iPhone အသစ္မ်ားဟာ အေဟာင္းနဲ႔ သိပ္မကြာဘူးလို႔ Troll လိုက္တဲ့ Huawei

0
1834

Apple ရဲ႕ iPhone Event ၿပီးတာနဲ႔ ဟြာေ၀းက ေလွာင္ေျပာင္တိုက္ခိုက္လိုက္ပါတယ္။ Huawei က တြစ္တာ အေကာင့္မွာ “Thank you for keeping things the same. See you in London. 16.10.18 “ လို႔ ေရးသားထားပါတယ္။ iPhone အသစ္မ်ားဟာ အေဟာင္းနဲ႔ သိပ္မကြာဘူးလို႔ Troll လိုက္တာ ျဖစ္ပါတယ္။ လန္ဒန္မွာ ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ Mate 20 Series မ်ားကို ေၾကညာမယ္လို႔လည္း ရည္ညႊန္းထားပါတယ္။ ပို႔စ္မွာ ဗီဒီယို တစ္ခုလည္း ထည့္သြင္းထားၿပီး ဗီဒီယိုမွာ “beyond consistency”, “beyond horizon”, “beyond intelligence” လို႔ ေရးသားထားတာက Mate 20 Series မ်ားကို ရည္ညႊန္းထားတာ ျဖစ္ပါတယ္။

Mate 20 ဟာ ကမာၻ႕ ပထမဆံုး 7nm Chipset ျဖစ္တဲ့ Kirin 980 ပါမယ့္ ပထမဆံုး စမတ္ဖုန္း ျဖစ္လာမွာပါ။ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းမ်ားအရ Mate 20 မွာ ၆.၃ လက္မ AMOLED Screen ထည့္သြင္းထားၿပီး ႀတိဂံပံုသ႑ာန္ Notch ပါလာမွာပါ။ အေနာက္ ကင္မရာ သံုးလံုး ထည့္သြင္းထားႏုိင္ပါတယ္။ P20 Pro မွာလို 40MP+20MP+8MP Setup ျဖစ္ႏုိင္ပါတယ္။ 4200mAh Battery ပါလာမွာပါ။ ႀကိဳးမဲ့ အားသြင္း စနစ္ ထည့္သြင္းထားမွာပါ။ အေရွ႕နဲ႔ အေနာက္ကို ဖန္ျဖင့္ ဖံုးအုပ္ထားမွာပါ။

Mate 20 Lite ကိုေတာ့ မၾကာခင္က အြန္လိုင္း စတိုးမွာ စာရင္းတင္ထားတာကို ေတြ႕ရပါတယ္။ ဂ်ာမနီ ၀က္ဆိုက္မွာေတာ့ ယူရို ၄၃၅ သတ္မွတ္ထားၿပီး ပို႔ေဆာင္မယ့္ ေန႔နဲ႔ ဓါတ္ပံုကို မျပသထားပါဘူး။ ပိုလန္ ၀က္ဆိုက္မွာ ယူရို ၃၇၀ သတ္မွတ္ထားၿပီး စက္တင္ဘာလ ၉ ရက္ေန႔မွာ ပို႔ေဆာင္ေပးမယ္လို႔ ေဖာ္ျပထားပါတယ္။ ပိုလန္ ၀က္ဆိုက္မွာ အျပာနဲ႔ အနက္ေရာင္မ်ားကို ျပသထားပါတယ္။

၀က္ဆိုက္မွာ ေဖာ္ျပထားခ်က္အရ Huawei Mate 20 Lite မွာ ကင္မရာ ေလးလံုး ပါပါတယ္။ အေနာက္နဲ႔ အေရွ႕ဘက္မွာ ႏွစ္လံုးစီ တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ 20MP f/1.8 + 2MP Camera နဲ႔ အေရွ႕ဘက္မွာ 24MP + 2MP Camera မ်ား ျဖစ္ပါတယ္။

Huawei Mate 20 Lite ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားမွာ ၆.၃ လက္မ ျဖစ္ပါတယ္။ 1080x2340p Resolution ျဖစ္ၿပီး IPS LCD အမ်ိဳးအစား ျဖစ္ပါတယ္။ ထည့္သြင္းထားတဲ့ Kirin 710 Chipset ကိုေတာ့ ဟြာေ၀း ကိုယ္တိုင္ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ 6GB RAM ပါတဲ့အတြက္ Multitasking ျပဳလုပ္ဖို႔ ေကာင္းမြန္မွာျဖစ္ပါတယ္။ 3650mAh Battery ထည့္သြင္းထားပါတယ္။

unicode

iPhone အသစ်များဟာ အဟောင်းနဲ့ သိပ်မကွာဘူးလို့ Troll လိုက်တဲ့ Huawei

Apple ရဲ့ iPhone Event ပြီးတာနဲ့ ဟွာဝေးက လှောင်ပြောင်တိုက်ခိုက်လိုက်ပါတယ်။ Huawei က တွစ်တာ အကောင့်မှာ “Thank you for keeping things the same. See you in London. 16.10.18 “ လို့ ရေးသားထားပါတယ်။ iPhone အသစ်များဟာ အဟောင်းနဲ့ သိပ်မကွာဘူးလို့ Troll လိုက်တာ ဖြစ်ပါတယ်။ လန်ဒန်မှာ အောက်တိုဘာလ ၁၆ ရက်နေ့မှာ Mate 20 Series များကို ကြေညာမယ်လို့လည်း ရည်ညွှန်းထားပါတယ်။ ပို့စ်မှာ ဗီဒီယို တစ်ခုလည်း ထည့်သွင်းထားပြီး ဗီဒီယိုမှာ “beyond consistency”, “beyond horizon”, “beyond intelligence” လို့ ရေးသားထားတာက Mate 20 Series များကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

Mate 20 ဟာ ကမ္ဘာ့ ပထမဆုံး 7nm Chipset ဖြစ်တဲ့ Kirin 980 ပါမယ့် ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Mate 20 မှာ ၆.၃ လက်မ AMOLED Screen ထည့်သွင်းထားပြီး တြိဂံပုံသဏ္ဍာန် Notch ပါလာမှာပါ။ အနောက် ကင်မရာ သုံးလုံး ထည့်သွင်းထားနိုင်ပါတယ်။ P20 Pro မှာလို 40MP+20MP+8MP Setup ဖြစ်နိုင်ပါတယ်။ 4200mAh Battery ပါလာမှာပါ။ ကြိုးမဲ့ အားသွင်း စနစ် ထည့်သွင်းထားမှာပါ။ အရှေ့နဲ့ အနောက်ကို ဖန်ဖြင့် ဖုံးအုပ်ထားမှာပါ။

Mate 20 Lite ကိုတော့ မကြာခင်က အွန်လိုင်း စတိုးမှာ စာရင်းတင်ထားတာကို တွေ့ရပါတယ်။ ဂျာမနီ ဝက်ဆိုက်မှာတော့ ယူရို ၄၃၅ သတ်မှတ်ထားပြီး ပို့ဆောင်မယ့် နေ့နဲ့ ဓါတ်ပုံကို မပြသထားပါဘူး။ ပိုလန် ဝက်ဆိုက်မှာ ယူရို ၃၇၀ သတ်မှတ်ထားပြီး စက်တင်ဘာလ ၉ ရက်နေ့မှာ ပို့ဆောင်ပေးမယ်လို့ ဖော်ပြထားပါတယ်။ ပိုလန် ဝက်ဆိုက်မှာ အပြာနဲ့ အနက်ရောင်များကို ပြသထားပါတယ်။

ဝက်ဆိုက်မှာ ဖော်ပြထားချက်အရ Huawei Mate 20 Lite မှာ ကင်မရာ လေးလုံး ပါပါတယ်။ အနောက်နဲ့ အရှေ့ဘက်မှာ နှစ်လုံးစီ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 20MP f/1.8 + 2MP Camera နဲ့ အရှေ့ဘက်မှာ 24MP + 2MP Camera များ ဖြစ်ပါတယ်။

Huawei Mate 20 Lite ရဲ့ မျက်နှာပြင် အရွယ်အစားမှာ ၆.၃ လက်မ ဖြစ်ပါတယ်။ 1080x2340p Resolution ဖြစ်ပြီး IPS LCD အမျိုးအစား ဖြစ်ပါတယ်။ ထည့်သွင်းထားတဲ့ Kirin 710 Chipset ကိုတော့ ဟွာဝေး ကိုယ်တိုင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 6GB RAM ပါတဲ့အတွက် Multitasking ပြုလုပ်ဖို့ ကောင်းမွန်မှာဖြစ်ပါတယ်။ 3650mAh Battery ထည့်သွင်းထားပါတယ်။

Leave a Reply