
0
282




unicode

Oppo က တရုတ်မှာ F9 ရဲ့ မူကွဲဖုန်း A7x ကို ကြေညာ

Oppo က စွမ်းဆောင်ရည်သင့် F9 ကို ကြေညာထားပါတယ်။ အခုတော့ တရုတ်မှာ သူ့ရဲ့ အွန်လိုင်းစတိုးတွင် A7x ကို စာရင်းတင်ထားပါတယ်။ သူ့ရဲ့ ဒီဇိုင်းနဲ့ Specs အများစုဟာ F9 နဲ့ တူညီကြပါတယ်။ A7x မှာ ၆.၃ လက်မ Full HD Display ထည့်သွင်းထားပြီး LCD အမျိုးအစား ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 19.5:9 ဖြစ်ပြီး Screen-to-body Ratio မှာ ၉၀.၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။

သူ့မှာ Core ၈ လုံးပါတဲ့ MediaTek Helio P60 Chipset မောင်းနှင်ထားပါတယ်။ ဘက်ထရီက 3500mAh ဖြစ်ပါတယ်။ ခရမ်းနဲ့ အပြာရောင်များသာ ထုတ်လုပ်ပေးထားပြီး Sunrise အရောင်တော့ မထုတ်လုပ်ထားပါဘူး။ သူ့မှာ 128GB Storage နဲ့ 4GB RAM ထည့်သွင်းထားပါတယ်။ Oppo F9 မှာ 4GB or 6GB RAM များ ထည့်သွင်းထားပါတယ်။ အမြင့်ဆုံးအနေဖြင့် 64GB Storage ပါပါတယ်။

F9 ရဲ့ 25MP Camera အစား A7x မှာ 16MP F/2.0 Camera ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 16+2MP Rear Camera များ ပါပါတယ်။ ဒါပေမယ့် A7x မှာ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ VOOC နည်းပညာတော့ မပါဘူးလို့ သိရပါတယ်။ အခြား Specs များက F9 နဲ့ တူညီပါတယ်။ တရုတ်မှာ ယွမ် ၂၀၀၀ ဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ဒေါ်လာ အားဖြင့် ၂၉၀ ဝန်းကျင် ကျသင့်ပါတယ်။

Leave a Reply