စက္တင္ဘာလ ၂၇ ရက္ေန႔မွာ ေၾကညာမယ့္ Oppo Realme 2 Pro

0
205

Oppo က ၾသဂုတ္လမွာ Realme 2 ကို ေၾကညာခဲ့ပါတယ္။ ဖုန္း မိတ္ဆက္ပြဲမွာ Realme 2 Pro ကိုလည္း ထုတ္လုပ္ေရာင္းခ်မယ္လို႔ အရိပ္အျမြက္ ေျပာၾကားခဲ့ပါတယ္။ အခုေတာ့ ကုမၸဏီက မီဒီယာမ်ားထံ စမတ္ဖုန္း မိတ္ဆက္ပြဲအတြက္ ဖိတ္စာမ်ားကို ျဖန္႔ေ၀လိုက္ပါတယ္။ ဖိတ္စာမွာ ေၾကညာမယ့္ စမတ္ဖုန္း အမည္ကို ေဖာ္ျပထားျခင္း မရွိေပမယ့္ Realme 2 Pro ျဖစ္ႏုိင္ပါတယ္။

ဖိတ္စာမွာ စက္တင္ဘာလ ၂၆ နဲ႔ ၂၇ လို႔ ေရးသားထားေပမယ့္ ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ တစ္ဦးက ၂၇ ရက္ေန႔မွာ ဖုန္းကို ေၾကညာမယ္လို႔ ယခင္က အတည္ျပဳထားဖူးပါတယ္။ ဖုန္းရဲ႕ Specs မ်ား ေပါက္ၾကားထြက္ေပၚျခင္းေတာ့ မရွိေသးပါဘူး။ သူဟာ Realme 2 ကို အနည္းငယ္ အဆင့္ျမွင့္ထားတဲ့ ေမာ္ဒယ္ ျဖစ္ပါတယ္။

Realme 2 ရဲ႕ Specs မ်ားကို ျပန္လည္ေလ့လာႏုိင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။ Realme 2 မွာ 6.2-inch display နဲ႔အတူ Notch ေလးပါဝင္လာပါတယ္။ ဘက္ထရီစြမ္းအားပိုင္းမွာလည္း ပိုႀကီးလာၿပီး 4,230mAh ျဖစ္လာပါတယ္။ ဘက္ထရီစြမ္းအား ထိန္းခ်ဳပ္ႏိုင္ဖုိ႔အတြက္ AI Power Manager ထည့္သြင္းေပးထားပါတယ္။

Oppo ကေတာ့ ဆက္တိုက္ေျပာဆိုမႈေတြကို ၄၄နာရီနဲ႔ ဂိမ္းေတြေဆာ့ကစားမယ္ဆုိရင္ ၁၀နာရီနီးပါး သက္တမ္းတာရွည္ခံမယ္လို႔ ဆိုပါတယ္။ ကင္မရာပိုင္းမွာေတာ့ Realme 2 ရဲ႕ေနာက္ေက်ာဘက္မွာ Dual တပ္ဆင္ေပးထားၿပီး 13MP f/2.2 + 2MP f/2.4 နဲ႔ျဖစ္ပါတယ္။ Portrait mode ကိုအသုံးျပဳၿပီးလည္း ရိုက္ကူးႏုိင္ပါလိမ့္မယ္။ အေရွ႕ဘက္မွာေတာ့ 8MP f/2.2 ကိုထည့္ေပးထားၿပီး Face unlock ကိုေထာက္ပံ့ေပးပါလိမ့္မယ္။ အနည္းငယ္ စိတ္အေႏွာင့္အယွက္ ျဖစ္စရာက Realme 1 တုန္းကလိုပဲ Realme 2 မွာလည္း လက္ေဗြဖတ္ စနစ္ကို ေနာက္ေက်ာဘက္မွာတပ္ဆင္ထားပါတယ္။

unicode

စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာမယ့် Oppo Realme 2 Pro

Oppo က သြဂုတ်လမှာ Realme 2 ကို ကြေညာခဲ့ပါတယ်။ ဖုန်း မိတ်ဆက်ပွဲမှာ Realme 2 Pro ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက မီဒီယာများထံ စမတ်ဖုန်း မိတ်ဆက်ပွဲအတွက် ဖိတ်စာများကို ဖြန့်ဝေလိုက်ပါတယ်။ ဖိတ်စာမှာ ကြေညာမယ့် စမတ်ဖုန်း အမည်ကို ဖော်ပြထားခြင်း မရှိပေမယ့် Realme 2 Pro ဖြစ်နိုင်ပါတယ်။

ဖိတ်စာမှာ စက်တင်ဘာလ ၂၆ နဲ့ ၂၇ လို့ ရေးသားထားပေမယ့် ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ၂၇ ရက်နေ့မှာ ဖုန်းကို ကြေညာမယ်လို့ ယခင်က အတည်ပြုထားဖူးပါတယ်။ ဖုန်းရဲ့ Specs များ ပေါက်ကြားထွက်ပေါ်ခြင်းတော့ မရှိသေးပါဘူး။ သူဟာ Realme 2 ကို အနည်းငယ် အဆင့်မြှင့်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။

Realme 2 ရဲ့ Specs များကို ပြန်လည်လေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ Realme 2 မှာ 6.2-inch display နဲ့အတူ Notch လေးပါဝင်လာပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာလည်း ပိုကြီးလာပြီး 4,230mAh ဖြစ်လာပါတယ်။ ဘက်ထရီစွမ်းအား ထိန်းချုပ်နိုင်ဖို့အတွက် AI Power Manager ထည့်သွင်းပေးထားပါတယ်။

Oppo ကတော့ ဆက်တိုက်ပြောဆိုမှုတွေကို ၄၄နာရီနဲ့ ဂိမ်းတွေဆော့ကစားမယ်ဆိုရင် ၁၀နာရီနီးပါး သက်တမ်းတာရှည်ခံမယ်လို့ ဆိုပါတယ်။ ကင်မရာပိုင်းမှာတော့ Realme 2 ရဲ့နောက်ကျောဘက်မှာ Dual တပ်ဆင်ပေးထားပြီး 13MP f/2.2 + 2MP f/2.4 နဲ့ဖြစ်ပါတယ်။ Portrait mode ကိုအသုံးပြုပြီးလည်း ရိုက်ကူးနိုင်ပါလိမ့်မယ်။ အရှေ့ဘက်မှာတော့ 8MP f/2.2 ကိုထည့်ပေးထားပြီး Face unlock ကိုထောက်ပံ့ပေးပါလိမ့်မယ်။ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာက Realme 1 တုန်းကလိုပဲ Realme 2 မှာလည်း လက်ဗွေဖတ် စနစ်ကို နောက်ကျောဘက်မှာတပ်ဆင်ထားပါတယ်။

Leave a Reply