Mac App Store ေပၚမွာ spyware ကို anti-malware tool အျဖစ္တင္ေပးလုိက္မိတဲ့ Apple

0
253

Zawgyi Version

Mac App Store ရဲ႕paid utilities တစ္ခုုကေတာ့ သင့္ရဲ႕ Apple Computer ေလးကို malware ေတြကေန ကာကြယ္ေပးမွာပါ။ Adware Doctor ဆိုတဲ့ app ေလးကေတာ့ ငါးေဒၚလာနဲ႕ေရာင္းခ်ေနတာပါ။ သူဟာ သင့္ရဲ႕ browsing history ေလးေတြကို မွတ္သားထားတဲ့ malicious app ေလးျဖစ္ပါတယ္။
Adware Medic လိုမ်ိဳး app ေတြဟာ သူ႕လိုနာမည္ေလးနဲ႕ဆင္တူေအာင္ေပးထားျပီးေတာ့ Apple ကို အတုအေယာင္ေတြဖယ္ရွားဖို႕အတြက္ တြန္းအားေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း နာမည္ေလးကုိ Adware Doctor လို႕ေျပာင္းလုိက္ျပီးတဲ့ေနာက္မွာေတာ့ Mac App Store မွာ ျပန္တင္ခြင့္ရခဲ့ပါတယ္။
five-star review ေတြကို အတုအေယာင္လုပ္ျပီးေတာ့ တင္ေပးထားခဲ့ပါတယ္။ ဒါေပမယ့္ စံုစမ္းမႈေတြအရ စက္တင္ဘာ၇ရက္ ေသာၾကာေန႕မွာ ျပန္လည္ျဖဳတ္ခ်ေပးခဲ့ပါတယ္။
ဒါ့အျပင္ သင့္ရဲ႕ browsing history ေလးေတြကို တရုတ္ကိုပို႕ေပးေနတဲ့ Adware Doctor ဟာ သင့္ရဲ႕ iTunes search history ေတြ၊ Mac မွာ သြင္းထားတဲ့ app ေတြကိုလည္း သိႏုိင္ပါေသးတယ္။ Mac ကို malware နဲ႕ spyware ေတြကို စစ္ေဆးေပးမယ္ဆိုျပီးလုပ္ထားတဲ့အတြက္ေၾကာင့္ scan ဖတ္ႏုိင္စြမ္းေတြ ရွိသြားပါတယ္။ ပထမဆံုးအၾကိမ္ run ခ်ိန္မွာ universal access ေတာင္းျပီးေတာ့ app အတြင္းက ေဒတာေတြကို ရယူပါတယ္။
MacOS Mojave အသစ္ထြက္ျပီးေတာ့ Adware Doctor လိုမ်ိဳးရန္ကေန ကာကြယ္သြားမယ္လို႕ ေျပာထားပါတယ္။
ဒါေပမယ့္လည္း အခုအခ်ိန္မွာေတာ့ တရုတ္ႏုိင္ငံအတြင္းက ဆာဗာကလညး္ offline ျဖစ္ေနပါျပီ။ ဒါေပမယ့္လည္း ျပန္လည္စတင္ဖို႕အတြက္ေတာ့ အခြင့္အလမ္းရွိေနေသးတယ္လို႕ သိရပါတယ္။
Adware Doctor ၀င္ေရာက္လာမႈကေတာ့ အေတာ္ေလး ရုိက္ခတ္ခဲ့ပါတယ္။ 6,000 positive reviews ရွိတဲ့အတြက္ေၾကာင့္ သံုးစြဲသူေတြက ဘယ္ကေနလာသလဲဆိုတာကို မၾကည့္ေတာ့ပါဘူး။original developer ဆီကေန ဟက္ျပီးေတာ့ extension အတုေလးကို Chrome browser extension မွာ လာထည့္ထားတာနဲ႕ ၾကံဳရတယ္လို႕ သတင္းေတြထြက္လာပါေသးတယ္။ ဒီေတာ့ သံုးစြဲသူေတြက အျခား၀က္ဘ္ဆုိက္နဲ႕ ၀န္ေဆာင္မႈေတြမွာ အသံုးျပဳလုိက္တဲ့ password ေတြကို ရသြားခဲ့ပါတယ္။
Apple အတြက္ fake apps ေတြ ဖယ္ဖို႕ Malwarebytes က အၾကိမ္ေပါင္းမ်ားစြာ လႈပ္ရွားေပးခဲ့ေပမယ့္လည္း အဲဒီလို app ေတြက ဗားရွင္းအသစ္ေတြနဲ႕ ေရာက္လာတတ္တာဆိုေတာ့ မႏုိင္သလိုျဖစ္ေနတာပါ။
Mac App Store ကေတာ့ Apple လိုခ်င္သေလာက္ေတာ့ မလံုျခံဳေတာ့ပါဘူး။

Unicode Version

Mac App Store ရဲ့paid utilities တစ်ခုကတော့ သင့်ရဲ့ Apple Computer လေးကို malware တွေကနေ ကာကွယ်ပေးမှာပါ။ Adware Doctor ဆိုတဲ့ app လေးကတော့ ငါးဒေါ်လာနဲ့ရောင်းချနေတာပါ။ သူဟာ သင့်ရဲ့ browsing history လေးတွေကို မှတ်သားထားတဲ့ malicious app လေးဖြစ်ပါတယ်။
Adware Medic လိုမျိုး app တွေဟာ သူ့လိုနာမည်လေးနဲ့ဆင်တူအောင်ပေးထားပြီးတော့ Apple ကို အတုအယောင်တွေဖယ်ရှားဖို့အတွက် တွန်းအားပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နာမည်လေးကို Adware Doctor လို့ပြောင်းလိုက်ပြီးတဲ့နောက်မှာတော့ Mac App Store မှာ ပြန်တင်ခွင့်ရခဲ့ပါတယ်။
five-star review တွေကို အတုအယောင်လုပ်ပြီးတော့ တင်ပေးထားခဲ့ပါတယ်။ ဒါပေမယ့် စုံစမ်းမှုတွေအရ စက်တင်ဘာ၇ရက် သောကြာနေ့မှာ ပြန်လည်ဖြုတ်ချပေးခဲ့ပါတယ်။
ဒါ့အပြင် သင့်ရဲ့ browsing history လေးတွေကို တရုတ်ကိုပို့ပေးနေတဲ့ Adware Doctor ဟာ သင့်ရဲ့ iTunes search history တွေ၊ Mac မှာ သွင်းထားတဲ့ app တွေကိုလည်း သိနိုင်ပါသေးတယ်။ Mac ကို malware နဲ့ spyware တွေကို စစ်ဆေးပေးမယ်ဆိုပြီးလုပ်ထားတဲ့အတွက်ကြောင့် scan ဖတ်နိုင်စွမ်းတွေ ရှိသွားပါတယ်။ ပထမဆုံးအကြိမ် run ချိန်မှာ universal access တောင်းပြီးတော့ app အတွင်းက ဒေတာတွေကို ရယူပါတယ်။
MacOS Mojave အသစ်ထွက်ပြီးတော့ Adware Doctor လိုမျိုးရန်ကနေ ကာကွယ်သွားမယ်လို့ ပြောထားပါတယ်။
ဒါပေမယ့်လည်း အခုအချိန်မှာတော့ တရုတ်နိုင်ငံအတွင်းက ဆာဗာကလည်း offline ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း ပြန်လည်စတင်ဖို့အတွက်တော့ အခွင့်အလမ်းရှိနေသေးတယ်လို့ သိရပါတယ်။
Adware Doctor ဝင်ရောက်လာမှုကတော့ အတော်လေး ရိုက်ခတ်ခဲ့ပါတယ်။ 6,000 positive reviews ရှိတဲ့အတွက်ကြောင့် သုံးစွဲသူတွေက ဘယ်ကနေလာသလဲဆိုတာကို မကြည့်တော့ပါဘူး။original developer ဆီကနေ ဟက်ပြီးတော့ extension အတုလေးကို Chrome browser extension မှာ လာထည့်ထားတာနဲ့ ကြုံရတယ်လို့ သတင်းတွေထွက်လာပါသေးတယ်။ ဒီတော့ သုံးစွဲသူတွေက အခြားဝက်ဘ်ဆိုက်နဲ့ ဝန်ဆောင်မှုတွေမှာ အသုံးပြုလိုက်တဲ့ password တွေကို ရသွားခဲ့ပါတယ်။
Apple အတွက် fake apps တွေ ဖယ်ဖို့ Malwarebytes က အကြိမ်ပေါင်းများစွာ လှုပ်ရှားပေးခဲ့ပေမယ့်လည်း အဲဒီလို app တွေက ဗားရှင်းအသစ်တွေနဲ့ ရောက်လာတတ်တာဆိုတော့ မနိုင်သလိုဖြစ်နေတာပါ။
Mac App Store ကတော့ Apple လိုချင်သလောက်တော့ မလုံခြုံတော့ပါဘူး။

Leave a Reply