Fan Made iPhone Xr ဗွီဒီယိုလေးထွက်လာ

0
1180

Zawgyi Version



Unicode Version

Apple ဖန်တွေရဲ့ စိုးရိမ်မှုတွေကတော့ မြင့်တက်နေပါတယ်။ ဘယ်လို hardware အသစ်တွေကိုများမိတ်ဆက်မှာလဲ။ လည်ပင်းရှည်နေကြပါပြီ။ ၅.၈လက်မ iPhone Xs နဲ့ 6.5လက်မ iPhone Xs Max အပြင် Apple က ၆.၁လက်မ iPhone Xr လေးကို LCD နဲ့ ဈေးနှုန်းနှိမ့်ပြီးတော့ ကြေညာမှာပါ။ အရောင်ကလည်း ရွေးချယ်စရာများမယ်လို့ ထင်ပါတယ်။

ဒီဇိုင်းပိုင်းကိုသိထားပေမယ့်လည်း ဒီနေ့ညမှ အလုံးစုံသိရမှာပါ။ အခုအချိန်မှာ iPhone Xr လေးအတွက် fanmade trailer လေးကို တွေ့မြင်လိုက်ရပါတယ်။ iPhone X နဲ့ ဒီဇိုင်းတူနေပါတယ်။ အရောင်ရွေးချယ်မှုများပြားပြီးတော့ LCD မျက်နှာပြင်နဲ့ပါ။
ဗွီဒီယိုလေးထဲမှာ ‘Spicy Orange,’ ‘Cobalt Blue,’ နဲ့ ‘Red’ iPhone Xr လေးတွေကိုလည်း တွေ့မြင်ရမှာပါ။
ဗွီဒီယိုလေးကို မ share ခင်မှာ Weibo ပေါ်မှာလည်း SIM tray နဲ့အတူ iPhone Xr / Xc အရောင်လေးတွေအကြောင်း တက်လာခဲ့ပါတယ်။ gold, red, black, silver, နဲ့ blue-gray တို့ကို တွေ့မြင်ခဲ့ရတာပါ။ တင်တဲ့သူကို တိတိကျကျမသိရပေမယ့်လည်း Apple ကတော့ အရောင်တွေများများ မိတ်ဆက်မယ့်ပုံမပေါ်ပါဘူး။
Apple ကတော့ iPhone မော်ဒယ်လ်အသစ်သုံးလုံးကို မိတ်ဆက်တော့မှာပါ။ iPhone Xs, Xs Max နဲ့ Xr တို့အပြင် Apple Watch Series 4 ၊ AirPods ၊ MacBook နဲ့ iPad Pro model အသစ်တွေကိုလည်း မိတ်ဆက်သွားနိုင်ပါတယ်။

Leave a Reply