Verizon က လာမယ့္လမွာ အေမရိကန္တြင္ 5G ၀န္ေဆာင္မႈကို စတင္မည္

0
692

အေမရိကန္ရဲ႕ ပထမဆံုး 5G Internet ကို Verizon က လာမယ့္လမွာ စတင္ ၀န္ေဆာင္မႈ ေပးေတာ့မွာ ျဖစ္ပါတယ္လို႔ ကုမၸဏီက ေၾကညာလိုက္ပါတယ္။ ေနအိမ္သံုး 5G Broadband Internet ျဖစ္ၿပီး Verizon က သူ႔ရဲ႕ ၀န္ေဆာင္မႈကို 5G Home လို႔ အမည္ေပးထားပါတယ္။ ေအာက္တိုဘာလ ၁ ရက္ေန႔ကစၿပီး Houston, Indianapolis, Los Angeles, Sacramento တို႔မွာ လိုအပ္တဲ့ တပ္ဆင္မႈမ်ားကို ျပဳလုပ္မွာ ျဖစ္ၿပီး တပ္ဆင္မႈမ်ား ၿပီးတာနဲ႔ အဲဒီီ ေဒသမ်ားမွ ေနအိမ္မ်ားမွာ 5G ကို အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္လို႔ ကုမၸဏီက ေၾကညာလိုက္ပါတယ္။

ေစ်းႏႈန္းအေနနဲ႔ လက္ရွိ Verizon Wireless Customers မ်ားအတြက္ တစ္လလွ်င္ ၅၀ ေဒၚလာသာ ေပးေဆာင္ရပါတယ္။ Verizon Customers မဟုတ္သူမ်ားအတြက္ေတာ့တစ္လလွ်င္ ၇၀ ေဒၚလာ က်သင့္မွာ ျဖစ္ပါတယ္။ Verizon က အဲဒီ တည္ေနရာမ်ားမွ အသံုးျပဳလိုသူမ်ားဟာ စက္တင္ဘာလ ၁၃ ရက္ေန႔မွာ စတင္ စာရင္းေပးသြင္းႏုိင္တယ္လို႔ ေျပာပါတယ္။

Verizon က အေစာဆံုး စာရင္းေပးသြင္းသူမ်ားအတြက္ အထူး အစီအစဥ္မ်ား ျပဳလုပ္ေပးထားပါတယ္။ အဲဒီလူမ်ားအား Chromecase or Apple TV 4K တို႔ကို လက္ေဆာင္ေပးမွာ ျဖစ္ပါတယ္။ အခမဲ့ တပ္ဆင္ေၾကးကိုလည္း ရရွိမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သံုးလၾကာ YouTube TV ကို အခမဲ့ ၾကည့္ရႈႏုိင္မွာ ျဖစ္ပါတယ္။

5G ကြန္ယက္မ်ားကို အသံုးျပဳႏုိင္မယ့္ 5G Device မ်ားကိုလည္း ကုမၸဏီမ်ားက အၿပိဳင္အဆိုင္ ထုတ္လုပ္ေရာင္းခ်ဖို႔ ႀကိဳးစားေနၾကပါတယ္။ လာမယ့္ႏွစ္ထုတ္ ဖုန္းမ်ားမွာ 5G ဟာ မပါမျဖစ္ အေရးႀကီးတဲ့ စြမ္းရည္ ျဖစ္လာမွာပါ။ ဟြာေ၀းက ဇြန္လအတြင္းတြင္ ၂၀၁၉ ခုႏွစ္ မတ္လမွာ 5G Chips နဲ ဇြန္လမွာ 5G Phone မ်ားကို မိတ္ဆက္မယ္လို႔ ေျပာပါတယ္။

၂၀၁၈ ခုႏွစ္ဟာ ကုန္ဆံုးေတာ့မွာ ျဖစ္တဲ့အတြက္ အျခား စမတ္ဖုန္း ထုတ္လုပ္သူမ်ားဟာလည္း သူတို႔ရဲ႕ 5G Phone နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္မ်ားကို ေၾကညာေတာ့မယ္လို႔ ထင္ရပါတယ္။ အျခား ကုမၸဏီမ်ားကလည္း ဟြာေ၀းနဲ႔ အခ်ိန္ အတူတူေလာက္မွာပဲ သူတိုု႔ရဲ႕ 5G Phone မ်ားကို ေရာင္းခ်ႏုိင္ပါတယ္။

unicode

Verizon က လာမယ့်လမှာ အမေရိကန်တွင် 5G ဝန်ဆောင်မှုကို စတင်မည်

အမေရိကန်ရဲ့ ပထမဆုံး 5G Internet ကို Verizon က လာမယ့်လမှာ စတင် ဝန်ဆောင်မှု ပေးတော့မှာ ဖြစ်ပါတယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ နေအိမ်သုံး 5G Broadband Internet ဖြစ်ပြီး Verizon က သူ့ရဲ့ ဝန်ဆောင်မှုကို 5G Home လို့ အမည်ပေးထားပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး Houston, Indianapolis, Los Angeles, Sacramento တို့မှာ လိုအပ်တဲ့ တပ်ဆင်မှုများကို ပြုလုပ်မှာ ဖြစ်ပြီး တပ်ဆင်မှုများ ပြီးတာနဲ့ အဲဒီ ဒေသများမှ နေအိမ်များမှာ 5G ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

ဈေးနှုန်းအနေနဲ့ လက်ရှိ Verizon Wireless Customers များအတွက် တစ်လလျှင် ၅၀ ဒေါ်လာသာ ပေးဆောင်ရပါတယ်။ Verizon Customers မဟုတ်သူများအတွက်တော့တစ်လလျှင် ၇၀ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ Verizon က အဲဒီ တည်နေရာများမှ အသုံးပြုလိုသူများဟာ စက်တင်ဘာလ ၁၃ ရက်နေ့မှာ စတင် စာရင်းပေးသွင်းနိုင်တယ်လို့ ပြောပါတယ်။

Verizon က အစောဆုံး စာရင်းပေးသွင်းသူများအတွက် အထူး အစီအစဉ်များ ပြုလုပ်ပေးထားပါတယ်။ အဲဒီလူများအား Chromecase or Apple TV 4K တို့ကို လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အခမဲ့ တပ်ဆင်ကြေးကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးလကြာ YouTube TV ကို အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

5G ကွန်ယက်များကို အသုံးပြုနိုင်မယ့် 5G Device များကိုလည်း ကုမ္ပဏီများက အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချဖို့ ကြိုးစားနေကြပါတယ်။ လာမယ့်နှစ်ထုတ် ဖုန်းများမှာ 5G ဟာ မပါမဖြစ် အရေးကြီးတဲ့ စွမ်းရည် ဖြစ်လာမှာပါ။ ဟွာဝေးက ဇွန်လအတွင်းတွင် ၂၀၁၉ ခုနှစ် မတ်လမှာ 5G Chips နဲ ဇွန်လမှာ 5G Phone များကို မိတ်ဆက်မယ်လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်ဟာ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် အခြား စမတ်ဖုန်း ထုတ်လုပ်သူများဟာလည်း သူတို့ရဲ့ 5G Phone နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ကြေညာတော့မယ်လို့ ထင်ရပါတယ်။ အခြား ကုမ္ပဏီများကလည်း ဟွာဝေးနဲ့ အချိန် အတူတူလောက်မှာပဲ သူတို့ရဲ့ 5G Phone များကို ရောင်းချနိုင်ပါတယ်။

Leave a Reply