USB-C to 3.5mm headphone adapter အသစ်လေးကို Goolge မှ တရားဝင်ထုတ်ဖော်ပြသ

0
485

Zawgyi Version


Unicode Version

Google ရဲ့ USB-C to 3.5mm headphone adapter လေးကတော့ Pixel 2 နဲ့ Pixel 2 XL မှာ နားကြပ်ပေါက်ဖြုတ်လိုက်ပြီးကတည်းက ရှိနေခဲ့တာပါ။
အဲဒီ accessory လေးဟာ ဒေါ်လာ၂၀ နဲ့ ဈေးဖွင့်ထားပြီးတော့ ဈေးများတယ်လို့လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း Google ကတော့ ကိုးဒေါ်လာနဲ့ သတ်မှတ်လိုက်ပါတယ်။ ဒီတော့ Apple ရဲ့ Lightning to headphone adapter လေးနဲ့ တန်းတူဖြစ်သွားပါတယ်။
အခုဆိုရင်တော့ Google က အသစ်ပြောင်းလဲလိုက်ပါတယ်။ USB-C to 3.5mm headphone adapter လေးကို တိုအောင်လုပ်လိုက်ပြီးတော့ ဈေးနှုန်းကိုလည်း မြှင့်တင်လိုက်ပါတယ်။
လက်ရှိ USB-C to 3.5mm headphone adapter လေးကတော့ ၃.၆၇လက်မအရှည်ရှိပြီး အရင်ဗားရှင်းကတော့ ၃.၈လက်မ ရှိပါတယ်။ ထင်ရှားတဲ့ပြောင်းလဲမှုမဟုတ်တာမို့ သိလိုက်သူနည်းပါးမှာပါ။
သိသာနေတာတစ်ခုကတော့ ဈေးနှုန်းကွာခြားချက်ပါပဲ။ အရင်ကတုန်းက ကိုးဒေါ်လာကနေ အခုဆိုရင်တော့ ၁၂ဒေါ်လာကုန်ကျမှာပါ။ ဈေးနှုန်းကပြောင်းလဲမှုနဲ့လည်း ကိုက်ညီနေပါတယ်။ Google ကတော့ adapter အသစ်လေးက plug-in နှောင့်နှေးမှုကို လျှော့ချပေးပြီးတော့ ၅၃%အထိ လျော့ပါးစေမယ်လို့ သိရပါတယ်။ ဒါ့အပြင် music playback time ကိုလည်း အရင်မော်ဒယ်လ်ထက် ၃၈% ပိုကောင်းစေမှာပါ။
USB-C to headphone adapter အသစ်လေးကတော့ ဒီလောက်ပဲပြောင်းလဲမှာပါ။ ဒီတော့ Pixel 2 or Pixel 2 XL ဖုန်းတွေမှာ သုံးနေကြနားကျပ်လေးကို အသုံးပြုလို့ရတော့မှာပါ။
သင်ရော အဲဒီဖုန်းတွေကိုင်ဆောင်နေသူတစ်ယောက်ဆိုရင် adapter ဆောင်ထားပြီလား။

Leave a Reply