ပရီအော်ဒါ စတင်လိုက်ပြီဖြစ်တဲ့ iPhone XS နဲ့ XS Max

0
895






unicode

ဒီနေ့မှာတော့ Apple ရဲ့ 2018 iPhone အသစ်တွေဖြစ်တဲ့ iPhone XS နဲ့ XS Max ကို ပရီအော်ဒါ စတင်ပြလုပ်နိုင်ပြီ ဖြစ်ပြီး လာမယ့်သောကြာနေ့မှာတော့ သုံးစွဲသူတွေလက်ထဲ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။  iPhone XR ကိုတော့ ၁၉ရက်နေ့မှာ ပရီအော်ဒါ ပြုလုပ်နိုင်မှာပါ။ iPhone XS ရဲ့ကိုတော့ $999(64GB) နဲ့ရောင်းချမှာဖြစ်ပြီး၊ iPhone XS ကိုတော့ $1,099 နဲ့စတင်ရောင်းချမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းသစ်တွေမှာ iPhone Xs ကို bezel-less 5.8 လက်မ screen နဲ့ဖြစ်ပြီး iPhone Xs Max ကတော့ 6.5 လက်မနဲ့ဖြစ်ပါတယ်။ ဖုန်းတွေရဲ့ Display ပိုင်းအတွက်တော့ Super Retina OLED screen ကိုသုံးထားပါတယ်။

XS နဲ့ XS Max တွေရဲ့ ကင်မရာလုပ်ဆောင်ချက်ပိုင်းမှာ တူညီပြီး နောက်ကျောဘက်မှာ optical image stabilization ပါတဲ့ 12-megapixel sensors အရည်အသွေး wide angle နဲ့ telephoto lens ၂ခုကို တပ်ဆင်ပေးထားပါတယ်။“Smart HDR” လုပ်ဆောင်ချက်ကိုပါ ထည့်သွင်းလာခဲ့ပြီး ပိုမိုတိကျတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။

ပရိုဆက်ဆာပိုင်းမှာတော့ A12 Bionic chipset ကိုအဆင့်မြင့်တင် သုံးလာပါတယ်။ selfie camera ကတော့  7MP RGB sensor ဖြစ်ပါတယ်။ စမတ်ဖုန်းတွေဟာ ရေစိုဒဏ်ခံနိုင်စွမ်းမှာ မြင့်မားလာပြီး ရေအောက် ၂မီတာအထိ ယူဆောင်အသုံးပြုနိုင်မှာပါ။ သာမန်ရေဖိအားဒဏ်တွေ သာမက အကြမ်းခံနိုင်မှုမှာလည်း မြင့်မားလာပါတယ်။

iPhone XS &  XS Max စမတ်ဖုန်းတွေမှာ Dual-sim ထောက်ပံ့မှု ပါဝင်လာမှာဖြစ်ပြီး ပုံမှန် Sim နဲ့အတူ eSIM ကိုသုံးနိုင်မှာပါ။ တရုတ်နိုင်ငံအတွက် သီးသန့် ထုတ်ပေးလိုက်တဲ့ special model မှာတော့ physical SIM slots ၂ခုပါဝင်မယ်လို့ သိရပါတယ်။

Leave a Reply