Android Pie ရသြားတဲ့ Xiaomi Mi Mix 2S

0
753

Xiaomi Mi Mix 2S ဟာ MIUI 10 ကို ရရွိၿပီးေနာက္ အခုေတာ့ Android Pie Beta ROM ကို ရရွိ်သြားပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္က တရုတ္မွာ ေရွာင္မီရဲ႕ စမတ္ဖုန္းမ်ားမွာ ပထမဆံုး Stable MIUI 10 ROM ကို ရရွိခဲ့ၾကတာ ျဖစ္ပါတယ္။ Update ကို ရရွိသြားသူမ်ားက UI ဟာ မေျပာင္းလဲေပမယ့္ ပိုမို ေခ်ာမြတ္သြားတယ္လို႔ ေျပာပါတယ္။ Camera App ရဲ႕ ျပႆနာကိုလည္း ေျဖရွင္းထားတယ္လို႔ သိရပါတယ္။ Early Adopters မ်ားသာ ရရွိေသးတာ ျဖစ္ၿပီး ေနာက္ပိုင္းက်မွသာ Public အတြက္ ျဖန္႔ခ်ီမွာပါ။

China ROM ၿပီးေနာက္မွာ Global ROM ကို မၾကာခင္မွာ ျဖန္႔ခ်ီေပးမယ္လို႔ ထင္ရပါတယ္။ MIUI 10 ကို ရရွိမယ့္ ေရွာင္မီရဲ႕ စမတ္ဖုန္း စုစုေပါင္းမွာ ၂၈ လံုး ျဖစ္ပါတယ္။ MIUI 10 မွာ Full-screen ေထာက္ပံ့မႈနဲ႔အတူ Driving Mode ကိုထည့္သြင္းေပးလိုက္ပါတယ္။ အေကာင္းဆုံးပါဝင္လာတဲ့ လုပ္ေဆာင္ခ်က္လို႔ သတ္မွတ္ႏုိင္မွာကေတာ့ Dual (သို႔) Single ကင္မရာပါဝင္တဲ့ စမတ္ဖုန္းမခြဲျခားေတာ့ပဲ Portrait Mode ကိုသုံးႏိုင္မွာျဖစ္ပါတယ္။

Recents Menu ကလည္းအသစ္ျဖစ္ေပၚသြားၿပီ ျဖစ္ပါတယ္။ သူ႔ရဲ႕စြမ္းေဆာင္ခ်က္ေတြ အေနနဲ႔ App ေတြကို လိုအပ္သလို ဖြင့္လွစ္ႏိုင္ဖုိ႔ Full-Screen Gestures နဲ႔အတူ က်ယ္ျပန္႔ရွည္လ်ားတဲ့ မ်က္ႏွာျပင္နဲ႔လုိက္ေလ်ာညီေထြျဖစ္ႏုိင္မယ့္ Space ရရွိေအာင္လည္း ျပဳလုပ္ေပးထားပါတယ္။ Recents Menu ထဲကိုဝင္ၿပီး သင့္ပိတ္ခ်င္တဲ့ App ကိုအၾကာၾကီးဖိထားလိုက္တာနဲ႔ App ကုိပိတ္ေပးမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ MIUI 10 မွာ အသံနဲ႔ခိုင္းေစတဲ့စနစ္ပါဝင္လာၿပီး Xiao AI Voice Assistant လို႔နာမည္ေပးထားပါတယ္။ ဒီလုပ္ေဆာင္ခ်က္အတြက္ေတာ့ တရုတ္ဘာသာစကားတစ္ခုနဲ႔သာ စမ္းသပ္ျပသသြားတာကို ေတြ႕ရတာေၾကာင့္ တရုတ္ႏုိင္ငံတြင္းမွာပဲ အသုံးျပဳႏုိင္အုံးမယ္လို႔ ထင္ရပါတယ္။

unicode

Android Pie ရသွားတဲ့ Xiaomi Mi Mix 2S

Xiaomi Mi Mix 2S ဟာ MIUI 10 ကို ရရှိပြီးနောက် အခုတော့ Android Pie Beta ROM ကို ရရျှိသွားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က တရုတ်မှာ ရှောင်မီရဲ့ စမတ်ဖုန်းများမှာ ပထမဆုံး Stable MIUI 10 ROM ကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ Update ကို ရရှိသွားသူများက UI ဟာ မပြောင်းလဲပေမယ့် ပိုမို ချောမွတ်သွားတယ်လို့ ပြောပါတယ်။ Camera App ရဲ့ ပြဿနာကိုလည်း ဖြေရှင်းထားတယ်လို့ သိရပါတယ်။ Early Adopters များသာ ရရှိသေးတာ ဖြစ်ပြီး နောက်ပိုင်းကျမှသာ Public အတွက် ဖြန့်ချီမှာပါ။

China ROM ပြီးနောက်မှာ Global ROM ကို မကြာခင်မှာ ဖြန့်ချီပေးမယ်လို့ ထင်ရပါတယ်။ MIUI 10 ကို ရရှိမယ့် ရှောင်မီရဲ့ စမတ်ဖုန်း စုစုပေါင်းမှာ ၂၈ လုံး ဖြစ်ပါတယ်။ MIUI 10 မှာ Full-screen ထောက်ပံ့မှုနဲ့အတူ Driving Mode ကိုထည့်သွင်းပေးလိုက်ပါတယ်။ အကောင်းဆုံးပါဝင်လာတဲ့ လုပ်ဆောင်ချက်လို့ သတ်မှတ်နိုင်မှာကတော့ Dual (သို့) Single ကင်မရာပါဝင်တဲ့ စမတ်ဖုန်းမခွဲခြားတော့ပဲ Portrait Mode ကိုသုံးနိုင်မှာဖြစ်ပါတယ်။

Recents Menu ကလည်းအသစ်ဖြစ်ပေါ်သွားပြီ ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ချက်တွေ အနေနဲ့ App တွေကို လိုအပ်သလို ဖွင့်လှစ်နိုင်ဖို့ Full-Screen Gestures နဲ့အတူ ကျယ်ပြန့်ရှည်လျားတဲ့ မျက်နှာပြင်နဲ့လိုက်လျောညီထွေဖြစ်နိုင်မယ့် Space ရရှိအောင်လည်း ပြုလုပ်ပေးထားပါတယ်။ Recents Menu ထဲကိုဝင်ပြီး သင့်ပိတ်ချင်တဲ့ App ကိုအကြာကြီးဖိထားလိုက်တာနဲ့ App ကိုပိတ်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် MIUI 10 မှာ အသံနဲ့ခိုင်းစေတဲ့စနစ်ပါဝင်လာပြီး Xiao AI Voice Assistant လို့နာမည်ပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်အတွက်တော့ တရုတ်ဘာသာစကားတစ်ခုနဲ့သာ စမ်းသပ်ပြသသွားတာကို တွေ့ရတာကြောင့် တရုတ်နိုင်ငံတွင်းမှာပဲ အသုံးပြုနိုင်အုံးမယ်လို့ ထင်ရပါတယ်။

Leave a Reply