Smartphone Trending
နှစ်ကဒ်ထိုးစနစ်ကျင့်သုံးမယ့် Apple iPhone Xs
Zawgyi Version
Unicode Version
ဟုတ်ပါတယ်။ eSIM တွေကို ထောက်ပံ့ပေးတော့မှာပါ။
Apple ရဲ့ ပွဲအခမ်းအနားမှာ iPhone Xs ကတော့ ပွဲရဲ့အခရာပါပဲ။ မျက်နှာပြင်ပြတ်သားမှု၊ ကင်မရာကောင်းမွန်မှုတွေတင်မကပါဘူး။ သတင်းတွေထွက်နေခဲ့သလိုပါပဲ။ eSIM နည်းပညာကို အသုံးပြုထားမှာပါ။ အရင်တုန်းကတော့ iPad နဲ့ Apple Watch တွေမှာ ရခဲ့တာပါ။ အခုဆိုရင်တော့ စမတ်ဖုန်းတွေမှာလည်း ရနိုင်တော့မှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ နှစ်ကဒ်ထိုးအသုံးပြုနိုင်တော့မှာပါ။
သုံးစွဲသူအတော်များများက နှစ်ကဒ်ထိုးလိုချင်နေတဲ့အကြောင်းရင်းတွေ များပြားစွာ တည်ရှိနေပါတယ်။ အလုပ်သုံး၊ ရုံးသုံး၊ prepaid card တွေသုံးချင်တာမျိုးပေ့ါ။ ခရီးသွားချိန်မှာလည်း ဒေသအလိုက် ပြောင်းသုံးရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ယူအက်စ်နဲ့အခြားနေရာတွေအတွက် edition မှာတော့ eSIM နည်းပညာကိုအသုံးပြုထားမှာဖြစ်ပြီးတော့ physical SIM နဲ့ eSIM ထည့်သွင်းနိုင်မှာပါ။ ဒါပေမယ့် တရုတ်နိုင်ငံအတွက်တော့ eSIM က အဆင်မပြေပါဘူး။ ဒါကြောင့် physical SIM နှစ်ခုနဲ့ ထုတ်ပေးသွားမှာပါ။ တရုတ်ဈေးကွက်ဟာ သူတို့အတွက် အရေးကြီးကြောင်း ပြသလိုက်တာပါပဲ။ တခြားနိုင်ငံတွေမှာတော့ ဒီလိုအခွင့်အရေးမရနိုင်ပါဘူး။
iPhone Xs ကတော့ Dual SIM, Dual Standby feature လေးပါ။ ခေါ်လိုက်တဲ့အချိန်မှာ SIM လေးကို active လုပ်ပေးမှာပါ။ ဒီတော့ သင်ရော တရုတ်အလုံးကိုပဲကိုင်မလား။ US အလုံးကိုကိုင်မလား။ Apple ကတော့ လုပ်ချလိုက်ပါပြီ။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.