Samsung Galaxy A6, Tab A 10.5, Galaxy J7(2018) နဲ႔ J3(2018) တို႔ US မွာရရွိနုိင္ေတာ့မည္

0
727

Zawgyi version

Samsung ကေတာ့ Samsung Galaxy A6 (2018), Galaxy J7 (2018), Galaxy J3 (2018) နဲ႔ Galaxy Tab A 10.5 တို႔ကို US မွာ ရရွိေတာ့မယ္ဆိုျပီး ေၾကညာလိုက္ပါျပီ။ Samsung Galaxy A6 (2018) က ၅.၆လက္မ မ်က္နွာျပင္နဲ႔ 720x1480px ရွိျပီး Super AMOLED display ကိုအသံုးျပဳထားပါတယ္။ Exynos 7870 Octa chipset ကိုအသံုးျပဳေပးထားျပီး  4GB RAM ရွိပါတယ္။  ဘက္ထရီကေတာ့ 3.000mAh ရွိျပီးေတာ့ ေနာက္ေက်ာဘက္ ကင္မရာက 16MP f/1.7 နဲ႔ selfie ကင္မရာကေတာ့ 16MP f/1.9 ပဲျဖစ္ပါတယ္။ သူ႔ကိုေတာ့ စက္တင္ဘာ ၁၄ ရက္ေန႔မွာ စတင္ျပီး ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ ေစ်းကေတာ့ $360 နီးပါး ျဖစ္ပါတယ္။

 

ေနာက္တစ္ခုကေတာ့ midrange စီးရီးျဖစ္တဲ့  Galaxy Tab A 10.5 tablet ေလးကေတာ့ မ်က္နွာျပင္က ၁၀.၅လက္မျဖစ္ျပီး 1200x1920px ရွိပါတယ္။ IPS LCD screen ကိုအသံုးျပဳထားျပီး chipset ကလဲ Snapdragon 450 ကိုအသံုးျပဳေပးထားပါတယ္။ 3GB RAM နဲ႔ရွိျပီးေတာ့ ဘက္ထရီကလဲ ေတာင့္ေတာင့္တင္းတင္းနဲ႔ 7300mAh ဆိုေတာ့ ေကာင္းေကာင္းၾကီး အသံုးျပဳနုိင္ပါတယ္။ သူက ေနာက္ေက်ာဘက္ကင္မရာက 8MP f/1.9 ရွိျပီး selfie ကင္မရာကေတာ့  5MP f/2.2 ပဲျဖစ္ပါတယ္။ သူ႔ကိုေတာ့ $330 ၀န္းက်င္နဲ႔ ေရာင္းခ်ေပးမွာပဲ ျဖစ္ပါတယ္။

ေနာက္တစ္ခုကေတာ့ မ်က္နွာျပင္ ၅.၅လက္မရွိတဲ့ Samsung Galaxy J7 (2018) ကေတာ့ 720x1080px display ရွိျပီး ကင္မရာကေတာ့ 13MP ပဲျဖစ္ပါတယ္။ သူ႔ကိုေတာ့ $250 နဲ႔ေရာင္းခ်မွာျဖစ္ပါတယ္။  Galaxy J3 (2018) ကေတာ့ မ်က္နွာျပင္ ၅.၀လက္မရွိျပီး 720x1080px display နဲ႔ထြက္ရွိမွာျဖစ္ပါတယ္။ ေနာက္ေက်ာဘက္ကင္မရာက 8MP ျဖစ္ျပီး selfie ကင္မရာကေတာ့ 5MP ပဲျဖစ္ပါတယ္။ သူ႔ကိုေတာ့ $170 နဲ႔ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

Unicode version

Samsung ကတော့ Samsung Galaxy A6 (2018), Galaxy J7 (2018), Galaxy J3 (2018) နဲ့ Galaxy Tab A 10.5 တို့ကို US မှာ ရရှိတော့မယ်ဆိုပြီး ကြေညာလိုက်ပါပြီ။ Samsung Galaxy A6 (2018) က ၅.၆လက်မ မျက်နှာပြင်နဲ့ 720x1480px ရှိပြီး Super AMOLED display ကိုအသုံးပြုထားပါတယ်။ Exynos 7870 Octa chipset ကိုအသုံးပြုပေးထားပြီး 4GB RAM ရှိပါတယ်။ ဘက်ထရီကတော့ 3.000mAh ရှိပြီးတော့ နောက်ကျောဘက် ကင်မရာက 16MP f/1.7 နဲ့ selfie ကင်မရာကတော့ 16MP f/1.9 ပဲဖြစ်ပါတယ်။ သူ့ကိုတော့ စက်တင်ဘာ ၁၄ ရက်နေ့မှာ စတင်ပြီး ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဈေးကတော့ $360 နီးပါး ဖြစ်ပါတယ်။


နောက်တစ်ခုကတော့ midrange စီးရီးဖြစ်တဲ့ Galaxy Tab A 10.5 tablet လေးကတော့ မျက်နှာပြင်က ၁၀.၅လက်မဖြစ်ပြီး 1200x1920px ရှိပါတယ်။ IPS LCD screen ကိုအသုံးပြုထားပြီး chipset ကလဲ Snapdragon 450 ကိုအသုံးပြုပေးထားပါတယ်။ 3GB RAM နဲ့ရှိပြီးတော့ ဘက်ထရီကလဲ တောင့်တောင့်တင်းတင်းနဲ့ 7300mAh ဆိုတော့ ကောင်းကောင်းကြီး အသုံးပြုနိုင်ပါတယ်။ သူက နောက်ကျောဘက်ကင်မရာက 8MP f/1.9 ရှိပြီး selfie ကင်မရာကတော့ 5MP f/2.2 ပဲဖြစ်ပါတယ်။ သူ့ကိုတော့ $330 ဝန်းကျင်နဲ့ ရောင်းချပေးမှာပဲ ဖြစ်ပါတယ်။


နောက်တစ်ခုကတော့ မျက်နှာပြင် ၅.၅လက်မရှိတဲ့ Samsung Galaxy J7 (2018) ကတော့ 720x1080px display ရှိပြီး ကင်မရာကတော့ 13MP ပဲဖြစ်ပါတယ်။ သူ့ကိုတော့ $250 နဲ့ရောင်းချမှာဖြစ်ပါတယ်။ Galaxy J3 (2018) ကတော့ မျက်နှာပြင် ၅.ဝလက်မရှိပြီး 720x1080px display နဲ့ထွက်ရှိမှာဖြစ်ပါတယ်။ နောက်ကျောဘက်ကင်မရာက 8MP ဖြစ်ပြီး selfie ကင်မရာကတော့ 5MP ပဲဖြစ်ပါတယ်။ သူ့ကိုတော့ $170 နဲ့ရောင်းချပေးမှာ ဖြစ်ပါတယ်။

Leave a Reply