Power bank တစ်ချို့ရဲ့ pros & cons လေးတွေ

0
574

Anker PowerCore 10000 Power Bank

Anker ဆိုတာကတော့ နာမည်ရှိပြီးသား brand တစ်ခုလဲ ဖြစ်ပါတယ်။ သူရဲ့ PowerCore လေးကတော့ တော်တော်လေးစိတ်ချရပါတယ်။ သူက safety system လို့ခေါ်တဲ့ “Multi Protect” က built in ပါရှိပြီးသားဖြစ်တဲ့အတွက် အပူချိန်အပြောင်းအလဲတွေ၊ ရှော့ခ်ဖြစ်တာတွေနဲ့ တစ်ခြား အန္တရာယ်များတဲ့အရာတွေကို ကာကွယ်ပေးမှာပဲဖြစ်ပါတယ်။

Anker PowerCore 10000, One of The Smallest and Lightest 10000mAh External Batteries, Ultra-Compact, High-Speed Charging Technology Power Bank for iPhone, Samsung Galaxy and More

Specifications

Brand        Anker

Model        A1263011

Weight      180g

သူကတာ့ စွမ်းအားမြင့်တဲ့ power bank တစ်လုံးလဲဖြစ်ပြီး သေးငယ်ပြီး ပေါ့ပေါ့ပါ့းပါးရှိပါတယ်။ လုံခြုံရေးစနစ်ကလဲ အထူးကောင်းမွန်ပါတယ်။ အရည်အသွေးလဲကောင်းမွန်ပြီး အကြမ်းလဲခံပါတယ်။ Fast charging စနစ်လဲပါဝင်ပါတယ်။ ၁၈ လလဲအာမခံပေးထားပါတယ်။

သူက USB ပေါက်က တစ်ခုပဲ ပါတာဖြစ်တဲ့အတွက်ကြောင့် တစ်ချိန်ထဲမှာ device များများ သုံးချင်တဲ့သူတွေအတွက်တော့ အဆင်မပြေနိုင်ပါဘူး။

RAVPower 22000mAh Power Bank

သူကတော့ အားပါဝင်မှုများပါတယ်။ သူ့ကို iPhone 7 ဆို ၈ ကြိမ် iPhone 7Plus ဆို ၅ကြိမ်နဲ့ iPhone 6s ဆိုရင် ၉ကြိမ်နဲ့ Samsung Galaxy S7 ဆိုရင် ၅ကြိမ်လောက်ထိအသုံးပြုနိုင်ပါတယ်။ သူက Li-polymer ဘက်ထရီကိုအသုံးပြုထားတဲ့အတွက်ကြောင့် အားသွင်းမှုစနစ်ကလဲ ကောင်းမွန်ပါတယ်။ သူ့မှာလဲ “Battery Protecting NTC” ပါဝင်တဲ့အတွက်ကြောင့် လုံခြုံမှုလဲကောင်းပါတယ်။ “Smart Protection With MCU” စနစ်လဲပါဝင်တဲ့အတွက်ကြောင့် အားအတက်အကျတွေ အားအသွင်းများတာတွေနဲ့ အပူချိန်အပြောင်းအလဲကိုလဲ ထိန်းချုပ်ပေးမှာ ဖြစ်ပါတယ်။

Specifications

Brand        RAVPower

Model        RP-PB052-B

Weight      0.9 lb

သူကတော့ အားပါဝင်မှုမြင့်မားပါတယ်။ ဒါ့အပြင် သူက အားသွင်းပေါက်လဲ များတဲ့အတွက် တစ်ပြိုင်ထဲ  ဖုန်း ၂ လုံးအပြိုင်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ၂ ပေါက်လုံးကိုလဲ 2.4A စီသွင်းပေးမှာ ဖြစ်ပါတယ်။

သူရဲ့ အရွယ်အစားကတော့ အနည်းငယ် လေးပါတယ်။

EasyAcc 20000mAh Power Bank

သူကတော့ အား 20000 ပါဝင်တဲ့ power bank လေးပဲ ဖြစ်ပါတယ်။ သူ့မှာလဲ “Life Saver” လို့ခေါ်တဲ့ နည်းပညာပါဝင်ပါတယ်။ သူကတော့ ၆ နာရီအတွင်း အားအပြည့်ပြန်ဖြည့်နိုင်မှာပဲ ဖြစ်ပါတယ်။ သူက အားအမြန်သွင်းစနစ်လဲ ပါဝင်ပါသေးတယ်။ သင့်ရဲ့ဖုန်းကို 2.5A ထိသွင်းနိုင်မှာပဲ ဖြစ်ပါတယ်။ သူကတစ်ခြားဟာတွေနဲ့မတူတာက အားသွင်းနိုင်တဲ့ အပေါက်တွေ အများကြီးပါဝင်ပါတယ်။ တစ်ခါထဲနဲ့ ဖုန်း ၄ လုံးကို တစ်ပြိုင်နက်အားသွင်းနိုင်ပါတယ်။ သူကလဲ အားသွင်းလွန်တာတွေ ရှော့ဖြစ်တာတွေနဲ့ ဗို့အားများတာတွေကိုပါ ကာကွယ်ပေးပါတယ်။

EasyAcc 20000mAh Portable Charger Fast Recharge Power Bank with 4A 2-Port Input 4.8A Smart Output High Capacity External Battery Pack for iPhone iPad Samsung Android - Black and Orange

Specifications

Brand        EasyAcc

Model        MS20000-BO

Weight      5.2 oz

ပါဝင်တဲ့အားပမာဏများပြီး 2.4A ထိအားသွင်းပေးနိုင်ပါတယ်။ “Life Saver” နည်းပညာပါဝင်တဲ့အတွက်ကြောင့် စိတ်ချရပါတယ်။ ဖုန်းအများကြီးလဲ တစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။ Flash light လဲပါဝင်ပါသေးတယ်။ ပြီးတော့ အာမခံလဲပေးထားပါသေးတယ်။ တစ်ချို့ customer တွေက အချိန်ကြာတဲ့အခါ အားသွင်းတာနှေးတာတွေ ဖြစ်ကြပါတယ်။

 

 

Leave a Reply