Apple ရဲ႕ iPhone အသစ္ေတြမွာ headphone adapter ေတြပါမလာႏုိင္

0
985

Zawgyi Version

Lightning to 3.5mm adapter ေလးကိုေတာ့ သက္သက္၀ယ္ရလိမ့္မယ္။
Apple က သင့္ကို ၾကိဳးတပ္နားၾကပ္ေတြ မသံုးေစခ်င္ေတာ့ပါဘူး။ iPhone ေတြမွာ နားၾကပ္ေပါက္ကို ျဖဳတ္လာခဲ့ျပီးေနာက္မွာေတာ့ အခုဆိုရင္ Lightning to 3.5mm adapter ေလးကိုလည္း မႏွစ္ကလို ဘူးထဲမွာ ထည့္မေပးေတာ့ပါဘူး။ ဒီေတာ့ သီခ်င္းနားေထာင္ခ်င္ရင္ Bluetooth headphone ေတြ ၀ယ္ရင္၀ယ္၊ lightning-connector earbud သံုးခ်င္သံုးေတာ့။ ၾကိဳးတပ္နားၾကပ္သံုးခ်င္တယ္ဆုိရင္ ၉ေဒၚလာတန္ headphone dongle ေလးကို အသံုးျပဳရမွာပါ။ ဒါကိုလည္း သက္သက္ျပန္၀ယ္ရမွာပါ။ ဒီေတာ့ အပိုကုန္ဖို႕သာ ျပင္ထားေပေတာ့။

Unicode Version

Lightning to 3.5mm adapter လေးကိုတော့ သက်သက်ဝယ်ရလိမ့်မယ်။
Apple က သင့်ကို ကြိုးတပ်နားကြပ်တွေ မသုံးစေချင်တော့ပါဘူး။ iPhone တွေမှာ နားကြပ်ပေါက်ကို ဖြုတ်လာခဲ့ပြီးနောက်မှာတော့ အခုဆိုရင် Lightning to 3.5mm adapter လေးကိုလည်း မနှစ်ကလို ဘူးထဲမှာ ထည့်မပေးတော့ပါဘူး။ ဒီတော့ သီချင်းနားထောင်ချင်ရင် Bluetooth headphone တွေ ဝယ်ရင်ဝယ်၊ lightning-connector earbud သုံးချင်သုံးတော့။ ကြိုးတပ်နားကြပ်သုံးချင်တယ်ဆိုရင် ၉ဒေါ်လာတန် headphone dongle လေးကို အသုံးပြုရမှာပါ။ ဒါကိုလည်း သက်သက်ပြန်ဝယ်ရမှာပါ။ ဒီတော့ အပိုကုန်ဖို့သာ ပြင်ထားပေတော့။

Leave a Reply