်။ ဒါအပြင့် ပါဝင်လာတဲ့ RAM ပမာဏကိုပါ သိခဲ့ရပါတယ်။

သုံးစွဲသူတွေ မျှော်လင့်ထားတဲ့အတိုင်း multi-core စွမ်းဆောင်ချက်မှာ အများကြီးတိုးတက်မှု မရှိလာပေမယ့် single-core အမှတ်တွေကတော့ အထင်ကြီးလောက် စရာကောင်းခဲ့ပါတယ်။ RAM ပိုင်းမှာတော့ XS နဲ့ XS Max မှာ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့  iPhone X ထက် 1GB ပိုသာတဲ့ 4GB RAM နဲ့ဖြစ်ပြီး၊ ဘက်ဂျတ်ဖုန်းဖြစ်တဲ့  iPhone XR မှာတော့ 3GB RAM သုံးထားတာကို တွေ့ရပါတယ်။

Leave a Reply