Samsung က မျက်နှာပြင်အောက်လက်ဗွေစနစ်ကို တရုတ်မှာ အရင်ဆုံး မိတ်ဆက်မည်

0
933

Zawgyi version




Unicode version

Samsung က နောက်နှစ်ရဲ့ flagship device မှာ ပထမဦးဆုံး မျက်နှာပြင်အောက်လက်ဗွေစနစ်ကို မိတ်ဆက်မယ်ဆိုပြီး ကောလဟာတွေ ထွက်ရှိနေပါတယ်။ သူကတော့ Galaxy S10 ဖြစ်ဖို့များပါတယ်။
Samsung ရဲ့ အဲ့ဒီနည်းပညာကိုထည့်သွင်းထားတဲ့ စမတ်ဖုန်းကိုတော့ တရုတ်မှာပဲ အရင်ဆုံးမြင်ရမှာ ဖြစ်ပါတယ်။ တကယ်လို့အဲ့ဒီသတင်းက အသေအချာဆိုရင်တော့ Galaxy P1 မှာလဲမြင်ရမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာပြင်အောက်လက်ဗွေစနစ်ကတော့ စတင်တော့မှာ ဖြစ်ပါတယ်။
Samsung က တော့ အဲ့ဒီနည်းပညာကို flagship မှာ စတင်အသုံးပြုခင် mid range စီးရီးဖြစ်တဲ့ Galaxy P1 မှာအရင် စမ်းသပ်မယ်လို့လဲ သတင်းတွေကြားရပါတယ်။ Galaxy P series က Galaxy J series နေရာကို အစားထိုးသွားမယ်လို့လဲ ပြောနေကြပါသေးတယ်။
Samsung ကကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီ နည်းပညာကို တရုတ်မှာ အရင်ဆုံးမိတ်ဆက်မှာက သိပ်အံ့သြစရာတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ တရုတ်မှာလဲ မျက်နှာပြင်အောက်လက်ဗွေ စနစ်သုံးတဲ့ Vivo NEX ရှိပြီးသားမလို့ပါပဲ။

Leave a Reply