iPhone Xr ေၾကာင့္ Google Launch ကို စိတ္၀င္စားၾကပါေတာ့မလား

0
1374

Zawgyi Version

ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ iPhone ဖန္ေတြနဲ႕ ေလ့လာသူေတြက ေစ်းႏႈန္းသင့္တဲ့ iPhone ကို ထုတ္လုပ္ဖို႕အတြက္ ေမွ်ာ္္လင့္ခဲ့ၾကပါတယ္။ ဒီေန႕မွာေတာ့ သူတို႕လိုခ်င္တာ ရခဲ့ပါျပီ။ iPhone Xr အသစ္ေလးကေတာ့ iPhone လိုင္းေတြအတြက္ လမ္းေၾကာင္းအသစ္တစ္ခုကို ေဖာက္လိုက္တာပါ။ ေဒၚလာ၇၄၉ ေလာက္နဲ႕ Android ဖုန္းေတြရဲ႕ flagship ကို ရန္မူလိုက္ပါျပီ။
ေဒၚလာ၇၄၉ ေလာက္ စြမ္းေဆာင္ရည္သင့္စမတ္ဖုန္းမရွိႏုိင္ဘူးလို႕ထင္ေနလား။ အေသးငယ္ဆံုး စမတ္ဖုန္းမျဖစ္ပါဘူး။ Xr ေလးဟာ ၆.၁ လက္မ LCD မ်က္ႏွာျပင္ကို အသံုးျပဳထားပါတယ္။ color accuracy ပိုင္းမွာလည္း အေတာ္ေလးတိက်ပါတယ္။
Xr ဟာ iPhone 5C လိုမ်ိိဳးေတာ့ မဟုတ္ပါဘူး။ iPhone Xs မွာလိုမ်ိဳး A12 Bionic processor ကို အသံုးျပဳထားပါတယ္။ telephoto camera နဲ႕ stainless steel ကိုယ္ထည္ေတြကို ေဘးထုတ္လုိက္ေတာ့ အလူမီနီယမ္ကိုယ္ထည္နဲ႕ ေၾကြဆင္းစရာ အေရာင္ေလးေတြထြက္ေပၚလာပါတယ္။ Apple ကေတာ့ yellow iPhone ကို ထုတ္လုပ္ေနပါျပီ။ Xr ေလးမွာလည္း Face ID နည္းပညာ၊ 64GB သိုေလွာင္မႈေတြသံုးထားမယ္ဆုိေပမယ့္လည္း RAM ကေတာ့ မသိရေသးပါဘူး။ ဒီေတာ့ feature-limited phone လို႕ ေျပာလို႕မရေတာ့ပါဘူး။


Apple ရဲ႕ Android ျပိဳင္ဘက္ေတြ မ်က္ခံုးလႈပ္ေစမွာပါ။ အထူးသျဖင့္ Google ရဲ႕ Pixel 3 နဲ႕ Pixel 3 XL ေပါ့။
အရင္ႏွစ္တုန္းက Pixel 2 ကို ေဒၚလာ၆၅၀ နဲ႕ ေရာင္းခ်ခဲ့ပါတယ္။ ဒီဇုိင္းပိုင္းအရဆိုရင္ေတာ့ မ်ားေနသလားလို႕။ 2 XL ကလည္း ေဒၚလာ၈၅၀ပါ။ ဒီေတာ့ ေဒၚလာ၁၀၀၀ တန္ iPhone X ကို ေရြးၾကမယ့္အေနအထားမ်ားေနပါတယ္။
Google ကေတာ့ Apple ရဲ႕ flagship ေတြကို အသာစီးရဖို႕အတြက္ ေစ်းႏႈန္းျပင္ဆင္ထားပါတယ္။ ဒါေပမယ့္လည္း 3 XL ကေတာ့ iPhone Xs Max နဲ႕တုိက္ရိုက္ျပိဳင္ရမွာပါ။ Xs Max ကေတာ့ ေသခ်ာေပါက္ iPhone ဘက္ကိုယိမ္းေစႏုိင္တဲ့ halo product ေလးျဖစ္ပါတယ္။ Xr ထက္ ကင္မရာပိုသာ၊ stainless steel fram ၊ 512GB သိုေလွာင္မႈေလးေတြနဲ႕ဆိုေတာ့ မုိက္္ပါတယ္။ ဒါတင္မကေသးပါဘူး။ OLED ကလည္း မိုက္လြန္းပါတယ္။ software experience ကေတာ့ အသစ္မိတ္ဆက္တဲ့ဖုန္းေတြအားလံုးမွာ တန္းတူရရွိမွာပါ။
မဟုတ္ဘူး။ တကယ္ေတာ့ Pixel ဟာ iPhone Xr နဲ႕ျပိဳင္ရမွာ။ iPhone Xr က Pixel 3 (5.4″) နဲ႕ 3 XL (6.7″) ၾကားဆုိဒ္ျဖစ္ေနတယ္။ တကယ္ေတာ့ ဖုန္းအေသးလည္းမဟုတ္၊ အၾကီးလည္းမဟုတ္တဲ့အေနအထားကို သူက ေရြးခ်ယ္ထားတာပါ။ Pixel 2 XL ကေတာ့ ပံုမွန္အရြယ္အစား၊ 2 XL ေတာ့ ပိုၾကီးတဲ့အရြယ္အစားပါ။ ဒီေတာ့ 2 XL ထက္ေတာ့ 3 XL က ေစ်းၾကီးမွာ ေသခ်ာပါတယ္။
Google ဖုန္းေတြကေရာ ဘယ္လိုေတြျဖစ္မလဲ။ notch ၾကီးမယ္။ ကင္မရာတစ္လံုးတည္းပါမယ္။ ၾကိဳးမဲ့အားသြင္းစနစ္နဲ႕ ကင္မရာႏွစ္လံုးေတြေတာ့ မျမင္ရႏုိင္ပါဘူး။
Apple မွာ ထုတ္ကုန္အျပိဳင္ေတြရွိေနေသးတယ္။ Series 4 Apple Watch ေပါ့။ Pixel smartwatch က ျမင္ရႏုိင္ေခ်နည္းေနပါတယ္။ အနည္းဆံုးေတာ့ ေအာက္တုိဘာလမွာ Air Pod အျပိဳင္ျဖစ္တဲ့ Pixel Buds ေတာ့ ျမင္ရမ်ာပါ။ ဒါေပမယ့္လည္း အေသအခ်ာမသိေသးပါဘူး။


Apple store ရဲ႕ customer experience ကလည္း ပိုေကာင္းပါတယ္။ ပ်က္စီးသြားလား။ ျပင္ဆင္ေပးဖုိ႕ အသင့္ပါပဲ။ accessories နဲ႕ ကာဗာေတြလည္း ေရြးခ်ယ္စရာေတြမ်ားပါတယ္။
Google ရဲ႕ဖုန္းေတြဟာ iPhone မကိုင္လိုသူေတြအတြက္ ေရြးခ်ယ္စရာတစ္ခုအေနနဲ႕ ျမင္လို႕ကိုမရပါဘူး။ Apple ကေတာ့ iPhone Xr နဲ႕ ခြဲထြက္ထားပါတယ္။ Google ကေတာ့ ဒီလိုလုပ္ဖုိ႕မျဖစ္ႏုိင္ပါဘူး။ Apple ဖုန္းက နည္းပညာပိုင္း၊ ecosystem ပိုင္းသာတဲ့အျပင္ ေငြေၾကးပိုင္းအရလညး္ စဥ္းစားသင့္တဲ့အေနအထားပါ။ ဒီေတာ့ ေစာင့္ၾကည့္ရမယ့္အေနအထားပါ။

Unicode Version

နှစ်ပေါင်းများစွာကြာအောင် iPhone ဖန်တွေနဲ့ လေ့လာသူတွေက ဈေးနှုန်းသင့်တဲ့ iPhone ကို ထုတ်လုပ်ဖို့အတွက် မျှော်လင့်ခဲ့ကြပါတယ်။ ဒီနေ့မှာတော့ သူတို့လိုချင်တာ ရခဲ့ပါပြီ။ iPhone Xr အသစ်လေးကတော့ iPhone လိုင်းတွေအတွက် လမ်းကြောင်းအသစ်တစ်ခုကို ဖောက်လိုက်တာပါ။ ဒေါ်လာ၇၄၉ လောက်နဲ့ Android ဖုန်းတွေရဲ့ flagship ကို ရန်မူလိုက်ပါပြီ။
ဒေါ်လာ၇၄၉ လောက် စွမ်းဆောင်ရည်သင့်စမတ်ဖုန်းမရှိနိုင်ဘူးလို့ထင်နေလား။ အသေးငယ်ဆုံး စမတ်ဖုန်းမဖြစ်ပါဘူး။ Xr လေးဟာ ၆.၁ လက်မ LCD မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ color accuracy ပိုင်းမှာလည်း အတော်လေးတိကျပါတယ်။
Xr ဟာ iPhone 5C လိုမျိုးတော့ မဟုတ်ပါဘူး။ iPhone Xs မှာလိုမျိုး A12 Bionic processor ကို အသုံးပြုထားပါတယ်။ telephoto camera နဲ့ stainless steel ကိုယ်ထည်တွေကို ဘေးထုတ်လိုက်တော့ အလူမီနီယမ်ကိုယ်ထည်နဲ့ ကြွေဆင်းစရာ အရောင်လေးတွေထွက်ပေါ်လာပါတယ်။ Apple ကတော့ yellow iPhone ကို ထုတ်လုပ်နေပါပြီ။ Xr လေးမှာလည်း Face ID နည်းပညာ၊ 64GB သိုလှောင်မှုတွေသုံးထားမယ်ဆိုပေမယ့်လည်း RAM ကတော့ မသိရသေးပါဘူး။ ဒီတော့ feature-limited phone လို့ ပြောလို့မရတော့ပါဘူး။


Apple ရဲ့ Android ပြိုင်ဘက်တွေ မျက်ခုံးလှုပ်စေမှာပါ။ အထူးသဖြင့် Google ရဲ့ Pixel 3 နဲ့ Pixel 3 XL ပေါ့။
အရင်နှစ်တုန်းက Pixel 2 ကို ဒေါ်လာ၆၅၀ နဲ့ ရောင်းချခဲ့ပါတယ်။ ဒီဇိုင်းပိုင်းအရဆိုရင်တော့ များနေသလားလို့။ 2 XL ကလည်း ဒေါ်လာ၈၅၀ပါ။ ဒီတော့ ဒေါ်လာ၁၀၀၀ တန် iPhone X ကို ရွေးကြမယ့်အနေအထားများနေပါတယ်။
Google ကတော့ Apple ရဲ့ flagship တွေကို အသာစီးရဖို့အတွက် ဈေးနှုန်းပြင်ဆင်ထားပါတယ်။ ဒါပေမယ့်လည်း 3 XL ကတော့ iPhone Xs Max နဲ့တိုက်ရိုက်ပြိုင်ရမှာပါ။ Xs Max ကတော့ သေချာပေါက် iPhone ဘက်ကိုယိမ်းစေနိုင်တဲ့ halo product လေးဖြစ်ပါတယ်။ Xr ထက် ကင်မရာပိုသာ၊ stainless steel fram ၊ 512GB သိုလှောင်မှုလေးတွေနဲ့ဆိုတော့ မိုက်ပါတယ်။ ဒါတင်မကသေးပါဘူး။ OLED ကလည်း မိုက်လွန်းပါတယ်။ software experience ကတော့ အသစ်မိတ်ဆက်တဲ့ဖုန်းတွေအားလုံးမှာ တန်းတူရရှိမှာပါ။
မဟုတ်ဘူး။ တကယ်တော့ Pixel ဟာ iPhone Xr နဲ့ပြိုင်ရမှာ။ iPhone Xr က Pixel 3 (5.4″) နဲ့ 3 XL (6.7″) ကြားဆိုဒ်ဖြစ်နေတယ်။ တကယ်တော့ ဖုန်းအသေးလည်းမဟုတ်၊ အကြီးလည်းမဟုတ်တဲ့အနေအထားကို သူက ရွေးချယ်ထားတာပါ။ Pixel 2 XL ကတော့ ပုံမှန်အရွယ်အစား၊ 2 XL တော့ ပိုကြီးတဲ့အရွယ်အစားပါ။ ဒီတော့ 2 XL ထက်တော့ 3 XL က ဈေးကြီးမှာ သေချာပါတယ်။
Google ဖုန်းတွေကရော ဘယ်လိုတွေဖြစ်မလဲ။ notch ကြီးမယ်။ ကင်မရာတစ်လုံးတည်းပါမယ်။ ကြိုးမဲ့အားသွင်းစနစ်နဲ့ ကင်မရာနှစ်လုံးတွေတော့ မမြင်ရနိုင်ပါဘူး။
Apple မှာ ထုတ်ကုန်အပြိုင်တွေရှိနေသေးတယ်။ Series 4 Apple Watch ပေါ့။ Pixel smartwatch က မြင်ရနိုင်ချေနည်းနေပါတယ်။ အနည်းဆုံးတော့ အောက်တိုဘာလမှာ Air Pod အပြိုင်ဖြစ်တဲ့ Pixel Buds တော့ မြင်ရမျာပါ။ ဒါပေမယ့်လည်း အသေအချာမသိသေးပါဘူး။


Apple store ရဲ့ customer experience ကလည်း ပိုကောင်းပါတယ်။ ပျက်စီးသွားလား။ ပြင်ဆင်ပေးဖို့ အသင့်ပါပဲ။ accessories နဲ့ ကာဗာတွေလည်း ရွေးချယ်စရာတွေများပါတယ်။
Google ရဲ့ဖုန်းတွေဟာ iPhone မကိုင်လိုသူတွေအတွက် ရွေးချယ်စရာတစ်ခုအနေနဲ့ မြင်လို့ကိုမရပါဘူး။ Apple ကတော့ iPhone Xr နဲ့ ခွဲထွက်ထားပါတယ်။ Google ကတော့ ဒီလိုလုပ်ဖို့မဖြစ်နိုင်ပါဘူး။ Apple ဖုန်းက နည်းပညာပိုင်း၊ ecosystem ပိုင်းသာတဲ့အပြင် ငွေကြေးပိုင်းအရလည်း စဉ်းစားသင့်တဲ့အနေအထားပါ။ ဒီတော့ စောင့်ကြည့်ရမယ့်အနေအထားပါ။

Leave a Reply