iPhone အသစ္မ်ားမွာ Dual SIM Slot ပါမည္

0
1269

Apple က မနက္ျဖန္မွာ အိုင္ဖုန္း အသစ္မ်ားကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ သတင္းအခ်က္အလက္မ်ားစြာလည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုလည္း China Mobile ရဲ႕ Facebook Page မွာ မွ်ေ၀ထားတဲ့ ဓါတ္ပံုတစ္ခုအရ မနက္ျဖန္မွာ ေၾကညာမယ့္ အိုင္ဖုန္း အသစ္မ်ားမွာ Dual SIM Slot ပါလာမယ္လို႔ သိရပါတယ္။

တန္ဖိုးႀကီး ေမာ္ဒယ္ႏွစ္ခုရဲ႕ အမည္မ်ားကေတာ့ iPhone XS နဲ႔ iPhone XS Max or iPhone XS Plus တို႔ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။ တန္ဖိုးနည္း ေမာ္ဒယ္ရဲ႕ အမည္ဟာ iPhone XC ျဖစ္မယ္လို႔ သတင္းထြက္လာပါတယ္။

iPhone အသစ္မ်ားရဲ႕ တရုတ္မွာ ေရာင္းခ်မယ့္ ေစ်းႏႈန္းမ်ားလည္း ထြက္ေပၚလာပါတယ္။ iPhone XC ကို ၆၉၉ ေဒၚလာ၊ iPhone XS ကို ၉၀၀ ေဒၚလာနဲ႔ iPhone XS Plus ကို ၁၀၀၀ ေဒၚလာ သတ္မွတ္ထားမယ္လို႔ သိရပါတယ္။ iPhone XC ရဲ႕ ဓါတ္ပံုမ်ားလည္း ထြက္ေပၚလာပါတယ္။ သူ႔အတြက္ အနီ၊ အျဖဴနဲ႔ အျပာေရာင္မ်ား ထုတ္လုပ္ေပးထားတာကို ဓါတ္ပံုမွာ ေတြ႕ရပါတယ္။

တန္ဖိုးႀကီး ေမာ္ဒယ္ႏွစ္ခုရဲ႕ ဓါတ္ပံုမ်ားလည္း ယခင္က ထြက္ေပၚခဲ့ပါတယ္။ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းမ်ားအရ သူတို႔မွာ ထည့္သြင္းထားတဲ့ အစိတ္အပိုင္းမ်ားဟာ တူညီၾကပါတယ္။ အဲဒါေတြကေတာ့ Dual Rear Cameras , Stainless Steel Frames , Glass Back , AMOLED Screen မ်ား ျဖစ္ပါတယ္။ A12 Chipset , 4GB RAM , 64/256/512GB Storage မ်ား ထည့္သြင္းထားၾကမွာလည္း တူညီၾကပါတယ္။ iPhone X မွာ မရရွိခဲ့တဲ့ ေရႊေရာင္ကိုလည္း ထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။

ေနာက္ေမာ္ဒယ္တစ္ခုက တန္ဖိုးနည္း ျဖစ္ၿပီး ၆.၁ လက္မ LCD Display ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ အလူမီနီယမ္ ကိုယ္ထည္ ပါလာမွာပါ။ အေနာက္ကင္မရာ ၁ လံုး နဲ႔ 3GB RAM ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ သူတို႔ကို ေၾကညာေတာ့မယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။

unicode

iPhone အသစ်များမှာ Dual SIM Slot ပါမည်

Apple က မနက်ဖြန်မှာ အိုင်ဖုန်း အသစ်များကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များစွာလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း China Mobile ရဲ့ Facebook Page မှာ မျှဝေထားတဲ့ ဓါတ်ပုံတစ်ခုအရ မနက်ဖြန်မှာ ကြေညာမယ့် အိုင်ဖုန်း အသစ်များမှာ Dual SIM Slot ပါလာမယ်လို့ သိရပါတယ်။

တန်ဖိုးကြီး မော်ဒယ်နှစ်ခုရဲ့ အမည်များကတော့ iPhone XS နဲ့ iPhone XS Max or iPhone XS Plus တို့ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ တန်ဖိုးနည်း မော်ဒယ်ရဲ့ အမည်ဟာ iPhone XC ဖြစ်မယ်လို့ သတင်းထွက်လာပါတယ်။

iPhone အသစ်များရဲ့ တရုတ်မှာ ရောင်းချမယ့် ဈေးနှုန်းများလည်း ထွက်ပေါ်လာပါတယ်။ iPhone XC ကို ၆၉၉ ဒေါ်လာ၊ iPhone XS ကို ၉၀၀ ဒေါ်လာနဲ့ iPhone XS Plus ကို ၁၀၀၀ ဒေါ်လာ သတ်မှတ်ထားမယ်လို့ သိရပါတယ်။ iPhone XC ရဲ့ ဓါတ်ပုံများလည်း ထွက်ပေါ်လာပါတယ်။ သူ့အတွက် အနီ၊ အဖြူနဲ့ အပြာရောင်များ ထုတ်လုပ်ပေးထားတာကို ဓါတ်ပုံမှာ တွေ့ရပါတယ်။

တန်ဖိုးကြီး မော်ဒယ်နှစ်ခုရဲ့ ဓါတ်ပုံများလည်း ယခင်က ထွက်ပေါ်ခဲ့ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ သူတို့မှာ ထည့်သွင်းထားတဲ့ အစိတ်အပိုင်းများဟာ တူညီကြပါတယ်။ အဲဒါတွေကတော့ Dual Rear Cameras , Stainless Steel Frames , Glass Back , AMOLED Screen များ ဖြစ်ပါတယ်။ A12 Chipset , 4GB RAM , 64/256/512GB Storage များ ထည့်သွင်းထားကြမှာလည်း တူညီကြပါတယ်။ iPhone X မှာ မရရှိခဲ့တဲ့ ရွှေရောင်ကိုလည်း ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။

နောက်မော်ဒယ်တစ်ခုက တန်ဖိုးနည်း ဖြစ်ပြီး ၆.၁ လက်မ LCD Display ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အလူမီနီယမ် ကိုယ်ထည် ပါလာမှာပါ။ အနောက်ကင်မရာ ၁ လုံး နဲ့ 3GB RAM ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ သူတို့ကို ကြေညာတော့မယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။

Leave a Reply