Huawei Mate 20 မွာပါ၀င္လာမယ့္ feature အခ်ိဳ႕

0
492

Zawgyi version

Huawei က သူ႔ရဲ႕ ေနာက္ထပ္ထြက္မယ့္ flagship ျဖစ္တဲ့ Huawei Mate 20 ကို ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ တရား၀င္ထြက္ရွိမွာပဲ ျဖစ္ပါတယ္။ Huawei ရဲ႕ ၾကီးက်ယ္ခမ္းနားတဲ့ မိ္တ္ဆက္ပြဲၾကီးအတြက္ မီဒီယာသမား ေတြကို ဖိတ္ၾကားထားျပီပဲ ျဖစ္ပါတယ္။ Mate 20 က ၾကီးမားတဲ့ မ်က္နွာျပင္နဲ႔ ထြက္ရွိလာမယ့္ပံုပါပဲ။ အရင္ဖုန္းေတြထက္ ဘက္ထရီပမာဏကိုလဲ တိုးခ်ဲ႕ထားပါတယ္။

Chip ကေတာ့ performance အထူးေကာင္းမြန္တဲ့ Kirin 980 system ကိုအသံုးျပဳထားျပီး သူက 7nm manufacturing process ထဲက တစ္ခုျဖစ္ပါတယ္။ ကင္မရာပိုင္းကိုေတာ့ ေလးေထာင့္ပံုစံ တပ္ဆင္ ေပးထားမွာပါ။ ကင္မရာအေရအတြက္ကေတာ့ Huawei P20 Pro လိုမ်ိဳး ကင္မရာ ၃ လံုးပါ၀င္မွာပါ။ ကင္မရာပိုင္းအတြက္ နည္းပညာပိုျမင့္တဲ့ AI ေတြကို အသံုးျပဳေပးထားမွာ ျဖစ္ပါတယ္။ ကင္မရာအျပင္ တစ္ျခား performance ေတြအတြက္ AI နဲ႔ပဲ အဓိကလုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

Kirin 980 ကိုအသံုးျပဳထားတဲ့အတြက္ performance ပို္င္းကေတာ့ ေျပာစရာမလိုပါဘူး။ CPU performance ကုိလဲ ၂ ဆျမွင့္ထားျပီး graphics chip ကိုလဲ 178% ထိျမွင့္ေပးထားပါတယ္။

Unicode version

Huawei က သူ့ရဲ့ နောက်ထပ်ထွက်မယ့် flagship ဖြစ်တဲ့ Huawei Mate 20 ကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ တရားဝင်ထွက်ရှိမှာပဲ ဖြစ်ပါတယ်။ Huawei ရဲ့ ကြီးကျယ်ခမ်းနားတဲ့ မိတ်ဆက်ပွဲကြီးအတွက် မီဒီယာသမား တွေကို ဖိတ်ကြားထားပြီပဲ ဖြစ်ပါတယ်။
Mate 20 က ကြီးမားတဲ့ မျက်နှာပြင်နဲ့ ထွက်ရှိလာမယ့်ပုံပါပဲ။ အရင်ဖုန်းတွေထက် ဘက်ထရီပမာဏကိုလဲ တိုးချဲ့ထားပါတယ်။
Chip ကတော့ performance အထူးကောင်းမွန်တဲ့ Kirin 980 system ကိုအသုံးပြုထားပြီး သူက 7nm manufacturing process ထဲက တစ်ခုဖြစ်ပါတယ်။ ကင်မရာပိုင်းကိုတော့ လေးထောင့်ပုံစံ တပ်ဆင် ပေးထားမှာပါ။ ကင်မရာအရေအတွက်ကတော့ Huawei P20 Pro လိုမျိုး ကင်မရာ ၃ လုံးပါဝင်မှာပါ။ ကင်မရာပိုင်းအတွက် နည်းပညာပိုမြင့်တဲ့ AI တွေကို အသုံးပြုပေးထားမှာ ဖြစ်ပါတယ်။ ကင်မရာအပြင် တစ်ခြား performance တွေအတွက် AI နဲ့ပဲ အဓိကလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Kirin 980 ကိုအသုံးပြုထားတဲ့အတွက် performance ပိုင်းကတော့ ပြောစရာမလိုပါဘူး။ CPU performance ကိုလဲ ၂ ဆမြှင့်ထားပြီး graphics chip ကိုလဲ 178% ထိမြှင့်ပေးထားပါတယ်။

Leave a Reply