ေမာင္းသူမဲ့ ေမာ္ေတာ္ဆိုင္ကယ္ကို ဖန္တီးေနတဲ့ BMW

0
377

ကားကုမၸဏီမ်ား အျပင္ နည္းပညာ ကုမၸဏီမ်ားက ေမာင္းသူမဲ့ ကားနည္းပညာမ်ားကို ဖန္တီးေနၾကပါတယ္။ လက္ရွိကားမ်ားမွာလည္း တစ္၀က္တစ္ပ်က္ ေမာင္းသူမဲ့ နည္းပညာမ်ားကို ထည့္သြင္းေပးထားၾကပါတယ္။ အဲဒီနည္းပညာက အေရးေပၚ ဘရိတ္အုပ္ျခင္း၊ ယာဥ္လမ္းေၾကာင္းတစ္ခုထဲမွာသာ ေမာင္းႏွင္ျခင္းလို အလုပ္မ်ားကို ယာဥ္ေမာင္း အစား ျပဳလုပ္ေပးပါတယ္။ အဲဒီအတြက္ ယာဥ္ေမာင္းရဲ႕ အားနည္းခ်က္ေၾကာင့္ ယာဥ္မေတာ္တဆ ျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးပါတယ္။ ေမာင္းသူမဲ့ ကားမ်ားဟာ ယာဥ္ေမာင္းမ်ားထက္ ပိုမို ေဘးကင္းတယ္ဆိုတဲ့ သုေတသန စစ္တမ္းမ်ားလညး္ ထြက္ေပၚခဲ့ၿပီးပါၿပီ။

အခုေတာ့ ေမာင္းသူမဲ့ ဆိုင္ကယ္ကို စမ္းသပ္ျပသထားတဲ့ ဗီဒီယိုတစ္ခုကို BMW က ျပသလိုက္ပါတယ္။ BMW က လူေတြ ေမာင္းစရာ မလိုဘဲ သက္ေတာင့္သက္သာ ထုိင္စီးႏုိင္မယ့္ အလိုအေလွ်ာက္ ေမာင္းႏွင္တဲ့ ဆိုင္ကယ္ကို ထုတ္လုပ္ေရာင္းခ်မွာ မဟုတ္ပါဘူး။ BMW က ဆိုင္ကယ္ေမာင္းသူကို ကူညီေပးမယ့္ နည္းပညာကို ဖန္တီးမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဒီနည္းပညာက ဆိုင္ကယ္ေမာင္းသူအတြက္ မေတာ္တဆမႈမ်ားကို ေလွ်ာ့ခ်ေပးမွာ ျဖစ္ပါတယ္။

ဗီဒီယိုမွာ ေမာ္ေတာ္ဆိုင္ကယ္ဟာ ေမာင္းသူ မပါဘဲ စမ္းသပ္ ကြင္းမွာ အလိုအေလွ်ာက္ ေမာင္းႏွင္ေနတာကို ျပသထားပါတယ္။ ဆိုင္ကယ္ဟာ လမ္းေကြ႕မ်ားကိုလည္း ေမာင္းႏွင္ႏုိင္တာကို ေတြ႕ရပါတယ္။ အလိုအေလွ်ာက္ ဘရိတ္အုပ္ စနစ္လည္း ပါပါတယ္။ BMW ရဲ႕ ဘီးႏွစ္ဘီးတပ္ ယာဥ္မ်ား ဖန္တီးတဲ့ ဌာန ျဖစ္တဲ့ BMW Motorrad က သူ႔ကို ဖန္တီးထားတာ ျဖစ္ပါတယ္။ BMW Motorrad က ႏွစ္ႏွစ္ေက်ာ္ၾကာ ဒီနည္းပညာကို ဖန္တီးထားတာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါေပမယ့္ ဆိုင္ကယ္မ်ားမွာ ဒီနည္းပညာမ်ား ထည့္သြင္းဖုိ႔ အတြက္ ျပႆနာမ်ား ရွိေနပါတယ္။ ဆိုင္ကယ္မွာ အလိုအေလွ်ာက္ ဘရိတ္အုပ္လိုက္ရင္ ယာဥ္ေမာင္းဟာ အေရွ႕ကို လြင့္ထြက္သြားႏုိင္ပါတယ္။ ကားမွာေတာ့ ဒီျပႆနာ မရွိပါဘူး။ ဒီလို ျပႆနာမ်ားကို BMW က ဆက္လက္ ေျဖရွင္းရဦးမွာ ျဖစ္ပါတယ္။

unicode

မောင်းသူမဲ့ မော်တော်ဆိုင်ကယ်ကို ဖန်တီးနေတဲ့ BMW

ကားကုမ္ပဏီများ အပြင် နည်းပညာ ကုမ္ပဏီများက မောင်းသူမဲ့ ကားနည်းပညာများကို ဖန်တီးနေကြပါတယ်။ လက်ရှိကားများမှာလည်း တစ်ဝက်တစ်ပျက် မောင်းသူမဲ့ နည်းပညာများကို ထည့်သွင်းပေးထားကြပါတယ်။ အဲဒီနည်းပညာက အရေးပေါ် ဘရိတ်အုပ်ခြင်း၊ ယာဉ်လမ်းကြောင်းတစ်ခုထဲမှာသာ မောင်းနှင်ခြင်းလို အလုပ်များကို ယာဉ်မောင်း အစား ပြုလုပ်ပေးပါတယ်။ အဲဒီအတွက် ယာဉ်မောင်းရဲ့ အားနည်းချက်ကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။ မောင်းသူမဲ့ ကားများဟာ ယာဉ်မောင်းများထက် ပိုမို ဘေးကင်းတယ်ဆိုတဲ့ သုတေသန စစ်တမ်းများလည်း ထွက်ပေါ်ခဲ့ပြီးပါပြီ။

အခုတော့ မောင်းသူမဲ့ ဆိုင်ကယ်ကို စမ်းသပ်ပြသထားတဲ့ ဗီဒီယိုတစ်ခုကို BMW က ပြသလိုက်ပါတယ်။ BMW က လူတွေ မောင်းစရာ မလိုဘဲ သက်တောင့်သက်သာ ထိုင်စီးနိုင်မယ့် အလိုအလျှောက် မောင်းနှင်တဲ့ ဆိုင်ကယ်ကို ထုတ်လုပ်ရောင်းချမှာ မဟုတ်ပါဘူး။ BMW က ဆိုင်ကယ်မောင်းသူကို ကူညီပေးမယ့် နည်းပညာကို ဖန်တီးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီနည်းပညာက ဆိုင်ကယ်မောင်းသူအတွက် မတော်တဆမှုများကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

ဗီဒီယိုမှာ မော်တော်ဆိုင်ကယ်ဟာ မောင်းသူ မပါဘဲ စမ်းသပ် ကွင်းမှာ အလိုအလျှောက် မောင်းနှင်နေတာကို ပြသထားပါတယ်။ ဆိုင်ကယ်ဟာ လမ်းကွေ့များကိုလည်း မောင်းနှင်နိုင်တာကို တွေ့ရပါတယ်။ အလိုအလျှောက် ဘရိတ်အုပ် စနစ်လည်း ပါပါတယ်။ BMW ရဲ့ ဘီးနှစ်ဘီးတပ် ယာဉ်များ ဖန်တီးတဲ့ ဌာန ဖြစ်တဲ့ BMW Motorrad က သူ့ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ BMW Motorrad က နှစ်နှစ်ကျော်ကြာ ဒီနည်းပညာကို ဖန်တီးထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဆိုင်ကယ်များမှာ ဒီနည်းပညာများ ထည့်သွင်းဖို့ အတွက် ပြဿနာများ ရှိနေပါတယ်။ ဆိုင်ကယ်မှာ အလိုအလျှောက် ဘရိတ်အုပ်လိုက်ရင် ယာဉ်မောင်းဟာ အရှေ့ကို လွင့်ထွက်သွားနိုင်ပါတယ်။ ကားမှာတော့ ဒီပြဿနာ မရှိပါဘူး။ ဒီလို ပြဿနာများကို BMW က ဆက်လက် ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။

Leave a Reply