iOS 12 Siri Shortcuts ဟာ iPhone 6, 6 Plus, iPhone 5s ေတြမွာ ေထာက္ပံ့မေပးႏုိင္တဲ့အေၾကာင္းရင္း

0
1184

Zawgyi Version

Apple က iOS 12 ကို ဒီလေနာက္ပိုင္းမွာ ထုတ္ေပးတဲ့အခ်ိန္မွာ သူ႕ရဲ႕ feature တစ္ခုျဖစ္တဲ့ Siri Shortcuts ကေတာ့ လူၾကိဳက္မ်ားမ်ာ က်ိန္းေသပါတယ္။
အဲဒါေလးက iOS ကို သံုးစြဲသူေတြအေနနဲ႕ အဆင့္ေပါင္းမ်ားစြာလုပ္ေဆာင္ရမယ့္အလုပ္ေတြကို အတိုဆံုးနည္းလမ္းနဲ႕ လုပ္ႏုိင္ေအာင္ ျပင္ဆင္ႏုိ္င္မွာပါ။ ဒီေတာ့ အခ်ိန္ကုန္သက္သာတာေပါ့။ iOS 12 ရဲ႕ အပိုင္းတစ္ခုအေနနဲ႕ပါ၀င္ေနတဲ့ shortcuts ေလးေတြကို update သြင္းလုိက္တာနဲ႕ ရႏုိင္မွာပါ။ ဒါေပမယ့္လည္း iPhone 6 နဲ႕ iPhone 6 Plus သံုးစြဲသူေတြကေတာ့ ကံမေကာင္းခဲ့ပါဘူး။


Redditor တစ္ေယာက္ေတာ့ Apple ရဲ႕ Software Engineering ေခါင္းေဆာင္ဆီကို အဲဒီ feature အေၾကာင္း အီးေမးလ္တစ္ေစာင္ပို႕ခဲ့ပါတယ္။ တံု႕ျပန္မႈကေတာ့ iPhone 6 နဲ႕ iPhone 6 Plus သံုးစြဲသူေတြဟာ Siri Shortcuts အတြက္ လိုအပ္တဲ့ AI smart ေတြကို ကိုင္တြယ္ႏုိ္င္စြမ္းမရွိလို႕ပါတဲ့။ iPhone 5s ကို ေဖာ္ျပမထားေပမယ့္လည္း iOS 12 အတြက္ ေဟာ္ငးလြန္းေနတယ္လုိ႕ ဆိုႏုိင္ပါတယ္။
Siri Shortcuts ကေတာ့ မႏွစ္က Apple ၀ယ္လိုက္တဲ့ Workflow app ေပၚမွာ အေျခခံထားတဲ့ Shortcuts app အသစ္ေလးျဖစ္ပါတယ္။ Shortcuts app ကေတာ့ iOS 12 အေနနဲ႕ရႏုိင္မွာမဟုတ္ပါဘူး။ သက္သက္ေဒါင္းလုတ္ဆြဲရမွာပါ။ iOS 12 beta program သံုးေနခ်ိန္မွာေတာ့ Testflight ကေန ေဒါင္းလုတ္ဆြဲလို႕ရပါတယ္။
iOS 12 ကိုေတာ့ 2018 iPhone ေတြမေရာင္းခင္မွာ ထုတ္ေပးလိမ့္မယ္လို႕ေတာ့ တြက္ထားပါတယ္။

Unicode Version

Apple က iOS 12 ကို ဒီလနောက်ပိုင်းမှာ ထုတ်ပေးတဲ့အချိန်မှာ သူ့ရဲ့ feature တစ်ခုဖြစ်တဲ့ Siri Shortcuts ကတော့ လူကြိုက်များမျာ ကျိန်းသေပါတယ်။
အဲဒါလေးက iOS ကို သုံးစွဲသူတွေအနေနဲ့ အဆင့်ပေါင်းများစွာလုပ်ဆောင်ရမယ့်အလုပ်တွေကို အတိုဆုံးနည်းလမ်းနဲ့ လုပ်နိုင်အောင် ပြင်ဆင်နိုင်မှာပါ။ ဒီတော့ အချိန်ကုန်သက်သာတာပေါ့။ iOS 12 ရဲ့ အပိုင်းတစ်ခုအနေနဲ့ပါဝင်နေတဲ့ shortcuts လေးတွေကို update သွင်းလိုက်တာနဲ့ ရနိုင်မှာပါ။ ဒါပေမယ့်လည်း iPhone 6 နဲ့ iPhone 6 Plus သုံးစွဲသူတွေကတော့ ကံမကောင်းခဲ့ပါဘူး။


Redditor တစ်ယောက်တော့ Apple ရဲ့ Software Engineering ခေါင်းဆောင်ဆီကို အဲဒီ feature အကြောင်း အီးမေးလ်တစ်စောင်ပို့ခဲ့ပါတယ်။ တုံ့ပြန်မှုကတော့ iPhone 6 နဲ့ iPhone 6 Plus သုံးစွဲသူတွေဟာ Siri Shortcuts အတွက် လိုအပ်တဲ့ AI smart တွေကို ကိုင်တွယ်နိုင်စွမ်းမရှိလို့ပါတဲ့။ iPhone 5s ကို ဖော်ပြမထားပေမယ့်လည်း iOS 12 အတွက် ဟော်ငးလွန်းနေတယ်လို့ ဆိုနိုင်ပါတယ်။
Siri Shortcuts ကတော့ မနှစ်က Apple ဝယ်လိုက်တဲ့ Workflow app ပေါ်မှာ အခြေခံထားတဲ့ Shortcuts app အသစ်လေးဖြစ်ပါတယ်။ Shortcuts app ကတော့ iOS 12 အနေနဲ့ရနိုင်မှာမဟုတ်ပါဘူး။ သက်သက်ဒေါင်းလုတ်ဆွဲရမှာပါ။ iOS 12 beta program သုံးနေချိန်မှာတော့ Testflight ကနေ ဒေါင်းလုတ်ဆွဲလို့ရပါတယ်။
iOS 12 ကိုတော့ 2018 iPhone တွေမရောင်းခင်မှာ ထုတ်ပေးလိမ့်မယ်လို့တော့ တွက်ထားပါတယ်။

Leave a Reply