Performace လဲ မိုက်ပြီး ဈေးလဲမိုက်တဲ့ Samsung Galaxy Tab S4

0
828

Zawgyi version




Unicode version

လွန်ခဲ့တဲ့လလောက်မှာတုန်းက Samsung က high-end tablet ဖြစ်တဲ့ Galaxy Tab S4 ကိုထုတ်လုပ်ခဲ့ပါတယ်။ သူက 10.5လက်မ မျက်နှာပြင်နဲ့ Super AMOLED display ကိုအသုံးပြုထားပြီး 1600 x 2560 resolution ရှိပါတယ်။ chipset ကလဲ Snapdragon 835 ဆိုတော့ performance ပိုင်းကလဲ ပြောစရာမလိုပါဘူး။
Galaxy Tab S4 ကို S Pen နဲ့တွဲအသုံးပြုနိုင်ပြီး RAM 4 GB နဲ့ storage ကတော့ 64GB/256GB ပဲဖြစ်ပါတယ်။ ဘက်ထရီပိုင်းကလဲ 7300mAh ဆိုတော့ တော်တော်အသုံးခံပါတယ်။
Galaxy Tab S4 ကတော့ user တွေအတွက် “supertask” လုပ်နိုင်တဲ့ ပထမဦးဆုံး tablet လို့လဲ ပြောကြပါတယ်။ သူ့ကို Book Cover Keyboard နဲ့ Samsung DeX Dock နဲ့သာတွဲသုံးလိုက်လို့ကတော့ tablet က တကယ့် PC ကိုသုံးနေရတဲ့ အရသာကို ပေးစွမ်းနိင်မှာပဲ ဖြစ်ပါတယ်။

Samsung က Galaxy Tab S4 Wi-Fi version ကို $649.99 နဲ့ရောင်းချမှာ ဖြစ်ပြီး
LTE version ကိုတော့ $729.99 နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ ၂ ခုလုံးကတော့ S Pen ပါဝင်မှာ ဖြစ်ပြီး Keyboard Cover ကိုတော့ 50% လျှော့ပြီး ရောင်းချပေးမှာ ဖြစ်ပါတယ်။

Leave a Reply