Smartphone Trending





unicode

Motorola Moto G7 ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုများ ထွက်ပေါ်လာ

Motorola က G7 စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ G6 Series များကိုတော့ ယခုနှစ် အစောပိုင်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ယခုထွက်ပေါ်လာတဲ့ ဓါတ်ပုံများဟာ G7 ရဲ့ ဓါတ်ပုံ အစစ်များတော့ မဟုတ်ပါဘူး။ G7 ရဲ့ ပေါက်ကြားသတင်းများအပေါ် အခြေခံ၍ 3D ပုံကြမ်းများကို Waqar Khan က ဖန်တီးထားတာ ဖြစ်ပါတယ်။

ဓါတ်ပုံနဲ့ ဗီဒီယိုများဟာ တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ G7 ရဲ့ ဒီဇိုင်း အသေးစိတ်ကို ဓါတ်ပုံနဲ့ ဗီဒီယိုများ မြင်တွေ့ရပါတယ်။ ဓါတ်ပုံများ အရ G7 မျက်နှာပြင်ရဲ့ ဘယ်၊ ညာနဲ့ အထက်မှ ဘောင်များဟာ ပါးလွှာပြီး အောက်ခြေမှ ဘောင်ကတော့ အနည်းငယ် ထူပါတယ်။ ခေတ်စားနေတဲ့ Bezel-less Phone များနဲ့ ယှဉ်ရင်တော့ ဘေးဘောင်အားလုံးဟာ အနည်းငယ် ထူထဲနေတယ်လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းကို အနီးကပ် ပြသထားတဲ့ ဗီဒီယိုကို အောက်မှာ လေ့လာပါ။

အနောက်ဘက်မှာ အလျားလိုက် တပ်ဆင်ထားတဲ့ ကင်မရာ နှစ်လုံး ပါပါတယ်။ သူ့ရဲ့ အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ အနောက်ဘက် ကိုယ်ထည်ကို ဖန်ကွေးဖြင့် ဖုံးအုပ်ထားပါတယ်။ မျက်နှာပြင် အထက်မှာ သေးငယ်တဲ့ Notch ထည့်သွင်းထားပါတယ်။ ဒီဇိုင်း အပိုင်းမှာ ယခင်မျိုးဆက် G6 နဲ့ တူညီပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.