Posted on Leave a comment

iPhone XS နဲ႔ XS Max မွာစတင္ေထာက္ပံ့လာတဲ့ Dual SIM အလုပ္လုပ္ပုံ

Apple အေနနဲ႔ 2018 အတြက္မိတ္ဆက္ခဲ့တဲ့ iPhone XS နဲ႔ XS Max မွာ ပထမဆုံးအေနနဲ႔ Dual SIM လုပ္ေဆာင္ခ်က္ကို ထည့္ေပးလိုက္ပါတယ္။ တကယ္ေတာ့ ဒီအခ်ိန္မွာ Android ဖုန္းေတြအားလုံးနီးပါး Dual SIM သုံးႏုိင္ေနခ်ိန္မွာApple က စတင္ထည့္ေပးလုိက္တာ ျဖစ္လို႔ အေျပာင္းအလဲႀကီး တစ္ခုလို႔ေတာင္ ဆိုႏုိင္ပါတယ္။ သို႔ေပမယ့္ တရုတ္ႏုိင္ငံေစ်းကြက္က လြဲၿပီး၊ ကမၻာ႔ေစ်းကြက္ကို ျဖန္႔ခ်ိမွာက ပုံမွန္ Sim နဲ႔အတူ eSIM ထည့္ေပးထားတဲ့ ဗားရွင္းပါ။

တရုတ္ႏုိင္ငံအတြက္ သီးသန္႔ ထုတ္ေပးလိုက္တဲ့ special model မွာေတာ့ physical SIM slots ၂ခု ပါဝင္လာမွာပါ။ Dual-Sim သုံးခ်င္တဲ့ သူေတြကေတာ့ တရုတ္ႏိုင္ငံထုတ္ဖုန္းကို ကိုင္မွရမွာပါ။ Apple ရဲ႕ eSIM အတြက္ သတင္းေကာင္းကေတာ့ ႏုိင္ငံတကာ ဆက္သြယ္ေရး ကုမၸဏီေတြဟာ eSIM ကြန္ရက္ေထာက္ပံ့ဖို႔ ပိုႀကိဳးစားလာၾကပါၿပီ။

သတင္းဆိုးကေတာ့ လက္ရွိအခ်ိန္မွာ ႏုိင္ငံ၁၀ ႏိုင္ငံအတြက္ ေအာ္ပေရတာ၁၄ ခုကပဲ ေထာက္ပံ့ေပးႏုိင္ ပါေသးတယ္။ ေနာက္ပိုင္းမွာေတာ့ အခုထက္ပို ေထာက္ပံ့လာမွာပါ။ Apple ကေတာ့ ဆင္းကတ္၂ခုလုံးကို tray တစ္ခုထဲမွာတင္ သုံးႏုိင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ ေစ်းကြက္ထဲမွာ ရွိေနတဲ့ Dual SIM ဖုန္းသုံးသူေတြကေတာ့ SIM တစ္ခုကို ပုံမွန္ဆက္သြယ္ေရး အတြက္အသုံးျပဳဖုိ႔နဲ႔ က်န္တဲ့  SIM ကို Data အတြက္ သုံးဖို႔ရည္ရြယ္ၾကပါတယ္။

eSIM ကိုသုံးစြဲဖုိ႔အတြက္ ေအာ္ပေရတာ ေတြက ေပးတဲ့ code ေတြကို scan ဖတ္လုိက္ၿပီး activate ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ သင့္ဖုန္းအတြက္  eSIM ကိုတစ္ခုထက္မက သိမ္းထားႏိုင္မွာပါ။ သို႔ေပမယ့္ တစ္ႀကိမ္မွာ တစ္ခုသာ သုံးႏိုင္မွာ ျဖစ္ပါတယ္။ Apple ကေတာ့ သူ႔ဖုန္းေတြမွာ ေထာက္ပံ့ထားတဲ့ Sim ေတြကို Dual SIM Dual Standby (DSDS) လို႔ဆိုထားပါတယ္။

unicode

Apple အနေနဲ့ 2018 အတွက်မိတ်ဆက်ခဲ့တဲ့ iPhone XS နဲ့ XS Max မှာ ပထမဆုံးအနေနဲ့ Dual SIM လုပ်ဆောင်ချက်ကို ထည့်ပေးလိုက်ပါတယ်။ တကယ်တော့ ဒီအချိန်မှာ Android ဖုန်းတွေအားလုံးနီးပါး Dual SIM သုံးနိုင်နေချိန်မှာApple က စတင်ထည့်ပေးလိုက်တာ ဖြစ်လို့ အပြောင်းအလဲကြီး တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ သို့ပေမယ့် တရုတ်နိုင်ငံဈေးကွက်က လွဲပြီး၊ ကမ္ဘာ့ဈေးကွက်ကို ဖြန့်ချိမှာက ပုံမှန် Sim နဲ့အတူ eSIM ထည့်ပေးထားတဲ့ ဗားရှင်းပါ။

တရုတ်နိုင်ငံအတွက် သီးသန့် ထုတ်ပေးလိုက်တဲ့ special model မှာတော့ physical SIM slots ၂ခု ပါဝင်လာမှာပါ။ Dual-Sim သုံးချင်တဲ့ သူတွေကတော့ တရုတ်နိုင်ငံထုတ်ဖုန်းကို ကိုင်မှရမှာပါ။ Apple ရဲ့ eSIM အတွက် သတင်းကောင်းကတော့ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ eSIM ကွန်ရက်ထောက်ပံ့ဖို့ ပိုကြိုးစားလာကြပါပြီ။ သတင်းဆိုးကတော့ လက်ရှိအချိန်မှာ နိုင်ငံ၁၀ နိုင်ငံအတွက် အော်ပရေတာ

၁၄ ခုကပဲ ထောက်ပံ့ပေးနိုင် ပါသေးတယ်။ နောက်ပိုင်းမှာတော့ အခုထက်ပို ထောက်ပံ့လာမှာပါ။ Apple ကတော့ ဆင်းကတ်၂ခုလုံးကို tray တစ်ခုထဲမှာတင် သုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဈေးကွက်ထဲမှာ ရှိနေတဲ့ Dual SIM ဖုန်းသုံးသူတွေကတော့ SIM တစ်ခုကို ပုံမှန်ဆက်သွယ်ရေး အတွက်အသုံးပြုဖို့နဲ့ ကျန်တဲ့  SIM ကို Data အတွက် သုံးဖို့ရည်ရွယ်ကြပါတယ်။

eSIM ကိုသုံးစွဲဖို့အတွက် အော်ပရေတာ တွေက ပေးတဲ့ code တွေကို scan ဖတ်လိုက်ပြီး activate ပြုလုပ်ရမှာ ဖြစ်ပါတယ်။ သင့်ဖုန်းအတွက်  eSIM ကိုတစ်ခုထက်မက သိမ်းထားနိုင်မှာပါ။ သို့ပေမယ့် တစ်ကြိမ်မှာ တစ်ခုသာ သုံးနိုင်မှာ ဖြစ်ပါတယ်။ Apple ကတော့ သူ့ဖုန်းတွေမှာ ထောက်ပံ့ထားတဲ့ Sim တွေကို Dual SIM Dual Standby (DSDS) လို့ဆိုထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.